နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုတာ အပြောတော့လွယ်ပေမယ့် တကယ်တမ်း လုပ်ဆောင်ဖို့  တော်တော်ခက်လှပါတယ် ။ ကျွန်မတို့ နိုင်ငံမှာ Institution လို့ ခေါ်တဲ့ အဖွဲ့ အစည်းနှင့် စည်းမျဉ်းစည်းကမ်းဘောင် အတွင်းသို့ သွတ်သွင်းသည့် လုပ်ငန်းစဉ်များ တော်တော့်ကို အားနည်းနေပါသေးသည်။ အုပ်ချုပ်နေသူအစိုးရက အဖွဲ့ အစည်းများကို တားမြစ်ကန့် သတ်ရာတွင်လည်း စံပြုလောက်တာလည်းပါမည်။
နေရာတိုင်းတွင် ချစ်ခြင်း မုန်းခြင်း ရှိနေသည်။ ထို့ အတူ နိုင်ငံရေးတွင် လည်း ဒီလိုပဲ ကိုယ်မလိုလားတဲ့ အဖွဲ့ အစည်းကလူများပါဝင်လာမည် စိုးသဖြင့် ကန့် သတ်ချက်တွေက များနေသည်။ ဒီလိုပဲ ဆန့် ကျင်ဘက်အဖွဲ့ အစည်း ကလည်း မကျေနပ်ပဲ မူဝါဒအသစ်များ အဖွဲ့ အစည်းအသစ်များမဖွဲ့ စည်းနိုင်ပဲ ဒီလို နဲ့ တ၀ဲလည်လည်ဖြစ်ရသည်။ ဒီလို အားပြိုင်တဲ့အထဲ သွားကြားညပ်သူတွေက ကျွန်မတို့ ပြည်သူတွေသာ မက မြန်မာပြည်ကြီးတစ်ခုလုံးပါ အဆစ်ပါနေသည်။ ဒီတော့ ဒီနိုင်ငံတိုးတက်လည်း စံ ဒီနိုင်ငံ ဆုတ်ယုတ်လည်း ခံရသူတစ်ယောက်အနေနဲ့  သွားကြားညပ်ခံရသူတစ်ယောက်အနေနဲ့  ရေးလိုက်ခြင်းရယ်ပါ-
ကျွန်မတို့ နိုင်ငံမှာ resoures အရင်းအနှီးတွေ များစွာရှိနေပါသည်။ ရှိတော့ရှိနေပါသည်။ တန်းဖိုးမတက်လာတဲ့အတွက် အရှိအဖြစ်မှ မကျော်လွန်နိုင်ပါ- Living Color မဂ္ဂဇင်းထဲမှာမြန်မာကျောင်းသားတစ်ယောက်ရေးတဲ့ စီးပွာရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံများကိုရေးထားသည်မှာ တော်တော်ကောင်းပါသည်။ သူ့ ထဲမှာရေးထားသည်မှာ အရင်းအမြစ်တွေက ဒေါက်တိုင်ကြီးလေးခုသဖွယ်ရှိသည်ဟု စာလှအောင် ပျိုးထားသည်။ ဘာပဲဖြစ်ဖြစ် ဆင်ဆာဖြတ်ရာမှာ အသုံးဝင်ရန် တန်ဆာဆင်ထားသည်တူပါသည်။ ကျန်တဲ့ အချက်များကတော့ အရေးကြီးတဲ့အချက်များအဖြစ် အသုံးဝင်ပါသည်။ တော်တော်လည်းသိသင့်သိထိုက်သည်ဟု ယူဆရပါသည်။ ဒါကြောင့် PDF ဖိုင်ပြောင်းပြီးတင်လိုက်ပါသည်။ ဖက်ချင်သူများ ဒီမှာ ယူကြပါ။
စာတွေနဲ့ ပက်သက်လို့  တစ်ခါက ကျွန်မသူငယ်ချင်းတစ်ယောက်က Business management က စာတွေထဲမှာတော့ တော်တော်လှအောင်ရေးထားမှာပေါ့ ဟုထောက်ပြသည်။ ကျွန်မက ဟုတ်တယ် တော်တော်လှအောင်ရေးထားတဲ့စာတွေကို တော်တော်ကြီး ရူးမတက်ကြည့်ရတယ်ဟု ကျက်ရတာ မဟုတ်တဲ့အတွက် နားလည်အောင် ဦးနှောက်မွှေပြီး ဖက်ရတာ တော်တော်အရသာရှိနေတယ်များ ထင်နေလားမသိ။
ကျွန်မတို့ လေ့လာ သင်ယူနေတဲ့စာတွေက ခရီးတစ်ခုရောက်ဖို့ မြေပုံကောင်းတစ်ချပ် ဆောင် ထား တာနဲ့ တူပါတယ်- မြေပုံကို လေ့လာဖို့  ဒီလောက်အကြာကြီးလိုသလားလို့ ကပ်သီးကပ်သပ်မေးရင် အဲဒီ့ခရီးရောက်ဖို့ ထသွားထလာလောက် မဟုတ်လို့ ပြန်ဖြေရမှာဖြစ်ပြီး သွားနိုင်ရင် ခရီးရောက်နိုင်မယ့် အရာတစ်ခုလို့ သာဖြေချင်ပါတယ်။ တကယ့်လက်တွေ့ မှာတော့ စမ်းတ၀ါးဝါးနဲ့ သွားကြည့်ပြီး ခရီးရောက်တဲ့သူတွေက ဒုနဲ့ ဒေး- သို့ ပေမယ့် မြေပုံထဲကလမ်းတွေကို သိပ်သိမည်မဟုတ်- လမ်းကြောင်းအတိုင်းသိပ်နားလည်မှာမဟုတ်၊ ရောက်နေတဲ့လမ်းကိုသာ သိချင်သိမည်။ မျက်စိလည်မည်။ လမ်းမှားချင်မှားမည်။ အမှားထဲက သင်ခန်းစာယူပြီး ရှေ့ ကို ရောက်အောင်သွားမည်။
နောက်ပြီး လက်တွေ့ မှာ မြေပုံကြီးကိုင်ပြီး ခရီးမထွက်ရသေးသူတွေ တာမထွက်နိုင်သူတွေ ကလည်း ရေမတွက်နိုင်၊ ဘယ်လမ်းသွားရမလဲသိသည် ၊ စာရွက်ကြီးကိုင်ပြီး ကိုယ်တိုင်က မရွေ့ နိုင်သူတွေ (ကျွန်မများပါနေပြီလားမသိ ဟိ)
အကယ်လို့ သာ မြေပုံဆောင်ပြီး သွားချင်တဲ့ ခရီးကို ထွက်ရင် တော်တော်လည်း ခရီးရောက်ပြီး လမ်းလည်း သိပ်မှားမှာ မဟုတ်တော့ လို့ ယူဆလိုက်ရပါသည်။
သျှင်