ကမ္ဘာမြေအတွက် Earth Day April 22


                      
                            ဒီနေ့ Google ကို ဖွင့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း စိမ်းလန်းတဲ့သစ်တောလေးနဲ့ ရေမြေတောတောင် သဘာဝရုပ်ပုံလေးတွေ့ လိုက်ရသည်။ စိတ်ထဲမှာ ဒီပုံလေးက တော်တော်ချစ်စရာကောင်းသည်။ဆက်ရှာကြည့်တော့ ကမ္ဘာမြေအတွက် Earth Day April 22 ဟု ရေးထားသည်။ပြီးခဲ့တဲ့မတ် 28 ကလည်း Earth Hour လုပ်ခဲ့ကြသေးသည်။ ကမ္ဘာတစ်ဝန်းလုံးက Earth Hour နေ့ မှာ တစ်နာရီကြာ မီးပိတ်ပြီး ရာသီဥတု ပြောင်းလဲမှုအပေါ်
ဆောင်ရွက်မှုကို ထောက်ခံအားပေးခဲ့ကြသည်။ ခေတ်လူငယ်မှာ အဲ့ဒီသတင်းကို ဒီမှာ http://www.khitlunge.org.mm/news/news_detail.aspx?info_id=13912
အခုမှ ဖတ်လိုက်ရတယ် ။ ကျွန်မတို့ ဆီမှာ အထူးမီးပိတ်ပြီး ဆုတောင်းနေစရာမလို ။ နေ့ တိုင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး အမှောင်ချနေရသည်။ တစ်ခုစဉ်းစားမိသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့သူများက ကျွန်မတို့ မြန်မာပြည်ကို လျှပ်စစ်မီး ချွေတာဆုံးဆုကို ဘာလို့ လာမပေးတာလဲဟု။

                           ဒီနေ့  Earth Day April 22 သည်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းဖို့ ရန် အသိပေး လှုံဆော်ပြီး တန်ဖိုးထားတက်ရန် နေ့ တစ်နေ့ အဖြစ်သက်မှတ်ထားလေသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းဖို့ အတွက် Green  Issues များက ကျွန်မတို့ စီးပွားရေးဆိုင်ရာ စာအုပ်များမှာ နောက်ပိုင်းမပါမဖြစ် ဖြစ်လာလေသည်။
                           ဟိုးတစ်လောက ကျွန်မအမှိုက်ပုံး လိုက်ရှာနေတဲ့အကြောင်းရေးတော့ အစ်ကိုတိုးက သူတို့ နိုင်ငံမှာ အမှိုက်ကို ရှစ်မျိုးခွဲထားကြောင်း ဗဟုသုတဖြစ်စရာ ရှုင်းပြသွားပါတယ်။ ဒါလည်း Environment ကို ထိန်းသိမ်းဖို့ အတွက် Recycle လုပ်ရန်အတွက် ကိစ္စတွေလွယ်အောင်လို့ ပါ။
                            Environment ကို ထိန်းသိမ်းဖို့  တစ်ချို့ ကလည်း R ကိစ္စတွေပြောသည်။ R တွေက ချဲ့ ရင် ချဲ့ သလို အတော်များသည်။ တစ်ချို့ ကလည်း 5 R  , 6 R စသည့်ဖြင့်။
                            Reuse (ပြန်သုံး) , Refuse ( မလိုရင် ငြင်းပယ်) ,Restore (ထပ်သိမ်းထား), ( Recycle – အသစ်ပြန်လုပ်) ,Reduce ( လျှော့ ချရန် ), Repair (ပြင်လို့ ရ)……….The best way to deal with waste is to Refuse, Reduce, Reuse, Recycle, Recap, Reclaim, Revive, Recover, Recreate, Repair, Recharge, Reform, Rethink, Rebuild…………. ရေးထားလိုက်တာအများကြီးပင်။
                           
                            ပြီးခဲ့တဲ့ ဆူနာမီ နာဂစ်မုန်တိုင်းတွေက Environment ကြောင့် ဖြစ်ပျက်ခဲ့သည်ကို သတိမူခဲ့ရင် ဒီ ပတ်ဝန်းကျင်ထိန်းသိမ်းရန် ကိစ္စတွေသည် ကျွန်မတို့ နိုင်ငံကပဲတာဝန်ရှိသည် မဟုတ် ။ Earth ကမ္ဘာလုံးကြီးထဲမှာ နေထိုင်တဲ့လူသားအားလုံးတွင် တာဝန်ရှိသည် ဖြစ်သည်။  ကျွန်မတို့ နိုင်ငံက သစ်တောတွေလည်းတော်တော်ပြုန်းတီးနေတဲ့အထဲ နာဂစ်ဖြစ်တော့ တော်တော်ကုန်သွားသည်။ မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်ကိစ္စများ လုပ်နိုင်သည် မလုပ်နိုင်သည့် အဖြစ်များက ထားတော့တပိုင်း။ အရင်ဦးဆုံး သိမှ လုပ်နိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်လို ကိစ္စမျိုးက သူများလုပ်တိုင်း လိုက်လုပ်တိုင်းဖြစ်မည်မဟုတ်။
                               မောင်စူးစမ်းရေးသည့် ဆောင်းပါးတစ်ပုဒ်ထဲတွင် အပိုလို (7) အာကာသယာဉ်မှူး ၀ါလီရှိယာအား ဤကမ္ဘာမြေကြီးကို အာကာသထဲမှ ပြန်ကြည့်သောအခါ မည်သည့်အရာက သင့်အား အမှတ်တရ ဖြစ်စေပါသနည်း ဟု မေးမြန်းကြည့်သောအခါ သူက ” နိုင်ငံနယ်နမိတ် ဆိုတာတွေကို မမြင်ရဘူးဗျာ ” ဟု ပြန်ဖြေသည်။
                               နိုင်ငံ နယ်နမိတ် တိုင်းပြည်အပိုင်းအခြားများကို လူတွေက သတ်မှတ်သည်။ သို့ သော် ရာသီဥတု သဘာဝတောတောင် အပြောင်းအလဲများကိုမူ တဆက်တည်းဖြစ်နေသည့်  ရေမြေတောတောင်သဘာဝများက သတ်မှတ်သည်ဟု ဆိုပါလျှင်  …. ထို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ရာ ထိုလူသားတစ်ဦးတစ်ယောက်ချင်း အပေါ်တွင်ရော အားလုံးသော လူသားများတွင်ပေါ်မှာ တာဝန်ရှိခြင်း ဖြစ်ပေတော့သည်။

                              
ကမ္ဘာမြေကြီးအတွက်
                                
သျှင်
                                      

( သိသလောက်သာ ရှာဖွေရေးတဲ့အတွက် အလိုမကျက ပြန်လည်ဖြည့်စွတ်ပေးကြပါ။)
                  

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s