စာဖက်သော မတူညီသော အတွေးအမြင်


ဒီနေ့ ကျွန်မသင်တန်းအသွား ကားဂိတ်တွင် ဆိုက်ကားသမားတစ်ယောက် သူ့ ဆိုက်ကားပေါ်မှာ စာဖတ်နေတာကို မထင်မှတ်ပဲတွေ့ လိုက်ရပါတယ်။ ထိုလူကြီးဖတ်နေသည်မှာ သာမန် ၀တ္တုစာအုပ်မျှသာ၊ ကျွန်မတွေးနေသည်မှာ သူဖတ်သော စာအုပ်ကိုစိတ်ဝင်စားလို့ မဟုတ်၊ သူဖတ်နေသော စာသည် သာမန် အချစ်ဝတ္တုစာအုပ်ဟု လုံးဝ ခန့် မှန်းလို့ ရသည်။ ကျွန်မတွေးနေသည်မှာ ကျွန်မလည်း ၀တ္တုတွေ ဆယ်ကျော်သက်က ဖတ်ခဲ့သည်။ အခုဖတ်ခိုင်းရင် ကျွန်မ မဖတ်ချင်တော့ ၊ စွဲစွဲလန်းလန်း လမင်းမိုမိုရဲ့ မောင် ၀တ္တုစာအုပ်ကို အခုထက်ထိတော့ ရှာတုန်း၊ Ebook တော့ရှိသည်။ စာအုပ်လိုချင်တာအခုထက်ထိ ၀ယ်မရ။ ဗီဒီယိုဇာတ်ကား အဖြစ်ပြန်ရိုက်ပြီး ကြည့်ရသောအခါ တော်တော်ကောင်းသည်။ သရုပ်ဆောင်ကောင်းသော ရန်အောင်နဲ့ မေသန်းနုကြောင့်သာမဟုတ် နဂို ၀တ္တုစာအုပ်ကိုက တော်တော်ဖတ်လို့ ကောင်းသည်။ အခု ၀တ္တုစာအုပ်ဖတ်နေသော ဆိုက်ကားသမားလူကြီးမှာ ကျွန်မဦးလေးအရွယ်မက ရှိသည်။
ကျွန်မစဉ်းစားမိသည်မှာ စာဖတ်တာတွင်လည်းအဆင့်ရှိသည် ထင်သည်။ ကျွန်မသာ အတန်းအဆင့်ဆင့် အောင်ပြီး ကာတွန်းမှ ၀တ္တုစာအုပ်ပြောင်းချိန်၊ နောက်ဆောင်းပါး တရားစာအုပ် အစရှိသဖြင့် နယ်မှာ စာအုပ်တွေရှားပါးချိန်တုန်းက ဖတ်စရာကုန်တော့ ရှိတဲ့စာအုပ်တွေလျှောက်ဖတ်ရင်းနဲ့ က ဆောင်းပါးတွေ မြန်မာဆေးစာအုပ်တွေပါ လျှောက်ကြည့်ရင်းနဲ့ က စာဖတ်အဆင့်တက်လာသည်လားမပြောတက်၊ တရားစာအုပ်ဆို သိပ်မကိုင်ဖြစ်ပေမယ့် ဓမ္မပဒပုံဝတ္တုတွေကိုတော့ ကြိုက်လို့ ထပ်ခါတလဲလဲဖတ်ရသည်လည်းရှိသည်။ ခရစ်ယန်ကထုတ်တဲ့လူငယ်ပုံဝတ္တုများကလည်း လိမ်မာစေရန် လှလှပပရေးတဲ့အတွက် ဖတ်လို့ ကောင်းပါသည်။ သို့ သော် ဘာသာကိုတော့ ကိုယ့်ဘာသာကို ပိုတန်ဖိုးထားပါသည်။ ဒီလိုပဲလျှောက်ဖတ်နေရင်းက ဆယ်တန်းလောက်တွင် ဖေမြင့်ရဲ့ နှလုံးသားအာဟာရကိုဖတ်ပြီး အတော်ကြိုက်သွားတဲ့အတွက် ဖေမြင့် ခရေဇီပင်ဖြစ်သွားသည်။ နောက် သူ့ စာအုပ်တွေချည်းဝယ်ဖြစ်သွားသည်။ စာအုပ်ဝယ်ရန် မုန့် ဖိုးလေးများပဲ့ ပဲ့ သွားတာလည်း အကြိမ်ကြိမ်၊ ဆိုက်ကားသမားတစ်ယောက်က သူ့ မုန့် ဖိုးအဖြစ် ကွမ်းစားချင်စားမည်၊ ဆေးလိပ်သောက်ချင်သောက်မည်၊ အရက်သောက်ချင် သောက်မည်။ ကျွန်မရသော မုန့် ဖိုးလေးများကတော့ စာအုပ်ဝယ်တာနဲ့ Fancy key chains လေးတွေ ၀ယ်တာနဲ့ ကုန်သည်။ အိမ်မှာ မောင်နှမမရှိလို့ လားမသိ၊ စာအုပ်ကိုပဲ အဖော်လုပ်ဖြစ်သွားသည် ထင်ပါသည်။ စာအုပ်ဖတ်ပေမယ့် academic education မှာတော့ မတော်သည်က
ကျွန်မရဲ့ အားနည်းချက်ဖြစ်နေပါသည်။
စာအုပ်ဈေးတွေသည် မသေးလှ၊ ကုန်ဈေးနှုန်းတက်တိုင်း ခေတ်မနောက်ကျရအောင် စာအုပ်ဈေးကလည်း အပြိုင်လိုက်တက်သည်။ ရန်ကုန်မှာ နယ်မှာတုန်းကလို စာအုပ်ရှားပါးခြင်းပြသာနာ ကင်းဝေးသွားသည်။ စာကြည့်တိုက်တွေလည်း များသည်။ အခု ဖြစ်နေသည်မှာ Information overload ဖြစ်နေသည်။ ဖတ်ရမယ့် စာအုပ်တွေကများနေသည်။ လူက မဖတ်နိုင်တော့၊ မနိုင်ဝန်ထမ်းသည်လား တော့မဟုတ် သိချင်တာတွေ ဖက်ချင်တာတွေများနေသည်။ ABE နဲ့ ပက်သက်တဲ့ စာအုပ်တွေက လည်းများသည်။ တစ်မျက်နှာဖတ်ပြီး တစ်နာရီထိုင်စဉ်းစားလိုက်တာတွေရှိသည်။ Learning လုပ်ဖို့ တော်တော်လိုပါသည်။ တခါတလေ အဲသည့်English စာတွေမကြည့်ချင်ရင် မြန်မာစာအုပ်တွေကောက်ဖတ် နဲ့ သံသရာလည်တော့သည်။ စာတွေကြောင့် အတွေးအမြင်ပြောင်းသော လူသားတစ်ယောက် ကျွန်မဖြစ်ချင်ပါသည်။ ဆိုက်ကားသမားလို အတွေးအခေါ်မျိုးလူတိုင်းနီးပါး ကလေးလောက်ကလည်း
တွေးနိုင်သည်၊ပြောနိုင်သည်။ ထိုထက်အရေးကြီးသည်မှာ ဆိုက်ကားသမားကို နိမ့်ချချင်လို့ မဟုတ်၊ ကျွန်မတို့ အခြေအနေတွေက ဆိုက်ကားသမားထက်သာလွန်တဲ့အခြေအနေ တွေ ဆိုရင် ဆိုက်ကားသမားတွေးတဲ့ ဦးနှောက်လောက်နဲ့ တွေးရင် ပြောရင် သူနဲ့ Level တူသာ ဖြစ်နေပေလိမ့်မည်။
ဒီနေ့  တွေ့ ရသော ၀တ္တုစာအုပ်ဖက်နေတဲ့ ဆိုက်ကားသမားဦးလေးကြီးကို Globalization အကြောင်းပြောရင် The world is flat ဆိုပြီး ကမ္ဘာပြားပြီ စာအုပ်အကြောင်းဆွေးနွေးရင် သိပ္ပံစာအုပ်လားမေးရင် ကျွန်မဖြေတက်တော့မည်မဟုတ်ပါ။
ဒီနေ့ ကျွန်မတို့ ဆရာ ကျော်ဝင်း က အဲ ဒီ့လိုမျိုး ဆိုက်ကားသမားမဟုတ်တဲ့ လူကြီးကြီး(အကောင်ကြီးကြီး) တစ်ယောက်က ဆရာအမျိုးသားစာပေဆုရတဲ့ စာအုပ်က သိပ္ပံစာအုပ်လားမေးသွားပုံကို ကြည့်ပြီး ကျွန်မတို့ တွေ ရီချင်သွားလို့ ပါ။ သေချာဖြင့်မဖတ်ဘဲ၊ ဆရာ့က မဖြေချင်လို့ လွဲပြောတဲ့အခါ ခင်ဗျားကိုယ်ရေးထားတာတောင် ဘာမှန်းမသိဘူးလားဟု ဟောက်စားလုပ်သွားပါတယ်တဲ့။ တကယ်တမ်း မဖတ်ဖြစ်ရင်တောင်မှ ကိုယ်မသိဘဲနဲ့ ဟောက်စားလုပ်ရင် ဘယ်သူပဲအရှက်ရစေမလဲဆိုတာ ထိုလူကြီးမသိလို့ ပဲနေမှာပါ။ ကျွန်မ ထိုလူကြီးအသက်အရွယ်မျိုးတွေ မရောက်ခင် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ လေ့လာရင်း……

သျှင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s