အခွင့်အလမ်း ပိတ်ခြင်း


မကြာသေးမီက ကျွန်မကြိုက်တဲ့ ကူးယူဖော်ပြနေကျ အခွင့်အလမ်း ဂျာနယ်လေး ပိတ်ပါလေတော့သည်။
ဒီနေ့ လည်း ဖွင့်ကြည့်တော့ The access to requested URL has been denied. “searchportal.information.com”ဆိုပြီး အနီရောင်ကြီးနဲ့ ..အဲ့ဒီsearchportal.information.com ဆိုတာ ဘာပြောမှန်းလည်း သိပ်နားမလည်… …ကျော်ဖွင့်တော့လည်း မရ…..IT နားလည်သူများက ရှင်းပြရင်တော်တော်ကောင်းမည်…အားရင် သူတို့ ကို အတင်းလိုက်မေးမှ…..ကျွန်မဟိုအရင်က တင်ခဲ့တဲ့ ပိုစ့်လေးတွေသာ ကိုယ့်   Multiply မှာ ကျန်ရစ်တော့မည်….
အရင်က တင်ခဲ့တဲ့ ပိုစ့်တွေကို ကိုယ်လည်းဖတ် ၊ သူများလည်း အလွယ်ဖတ်ရအောင် တင်ထားခြင်းရယ်ပါ…..အခွင့်အလမ်းဂျာနယ်ကို တည်ထောင်သူတွေက MBA တွေဖြစ်သောကြောင့် သူတို့ ဂျာနယ်က ဆောင်းပါးများမှာ စီးပွားစီမံ နဲ့ ပက်သက်သော ဆောင်းပါးအများစုဖြစ်သည်။ ကျွန်မ အတွက်တော့ အကြိုက်ဖြစ်သည်။ သူတို့ Online ပေါ်တင်ခဲ့သမျှ ဂျာနယ်တွေသည် အလင်းတန်းဂျာနယ်တို့ လို လတ်တလော သတင်းတွေ မဟုတ်ပဲ….အရင့်အရင်က ဂျာနယ်ဟောင်းများသာဖြစ်သည်။ အခုလည်း HR Journal သစ်အတွက် ထုတ်နေလို့ လားမသိ…..အခွင့်အလမ်းဂျာနယ်ဟောင်းလေး Online web ပေါ်မှာ ပျောက်ဆုံးသွားနေတော့သည်။ နောက် မြန်မြန်ပြန်ပေါ်ပါစေ ဟု ဆုတောင်းနေမိတော့သည်။
အခွင့်အလမ်းတွေကို တံခါးဖွင့်ပေးရင် ဂျာနယ်ဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် ဖတ်လို့ ရသမျှ စောင့်ကြိုနေသူမို့ ပါ…နောက်ပြီး အခွင့်အလန်းတိုက်က ထုတ်တဲ့ ဂျာနယ်ပါဆောင်းပါးတွေကို
Online ပေါ်မှာ အမြည်းသဘောဖတ်ပြီး စာအုပ်ဆိုင်တွေမှာ ကြိုးစားပြီးဝယ်နေတဲ့အတွက် အခွင့်အလမ်းဂျာနယ်လေး Online ပေါ်အမြန်ပြန်ရောက်ပါစေ ဆုတောင်းနေမိတော့သည်။

အခွင့်အလမ်း မြန်မြန်ပွင့်ပါစေ ဆုတောင်းလျှက်

(21.8.2009)
သျှင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s