MMG နှစ်နှစ်ပြည့် တွေဆုံပွဲ အမှတ်တရ ပုံရိပ်များ
ဒီနေ့ MMG (၂) နှစ်ပြည့် တွေ့ ဆုံပွဲအခမ်းအနားလေးကို ရန်ကုန် City Star ဟိုတယ်မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
ဒီနှစ်အစီအစဉ်လေးက ထူးခြားပါတယ်…
တိုးတက်မှုတွေများစွာနှင့်ပေါ့…
MMG အဖွဲ့ ဝင်များ
ကဗျာဆရာ ငြိမ်းစိုးဦး၊ ကိုလင်းအောင်ပြည့် ၊ ကိုအလင်းစေတမန် ၊မမေဇူး
MMG မိသားစုဝင်များ စာရေးကောင်းသူများဖြစ်ကြတဲ့ ကိုကြည်နိုင်၊ ကိုရီး၊ ကိုသတိုး တို့ အုပ်စု MMG Admin တစ်ဦးဖြစ်တဲ့ မမေဇူးမှ အမှတ်တရလက်မှတ်ရေးထိုးစဉ် MMG (မြန်မာမာတည်ပလိုင်းအဖွဲ့ ) စတင်တည်ထောင်စဉ်ကတည်းက ပါဝင်သော ဦးဇင်းလေး ဦးဝရသမိ MMG Admin တစ်ဦးဖြစ်သော ကိုလင်းအောင်ပြည့်မှ အဖွဲ့ အတွက် ပြောကြားစဉ် MMG တွေ့ ဆုံပွဲကို မိသားစုနှင့်အတူ အရောက်လှမ်းလာသော ရတနာပုံရွှေမြို့ တော်မှ ကိုမင်းမင်းဇော် (မြန်မာ့ဆေးမြီးတိုများ ကို အစဉ်တစိုက်ရေးသားသူ) MMG အတွက် အားတက်သရောကူညီပေးသော ကိုကြီး (ခ) ကိုရီးမှပြောကြားစဉ်၊
နေကာမျက်မှန်ကို အင်္ကျီမှာတပ်ထားပြီး ငေးနေသူမှာ မာတည်မှ ဆရာကျောင်းဖြစ်ပါသည်။ကိုသစ်ကိုမှ အစီအစဉ်များကို ပြောကြားနေပုံSky Net မှ အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးပါသည်။MMG အက်ဒမင်များကိုလည်း တွေ့ ဆုံမေးမြန်းနေပုံကို တွေ့ ရပါသည်။မဲလိပ်များနှိုက်ပြီး ကံစမ်းမဲလက်ဆောင်များ ပေးဖြစ်ခဲ့သည်။ပရဟိတများအတွက် လက်မနှေးသော မ.မ နှင့်  ဆရာကိုကြည်နိုင် (ကျုံတိုင်းရွာ) တို့ မှ
အမှတ်တရလက်မှတ်များရေးထိုးစဉ်MMG စတင်တည်ထောင်ကတည်းက အားတက်သရောပါဝင်ခဲ့သော ဖိုက်တာနှစ်ယောက်ထဲမှ အပါအ၀င်ဖြစ်သော ( သူတို့ ဂုဏ်ထူးတွေကလည်း များလိုက်တာနော်) ကိုလင်းထက်နှင့် ကိုသစ် ငြိမ်းချမ်းရေးရယူအပြီး ချစ်ချစ်ခင်ခင်MMG အဖွဲ့ ဝင်များMMG လူစွမ်းကောင်းတွေပေါ့..ဘာလို့ လဲဆိုရင် သူတို့ က MMG T shirt တွေ ၀တ်ထားလို့ ပေါ့…ရတနာပုံမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာကျောင်း၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး…… MMG ပုရိသများ (ဦးဇင်းလေးနှစ်ပါးနှင့်အတူ)
Sky Net မှ မမချောများ၊ စာနယ်ဇင်းမှ မမလှလှများ နှင့် တွေ့ ဆုံပွဲတက်ရောက်လာသော MMG အဖွဲ့ ဝင်များMMG တွေ့ ဆုံပွဲမှာ Members အသစ်များကိုလည်း မြင်တွေ့ ခွင့်ရခဲ့ပါသည်။
Multiply မှ မ.မ လည်း နေမကောင်းတဲ့ကြားထဲမှ တက်ရောက်တဲ့အတွက် ကျေးဇူးတင်မိပါသည်။ ဒီရက်ပိုင်းအတွင်းတွင်မှ MMG မှ Admin တစ်ဦးဖြစ်သော ကိုအုန်း နေမကောင်းသဖြင့် ဆေးရုံရောက်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပါ၊
တိုက်တိုက်ဆိုင်ဆိုင် MMG ပရဟိတများကို အားတက်သရော ကူညီပေးသော ဘိတ်သားလေးလည်း ဇနီးမီးဖွားရက်နီးသည့်အပြင် နေမကောင်းသဖြင့် တွေ့ ဆုံပွဲကို မတက်ရောက်နိုင်ခဲ့ပါ။ ထို့ အတူ MMG တစ်လပြည့်၊ တစ်နှစ်ပြည့် ထိ ပွဲတွေဆက်တိုက်လာခဲ့သော မရင်သွေးဦးလည်း နေမကောင်းလို့ မတက်သာလို့ မလာနိုင်ခဲ့ပါ…
ဒါကြောင့် MMG မှ မောင်နှမများအားလုံး ကျန်းမာပါစေကြောင်းလည်း ဒီနေရာလေးကနေ ဆုတောင်းလိုက်ပါတယ်။
Multiply မှ ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မစန္ဒီလည်း တက်ရောက်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။
ဒီဇိုင်နာ နှစ်ယောက်ဖြစ်တဲ့ မချို နဲ့ မသင်းတို့ ကိုလည်း ပွဲတိုင်းမပျက်မကွက်တက်လို့  အားတက်မိပါတယ်။
ရတနာပုံရွှေမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာငြိမ်းစိုးဦး၊ ကိုကြည်နိုင် (ဆရာကျောင်း)၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး……မန္တလေး၊လပွတ္တာ၊ပုသိမ်လာရောက်ကြသော MMG မောင်နှမများ အားလုံးကိုလည်း  တွေ့ ဆုံပွဲအတွက် အထူးကျေးဇူးတင်ပါတယ်။
MMG နှစ်နှစ်ပြည့်မှ တွေ့ ဆုံပွဲလာရောက်ဖြစ်ကြတဲ့ Multiply မှ သူငယ်ချင်းမောင်နှမများအားလုံးကို တွေ့ ဆုံဖြစ်လို့ အထူးဝမ်းသာမိပါတယ်….
MMG ပရဟိတနှင့်  တွေ့ ဆုံပွဲများကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းစွာနှင့် ဦးဆောင်ပေးသော Admin များဖြစ်တဲ့ ကိုလင်းအောင်ပြည့်၊ မမေဇူး၊ ကိုအလင်းစေတမန်(ကိုသူရိန်) ၊ ကိုအုန်းသီး နှင့်
MMG စထောင်ကတည်းက ဦးဆောင်ပါဝင်ခဲ့သော ကိုရီး၊  ကိုလင်းထက်၊
အဝေးတစ်နေရာမှ ကူညီအားဖြည့်ပေးသော မမြတ်မွန်၊ မသော်တာ တို့ ကိုလည်း MMG မှတဆင့် လေးစားဂုဏ်ယူမိကြောင်း ပြောပါရစေနော်…
တက်ရောက်လာကြသော MMG မောင်နှများအားလုံးနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ၊   အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးသော Sky Net ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
MMG အစဉ်တိုးတက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ခင်မင်လေးစားလျှက်
မြလေးသျှင်
ဓာတ်ပုံပြပွဲ ရိုက်ချက်များ
ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံဓာတ်ပုံအသင်း နှစ်ခြောက်ဆယ်ပြည့် ပြပွဲဓာတ်ပုံများ ဖြစ်ပါသည်။
ဒီဓာတ်ပုံတွေက တဆင့်ရိုက်တာဆိုတော့ အမြင်ကို ပ၀ါခြားသလိုတော့ နည်းနည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဓာတ်ပုံရိုက်တာ အရင်ကတည်းက ၀ါသနာပါတာဆိုတော့ ပိုပြီး သဘောကျမိပါသည်။
မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေ ကြိုက်လို့  ထပ်ဆင့်မျှဝေလိုက်ပါသည်။
မြလေးသျှင်
ကာရန်မညီတဲ့ ဓာတ်ပုံများ
ညဘက်အလင်းမဲ့တဲ့အချိန်မှာ ရိုက်လိုက်တဲ့အခါ ဓာတ်ပုံတွေက မထင်မှတ်ပဲ အလင်းတန်းတွေဖြတ်သန်းသွားပါတယ်။
ဒါပေမယ့် မျက်စိထဲမှာတော့ တမူထူးပြီး လှနေတဲ့ပုံတွေဖြစ်သွားပါတယ်။
ပန်းချီဆန်သလိုလိုနဲ့ အလင်းတွေဖြာနေတဲ့ပုံတွေ တွေ့ ရပါတယ်။
ကွာခြားနေတဲ့လ ကဗျာရဲ့  ဓာတ်ပုံမူရင်းပါ
မထင်မှတ်ပဲ ရခဲ့တဲ့အလင်းတန်းတွေဖြတ်သန်းသွားတဲ့ ကွာခြားနေတဲ့လ ဓာတ်ပုံမူရင်းပါ 
လရောင်လွှမ်းတဲ့ နှလုံးသား
ကွာခြားနေတဲ့လကို ရိုက်နေတုန်းမှာ
နှလုံးသားပုံဖြစ်သွားတာပါ။
လူတိုင်းရင်ဘက်ထဲမှာနှလုံးသားရှိတာမြင်ကြပေမယ့် လရောင်ပေါ်က နှလုံးသားကို
လူတိုင်းမြင်ချင်မှလည်း မြင်မှာပါ။
လရောင်ဆန်းတဲ့မေးခွန်း
ကွာခြားနေတဲ့လကို ရိုက်တဲ့အခါ ပုံစံအမျိုးမျိုးထွက်သွားပါတယ်။
ဓာတ်ပုံအတိုင်း ဘာမှမပြင်ပဲ တင်ထားလိုက်တာပါ။
အကယ်၍ များ တစ်ယောက်ယောက်များ မေးခွန်းထုတ်လာရင်တော့ ဒီပုံလေးက အတော်အသုံးဝင်မှာပါ။ လရောင်ဆန်းသွားတဲ့ မေးခွန်းလေးပါ။
ပန်းချီဆန်တဲ့ ဓာတ်ပုံပါ။
ဓာတ်ပုံတွေ အခုပြန်ရှာကြည့်တဲ့အချိန်မှာ တွေ့ လိုက်လို့ တင်လိုက်တာပါ။
ဒီပုံကို ဘယ်မှာရိုက်ထားမှန်း ကိုယ်တိုင်တောင် မမှတ်မိတော့ပါ။ 
လေးစားလျှက်
ယောနိသောမနာသီကာရ
မြလေးသျှင်
လရောင်ကို ဖမ်းစားခြင်း
ပုံလေးကို လရောင်ကို ဖမ်းစားခြင်း လို့ နာမည်ပေးထားပါတယ်။
ပုံကို ဘာမှပြင်ဆင်ထားခြင်းမရှိပဲ သူ့ သဘာဝအတိုင်း တင်ထားပါတယ်။
လရောင်ကို ဖမ်းစားဖို့ ကျွန်မမှာ ခွန်အားမရှိပါ။ ဓာတ်ပုံပညာ အလင်းအမှောင် တွေလည်း နားမလည်ပါ။ သို့ ပေမယ့် ကျွန်မ စိတ်ကူးနဲ့ ရိုက်ကြည့်ချင်တဲ့ ဆန္ဒနဲ့ လရောင်တစ်စုံကို ဖမ်းယူမိပါတော့တယ်။
ပုံ (၁) ဒီပုံလေးကတော့ လရောင်ကို ခံစားကြည့်မိပြီး ရိုက်ထားတာပါ။
ပုံ (၂) ဒီ ဒုတိယပုံလေးကိုတော့ လ နှစ်လုံးထွက်နေလား ထင်အောင် ရိုက်ကြည့်တာပါ။ ဒါပေမယ့် ကျွန်မရိုက်တာ ညံ့သွားလို့ သူ့ နဂိုပုံလေး ထွက်ခါနီးပုံလေးပါ။
ပုံ (၃)  ဒီပုံမှာတော့ လ မဟုတ်တာ ထင်ရှားသွားပါပြီ… ရူ့ ထောင့်အမျိုးမျိုးကနေ ရိုက်ကြည့်လိုက်တာပါ။
ဒီပုံလေးတွေကို 3.1.2010 ရက်နေ့ က ဗိုလ်တစ်ထောင်ဆိပ်ကမ်းဘက်မှာ သူငယ်ချင်းတွေနဲ့ ရောက်တုန်းက ညနေဘက်ရူခင်းအနေနဲ့  ခံစားပြီး ရိုက်ကြည့်တာပါ။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်