မမြင်ရသော ရေခဲတောင် အပိုင်း (တိုက်တန်းနစ် ဘာကြောင့်နစ်)
                                တိုက်တန်းနစ်သင်္ဘော ရုပ်ရှင်ကို လူတိုင်းလိုလိုကြည့်ဖူးကြပါသည်။ တိုက်တန်းနစ်သင်္ဘောနစ်တာ ဘာကြောင့်ဆိုတာထက် သရုပ်ဆောင်တွေကြောင့် ရုပ်ရှင်က ပိုပြီး  အရမ်းနာမည်ကြီးခဲ့ပါတယ်။ အလွန်ကြီးမားလှတဲ့  သင်္ဘောကြီး နစ်ခဲ့တာလည်း ကြာလှပါပြီ ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က အချိန်အထိ ကျွန်မကလည်း ရုပ်ရှင်အဖြစ်လောက်သာ သိရှိခဲ့သည် ပါပဲ။
                            အလွန်ကြီးမားတဲ့ တိုက်တန်းနစ်သင်္ဘောနစ်တာဟာ ဒီလိုအောက်ခြေက ကြီးမားလှတဲ့ ရေခဲတောင်ကို  အပေါ်ယံမှာ သင်္ဘောကပ္ပတိန်တွေက မမြင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ အပေါ်ယံမှာ အရှင်းသားမြင်နေရတဲ့ ရေခဲတောင်တွေဟာ သေးသေးလေးပါ။ ကပ္ပတိန်တွေဟာ သင်္ဘောနဲ့  ကြီးမားလှတဲ့ အဖြူရောင် ရေခဲတောင်ကြီးကို တိုက်မိတုန်း ချက်ခြင်းရှောင်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လမသာတဲ့ အဲဒီ့ ညမှာ သင်္ဘောကပြေးနေတဲ့အရှိန် Speed နဲ့ အောက်ခြေက ကြီးမားလှတဲ့ရေခဲတောင်ကြီးကို ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပဲ သင်္ဘောကြီးတစ်ခုလုံး နစ်မြုပ်ပြီး လူပေါင်းထောင်နဲ့ ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။
                              အခုနောက်ပိုင်းမှာ ကုမ္ပဏီ အဖွဲ့ အစည်းတွေကို စီမံအုပ်ချုပ်ရာမှာ ဒီလို အပေါ်ယံမြင်နိုင်တဲ့ ရေမျက်နှာပြင်ထက်က ရေခဲတောင်နဲ့ အလားတူတဲ့ အဖွဲ့ အစည်းတွေရဲ့   Formal စည်းမျဉ်းဥပဒေ အညီတွေနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေ ရည်မှန်းချက်တွေ ……..တရားဝင် မြင်တွေ့ နိုင်တဲ့ အရာတွေများစွာ ရှိပါတယ်။
                            ဒါပေမယ့် ဒီလိုအပေါ်ယံ ဥပဒေစည်းမျဉ်းတွေလို ဘောင်ဝင်မှ ဆုံးဖြတ်လို့ မရတဲ့  အောက်ခြေက မမြင်နိုင်တဲ့ ရေခဲတောင်နဲ့  တူတဲ့ လူတွေရဲ့ အပြုအမူ (Behaviours )တွေ နဲ့ အများဆုံးဆိုင်တဲ့ လူတွေရဲ့ ခံယူချက်တွေ ထင်မြင်ချက်တွေ ၊ပုန်းအောင်းနေတဲ့ စိတ်သဘောထားတွေဟာ အပေါ်ယံမှာ ထင်သာမြင်သာ မတွေ့ ရပေမယ့် အောက်ခြေရေခဲတောင်မှာ လုံးဝကို ရှိနေပါတယ်။ ဒါ့ကြောင့် အဖွဲ့ အစည်းတွေအနေနဲ့ ဒါတွေကိုပါ ထည့်မစဉ်းစားရင် သင်္ဘောနစ်သလို နစ်မြုပ်နိုင်ကြောင်း အဖွဲ့ အစည်းတွေကို ပြောင်းလဲဖို့ ကြိုးစားရာမှာရော အဖွဲ့ အစည်းတွေရဲ့ Cultures ကိုလေ့လာရာမှာ ဒီလိုမျိုး အပေါ်ယံမှာရော အောက်ခြေက မမြင်နိုင်တာတွေရော ထည့်ပေါင်းပြီးစဉ်းစားမှသာလျှင် မမျှော်လင့်တဲ့အဖြစ်ဆိုးမျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
သျှင်
(ရေခဲတောင်က ရေကလာတာ သူ့ ဘာသာအရည်ပျော်သွားမှာလို့ မစိုးရိမ်ပဲ နေနိုင်ရင်အလွန်ကောင်းပါလိမ့်မည်။ သဘာဝတရားပဲကိုး……. သို့ ပေမယ့် သင်္ဘောကြီးက မနေနိုင်…….)
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s