ဂီတနဲ့ ခံစားမှုကို အကောင်းဆုံး တင်ဆက်ထားတဲ့ ကြည့်လို့ ကောင်းတဲ့ ဗီဒီယိုလေး.
ဒီဇာတ်လမ်းထဲမှာ ဆွံ့ အနားမကြားတဲ့ကောင်မလေးတစ်ယောက်ဟာ ဂီတကို မြတ်နိုးပါတယ်။
လမ်းဘေးအဘိုးကြီးတယောတီးတာကို ကြည့်ပြီး တယောတီးတက်ချင်ပေမယ့် သူ့ ဘ၀မပြည့်စုံတာကြောင့် ၀မ်းနည်းနေတဲ့ကြားထဲမှာ သူ့ အတန်းဖော်သူငယ်ချင်းဟာ အစစအရာရာ ပြည့်စုံတဲ့သူဖြစ်ပေမယ့် ကောင်မလေးအပေါ် အနိုင်ကျင့်ပါတယ်။
ကောင်မလေးဟာ လမ်းဘေးမှာတယောတီးနေတဲ့ အဘိုးကြီးနဲ့ ထပ်တွေ့ တဲ့အခါမှာ အဘိုးကြီးဟာ ကောင်မလေးကို ” တယောတီးတက်ချင်လား”
လို့ လက်ဟန်အမူအရာစကားတွေနဲ့  မေးလိုက်ပါတယ်။
ကောင်မလေးက ” သမီးက…. သူများတွေနဲ့ မတူပါဘူး” ဆိုပြီး ငိုကျွေးဝမ်းနည်းနေတော့
တယောတီးတဲ့အဘိုးကြီးက ” ဘာလို့ လဲ…သမီးက သူများတွေနဲ့ တူချင်လို့ လား” မေးတော့ ကောင်မလေးဟာ ခေါင်းညိတ်ပြီး ၀မ်းနည်းနေပါတယ်။
အဲဒီအခါမှာ တယောတီးတဲ့အဘိုးကြီးက
” ဂီတ…… ဆိုတာ မြင်နိုင်တဲ့အရာပါ..
..သမီးမျက်လုံးမှိတ်လိုက်ပါ….သမီးမြင်လာပါလိမ့်မယ်။” ဆိုပြီးသင်ကြားပေးပါတော့တယ်။
မူရင်း ဗီဒီယိုမှာ အင်္ဂလိပ်လို ရေးထားတာက
” Music…is a visible thing………close your eyes………you will see “
ဒီစကားလေးကို အတော် သဘောကျပါတယ်။
ကောင်မလေးဟာ လမ်းဘေးကနေ လေ့ကျင့် သင်ကြားခဲ့ပါတယ်။
သူမကို မနာလိုတဲ့အတန်းဖော်ကတော့ စန္ဒယားလေ့ကျင့်သင်ကြားနေတဲ့သူပေါ့။
တစ်နေ့ မှာတော့ သူမကို မနာလိုတဲ့ အတန်းဖော် ဟာ လမ်းဘေးမှာ အဘိုးအိုနဲ့ ကောင်မလေးတို့ တယောတီးနေကြတာ လူတွေ အားပေးလို့ အောင်မြင်
တာကို ကားပေါ်ကနေ လမ်းတွေ့ လိုက်ပါတယ်။ အဲဒီ့နောက် လူဆိုးတွေခေါ်ပြီး လမ်းဘေးမှာတီးနေတဲ့ အဘိုးနဲ့ ကောင်မလေးကို ရိုက်နှက်နှိပ်စက်ပြီး ကောင်မလေးရဲ့ တယောကို ဖျက်ဆီးခဲ့ပါတယ်။
ဒီလိုနဲ့ စင်မြင့်မှာ ဖျော်ဖြေတဲ့အချိန်မှာ သူမကိုမနာလိုတဲ့ အတန်းဖော်ဟာ စန္ဒယားတီးပြီး ပရိသတ်ရဲ့  လက်ခုပ်သံကို ရအောင်ယူနိုင်ခဲ့ပါတယ်။
နောက်ဆုံး ဖျော်ဖြေမယ့် အလှည့်မှာတော့ စင်ပေါ်ရောက်လာတဲ့ ကောင်မလေးဟာ ဖျက်ဆီးခံထားရတဲ့ တယောကျိုးလေးကို တိတ်တွေနဲ့ ဖာထေးကပ်ပြီး ပရိသတ်ရှေ့ ကို
ရောက်လာပါတယ်။
ကောင်မလေး တယောတီးနေတဲ့အချိန်တွေ သံစဉ်တွေ ဘယ်လောက်လှသလဲဆိုရင် ပိုးတုံးလုံးလေးတောင် လိပ်ပြာအဖြစ်ပြောင်းလဲပြီး သဘာဝတရားကို ဖော်ကျူးတာ အရမ်း လှပါတယ်။ကျွန်မတောင် နားထောင်ရင်း နားထောင်ရင်း ဒီတယောတေးသွားလေးကို အကြိမ်ကြိမ်ရစ်ပြီး ပြန် နားထောင်မိပါတယ်။
နောက်ဆုံးမှာ ကောင်မလေးရဲ့ တယောဂီတသံကြောင့် ပရိသတ်တွေ ရင်သက်ရူမောဖြစ်ပြီး အားပါးတရ လက်ခုပ်တီးပြီး အားပေးခဲ့ပါတော့တယ်။
ဂီတကို ခံစားချက်တွေပေါင်းပြီး တင်ဆက်ထားတဲ့အတွက် ကျွန်မ သူငယ်ချင်းတစ်ယောက်ပို့ လို့ အီးမေးထဲက ရလို့ အကြိမ်ကြိမ် ကြည့်ပြီး ကြိုက်နှစ်သက်လို့ တင်လိုက်တာပါ……
နောက်ဆုံးပြီးသွားတဲ့အချိန်မှာ PANTENE ဆိုတဲ့စာသားကို အောက်မှာယိုးဒယားလိုပါ ထိုးထားပြီး ” You can shine”ဆိုပြီး ခေါင်းလျှော်ရည်ကြော်ငြာကို ရှေ့ မှာ ဘူးတစ်ဘူးမှ မပါပဲ နောက်ဆုံးမှာမှ ရလိုက်တဲ့ ခံစားချက်လေးကို အပြီးသတ် PANTENE စာတမ်းတိုလေးနဲ့ ပဲ ကြော်ငြာသွားတာပါ။ တကယ်ကို ထိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက ကြော်ငြာတွေနဲ့ တော့ အတော် ကွာသွားပါတယ်။
ဂီတနဲ့ ဘ၀ခံစားချက်တွေကို ပရိသတ်ရင်ထဲထိအောင် ပေးနိုင်တဲ့ ကျွန်မခံစားမိတဲ့အထဲမှာ ဒီကြော်ငြာလေးက အရမ်းကို ကောင်းတဲ့ ကြော်ငြာပဲ ဖြစ်ပါတော့တယ်။
ခံစားရတာလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။
ဒီလဒ့်လေးမှာ တင်ထားပါတယ်။
Download here
မြလေးသျှင်
Like this:
Be the first to like this post.