ကဗျာမှ သီချင်းသို့  {တိတ်တခိုး}


ကဗျာကနေ သီချင်းဖြစ်သွားတဲ့ သံစဉ်လေးပါ။ မူရင်းကဗျာကိုရေးသူ                        မောင်စိန်ဝင်း(ပုတီးကုန်း)စာသားတွေကလှသလို ခင်မောင်တိုးဆိုတဲ့သီချင်းလေးက လည်းအရမ်းနားထောင်လို့ ကောင်းပါတယ်။ ကဗျာကာရန်ယဉ်ယဉ်လေးကနေ သံစဉ်လှလှလေးတွေပြောင်းလဲ မွေးဖွားခဲ့တာ အနုပညာအချင်းချင်း ပေါင်းစည်းသွားတာလို့ လည်း ထင်မြင်ခံစားမိပါတယ်။ နားဆင်ခံစားကြည့်ပါတယ်နော်..

တိတ်တခိုး(ကဗျာ)

         မောင်စိန်ဝင်း(ပုတီးကုန်း)

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

http://images.mevision.multiply.multiplycontent.com/attachment/0/TdQF8gooCHwAACXDKvM1/Tate%20Ta%20Koe-%20Khin%20Mg%20Toe%20.MP3?key=fileme:journal:42&nmid=446678938
တိတ်တခိုး(သီချင်း)
    သံစဉ်-နိုင်မင်း

ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်
အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ
ဒီလိုရည်စူးပြီး ဖူးပွင့်လို့မဆင်
ခင်ကြိုက်ရင်အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင်ပစ်လိုက်ပေါ့
ဆင်ချင်မှ ဆင်

မဆင်လို့ပဲပစ်ပစ်
မမြင်လို့ပဲ ဖြစ်ဖြစ်
ပင်ယံဟို စိမ်းရွက်ကြား
မွှေးရနံ့ဆင်

မကြင်လို့ပဲ ပစ်ပစ်
မခင်လို့ပဲ ဖြစ်ဖြစ်
ခင်သိရင် တို့ကျေနပ်လို့
ပင်ထက်မှာ ပွင့်သွားဖို့အစဉ်။

သီချင်းလေးကို Download လုပ်ချင်ရင် ဒီနေရာမှာယူပါ။

မြလေးသျှင်

ကိုယ့်ကြောင့်ပျော်ပါစေ သီချင်း


ချစ်သူများနေ့ အတွက် သံစဉ်ချိုချိုနဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ကျွန်မသိပ်ကြိုက်တဲ့ “ကမ္ဘာကျော်တဲ့စိတ်ကူး“သီချင်းကောင်းကောင်းလေးကို ဆိုခဲ့တဲ့ Dorame အဖွဲ့ ရဲ့ စတားအယ်လဘမ်အသစ်ထဲက သံစဉ်အရမ်းလှတဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းကိုနားထောင်ပြီးတဲ့နောက်မှာ သီချင်းစာအုပ်ကို သွားဝယ်ပေမယ့် မရှိသေးလို့ ကိုယ့်ဘာသာကိုယ်ပဲ မှတ်မိသလောက် ရေးတင်လိုက်ပါတယ်။ ဒါကြောင့် သီချင်းစာသားကိုအရမ်းကြိုက်လို့ သီချင်းကိုအကြိမ်ကြိမ်နားထောင်ရင်း စာသားရသလောက် ရေးတင်လိုက်ပါတယ်။

ရင်ခုန်သံတနွေးနွေး
ဆုံဖို့ ကြင်နာသူချိန်းနေ
မင်းထံလာဖို့ လေ မှန်ရှေ့ မှာ အလှတွေပြင်နေ (ရင်ထဲမှာလှိုက်ဖိုခုန်နေ)
မေ့မှာ ကိုယ်သိပ်ကြောက်တယ်…
အချစ်ဆုံးအားငယ်နေမယ်…
ချစ်သူပျော်ဖို့ ကိုယ်ဆုတောင်းရင်းလေ……..

* ငါရှာတဲ့နေ့ ရက်ကလေးမှာကွယ် အရာရာဟာ အေးချမ်းလှပတယ်
ကောင်းကင်ပြာ တိမ်တွေအလယ် …. ငှက်ကလေးဝဲကာရယ်
အလွန်ကြည်နူးစရာ ဒီအချိန်ဝယ်…

****ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ်
သီချင်းလေးများငြီးရင်းလေ သံစဉ်လေးတွေလေမှာလွင့်နေ
သိပ်ချစ်တယ် ရင်မှာ မင်းကိုလေ…

ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ်
အပူအပင်တွေ မေ့ထားတယ် …
ရင်မှာဆုံးဖြတ်ထားတယ် အချစ်လေး မင်းကိုယ့်ကြောင့် ပျော်ပါစေ။***

Download ကို အောက်မှာ တင်ထားပါတယ်။

http://www.4shared.com/file/208896121/49274112/03_Ko_Kg_Pyaw_Par_Say.html

ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ!

မြလေးသျှင်

မော်ဖင်းလို စွဲငြိစေတဲ့ ဟောင်ကောင်မှာ အပိတ်ခံရတဲ့ သီချင်းတစ်ပုဒ်


ဒီနေ့ ညနေ စာဖတ်ရတာ ငြီးငွေ့ လာလို့  စလောင်း သီချင်းလိုင်းက သီချင်းတွေ နားထောင်ကြည့်တော့ American မှာမွေးတဲ့  Taiwan အဆိုတော် Rapper Wilber Pan ရဲ့  007 လို့ ခေါ်တဲ့ Albums အသစ်ထဲက Be with you ဆိုတဲ့ သီချင်းလေးက အရမ်းနားထောင်လို့ ကောင်းပြီး Wilber Pan သရုပ်ဆောင်ပုံက 007 ထဲက ဂျိမ်းစဘွန်းမင်းသားလို မင်းသမီးကို သွားကယ်တင်ရတဲ့ ပုံစံနဲ့ အရမ်းမိုက်တယ်။
နဂိုတည်းက Wilber Pan က ချောပြီးသားဆိုတော့ ကြည့်လို့ တော်တော်ကောင်းတယ်။
သီချင်းကလည်း သူတစ်ယောက်တည်းဆိုတာမဟုတ်ပဲ  Featuring က American R&B singer-songwriter  Akon ကလိုက်ဆိုပေးတာဆိုတော့ ပိုမိုက်တာပေါ့။ သီချင်းကို ကြည့်ပြီး နားထောင်ချင်လို့ 
အင်တာနက်ပေါ် ရှာလိုက်တော့ Channelnews Asia က သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။
သီချင်းစာသားထဲမှာ မော်ဖင်း ပါလို့ တဲ့ “You like morphine, you soothe me” ဆိုတဲ့ စာသားပါလို့ ဘမ်းလိုက်တာတဲ့။ တခြားစာသား “You like more, you soothe me” နဲ့  အစားထိုးပါမည်တဲ့။
ဒါဆို ပြန်ဖွင့်ပေးမည် ထင်တယ်။

ကျွန်မစိတ်ထင်တော့ စာသားတွေက သိပ်မရိုင်းပါဘူး။ သံစဉ်က လှနေလို့ လားမသိ။
အရမ်း နားထောင်လို့ လည်းကောင်းပါတယ်။
အသေးစိတ်ကို မူရင်း ဒီမှာ http://www.channelnewsasia.com/stories/entertainment/view/428968/1/.html မှာဖတ်ကြည့်လို့ ရပါတယ်။

Download လုပ်ရန် ဒီလဒ့်မှာ http://www.mediafire.com/?4xvutmnegxn ယူလို့ ရပါပြီ။

သီချင်းကို ဒီမှာ တင်ထားပါတယ်။  http://troths.multiply.com/music/item/266
နားထောင်ကြည့်လို့ ရပါပြီ။