လှပသော Grammar ဟိုက်ကူ ကဗျာများ


Grammar အခြေခံသည့် ဟိုက်ကူကဗျာများကို Top English မဂ္ဂဇင်းတွင် ဆရာLawrence က မိတ်ဆက်တင်ပြမှုကြောင့် ဦးစွာ ကျွန်မ ဟိုက်ကူကဗျာများကို စိတ်ဝင်စားမိခဲ့ပါသည်။ Top magazine တွင် ဟိုက်ကူကဗျာများကို ပြိုင်ပွဲပြုလုပ်ခဲ့ပြီး ဆုရရှိတဲ့ ဟိုက်ကူကဗျာများကို ထပ်မံဖတ်ရူ့ ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့ ဆုရ ဟိုက်ကူကဗျာ သုံးပုဒ်မှာ သဘာဝတရားကိုဖော်ကျူးထားတဲ့ အလှတရားများအပြင် သာမန် ရေးဖွဲ့ ထားခြင်းမဟုတ်ဘဲ အတွေးအခေါ်ပိုင်းဆိုင်ရာ ကိုပါ ဖော်ကျူးထားသည်ကို နက်နက်နဲနဲ ခံစားမိပါသည်။

ဆုရဟိုက်ကူကဗျာများ (Haiku- First Rhythm)

ပထမဆုရ ဟိုက်ကူကဗျာ -” မြင့်နိုင်”


Sea gulls

Skipping skilfully

Beautiful

Among the waves

Peaceful





ရေးစပ်သူ၏ ရှင်းလင်းချက် ။       ။ အထက်ပါ ဟိုက်ကူသည် ပင်လယ်ရေလှိုင်းများ ကြားတွင် စင်ရော်ငှက်များသည် ၀ဲပျံနေကြပုံကို သရုပ်ဖော်ထားပါသည်။ ပင်လယ်စင်ရော်ငှက်များသည် ပင်လယ်ရေလွှာဖြူဖြူလှိုင်းများကြားတွင် ကျွမ်းကျင်စွာလှုပ်ရှားပျံသန်းနေကြသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းပါသည်။ ပင်လယ်ပြင်တွင် စင်ရော်ငှက်များ ပျံဝဲလျက်ရှိသည်မှာ ငြိမ်းချမ်းသောသရုပ်ကို လှပစွာဖော်ကျူးနေပါသည်။


ဆရာတို့ အမြင်နှင့်သုံးသပ်ချက်။       ။ စင်ရော်ငှက်ကလေးများ လွတ်လပ်စွာ မြူးတူးပျံဝဲနေပုံကို အပြစ်ကင်းသည့် ကလေးငယ်များ လွတ်လပ်စွာ ဆော့ကစားနေသည်ဟု ပြေးမြင်မိပါသည်။ ငှက်ကလေးက လှိုင်းလုံးကြီးများ၏ အတက်အကျကို ကြောက်ရမှန်းမသိ၊ ရွံရမှန်းမသိ၊ကြည်နူးစွာ ပျံသန်းဆော့ကစားနေကြပုံမှာ လောကဓံတရား၏ အတက်အကျကို လူးလှိမ့်ခံနေရရှာသည့် မိဘတို့ ၏ဒုက္ခကို ဘာမှနားမလည်သေးသည့် ကလေးငယ်များသည် ၄င်းတို့ ၏ မိဘရင်ခွင်ကြား တိုးဝှေ့ ဝင်ကာ ဆော့ကစားနေပုံနှင့် အလွန်တူကြောင်း အဓိပ္ပာယ်ကောက်နိုင်ပါသည်။

********************************************************************************

ဒုတိယဆုရ ဟိုက်ကူကဗျာ – “ Chan Nyein Zaw “


Rose

Blushing beautiful

Softy

With her thorns

Lovely

ရေးစပ်သူ၏ရှင်းလင်းချက်။     ။ နှင်းဆီပွင့်ကလေးသည် လှပစွာ ရှက်သွေးဖြာနေသည်။ ၄င်းသည် ၄င်း၏ဆူးနှင့်အတူ မာနကြီးသော်လည်း ချစ်စရာတော့ကောင်းပါသည်။


ဆရာတို့ အမြင်နှင့်သုံးသပ်ချက်။       ။ လှပသော မိန်းမပျိုလေးတစ်ဦးကို နှင်းဆီပန်းနှင့် ခိုင်းနှိုင်းတင်စားထားသည်ဟု မြင်ပါသည်။ သူမမှာ မည်မျှပင် အကျည်းတန်သော အချင်းအရာများရှိနေစေကာမူ လှပသော အင်္ဂါရပ်များ၏ လွှမ်းမိုးထားမှုကြောင့် အပြစ်အနာအဆာများကို မမြင်ကြ။ လောက၌ အလှကို မက်မောပါက ၄င်းနှင့် ဆက်နွယ်နေသည့် အဆိုးအပြစ်များကိုပါ မျက်စိမှိတ် လက်ခံနေသည်မှာ လူ့ သဘောသဘာဝပင်ဖြစ်သည်ကို ဖော်ကျူးထားကြောင်း အဓိပ္ပာယ်ကောက်နိုင်ပါသည်။
********************************************************************************

တတိယဆုရဟိုက်ကူကဗျာ- ” ဆွေဆွေမြတ်”


Waves

Running happily

Silvery

Towards the beach

Temporary

ရေးစပ်သူ၏ ရှင်းလင်းချက်။       ။  ကမ်းစပ်ဆီသို့ ပျော်ရွှင်စွာ အပြေးကလေး ရောက်ရှိလာတက်သော ငွေရောင်တောက်ပနေသည့် လှိုင်းကလေးများ၏ မတည်မြဲဘဲ ပြန်လည်ပျောက်ကွယ်တက်ပုံကို ဖော်ပြထားခြင်းဖြစ်ပါသည်။


ဆရာတို့ အမြင်နှင့်သုံးသပ်ချက်။       ။  မာန်မာနကို လှိုင်းများနှင့်တင်စားထားသော ဟိုက်ကူဟု မြင်ပါသည်။ မာနထောင်လွှားခြင်းသည် အဓွန့် မရှည်။ ကမ်းစပ်ကို ထိတွေ့ သော လှိုင်းများကဲသို့  ကမ်းကိုရောက်ပြီး ပျောက်ကွယ်ရစမြဲ။

********************************************************************************
ဆုရကဗျာသုံးပုဒ် မှာ ကျွန်မအကြိုက်ဆုံးဟိုက်ကူကဗျာလေးကတော့ ဒုတိယဆုရတဲ့  နှင်းဆီ ကဗျာလေးဖြစ်ပါတယ်။ ကဗျာအားလုံး သူ့ အဓိပ္ပာယ်နဲ့ သူ အတော်လေးလှပါတယ်။  အင်္ဂလိပ်ဘာသာဖြင့်ရေးဖွဲ့ ထားပြီး မြန်မာလို ရှင်းလင်းချက်များဖြင့် ဆုရကဗျာများကို ဆရာများ၏အမြင်နှင့်သုံးသပ်ချက်များဖြင့် ဖတ်ရသည်မှာ ဟိုက်ကူကဗျာအပေါ် ချစ်ခင်စိတ်ပိုမိုဖြစ်ပေါ်လာ၍ ကဗျာနှင့်လိုက်ဖတ်သောပုံများကို စိတ်ကြိုက်ရွေးချယ်၍ ရေးတင်လိုက်မိပါသည်။

(ယောနိသော မနာသီကာရ)
လေးစားလျှက်
မြလေးသျှင်

References from :  Top english magazine (June 1995- Vol(3).No.6) ,
Photos from Internet

About these ads

5 comments on “လှပသော Grammar ဟိုက်ကူ ကဗျာများ

  1. အမရေ..top english ကို အွန်လိုင်းမှာ ဖတ်လို့ ရပြီလားခင်ဗျာ။ ရမယ်ဆိုရင် ကျေးဇူးပြုပြီး လမ်းညွန်ပေးစေလိုပါတယ်။ ကျေးဇူးတင်စွာဖြင့်..
ူleo

    • Le၀ ရေ Top english ကို အွန်လိုင်းမှာတော့ မတင်သေးဘူးထင်တယ်။ အမလည်း
      မတွေ့ ဘူး။ ဆရာမိုးမြင့်မောင်ကို တွေ့ ရင် မေးပေးမယ်နော်…Online မှာ တင်အောင်လေ။ :)

  2. ကျေးဇူးပါအစ်မ။ အစ်မ ပို့စ်လေးတွေကို စောင့်နေတာ။ ဟိုက်ကူ အကြောင်းဖတ်ချင်လို့

  3. ဟုတ်
    မအားလို့ ဘလော့ခ်မ၀င်ဖြစ်တာကြာပြီလေ
    အလုပ် ထွက်လုပ်နေလို့ ပါ ဖတ်သွားတယ်နော် မီးလေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s