ဒိုင်ယာလော့’ Vs့ ‘ ဒီဘိတ်’


”    ‘ ဒိုင်ယာလော့’ နဲ့  ‘ ဒီဘိတ်’ ကွာပုံကို ဆရာ ကျော်ဝင်းရေးတဲ့  အတောင်ပံပါသော စကားလုံးများ စာအုပ်မှ ကူးယူတင်ပြလိုက်ပါတယ်။          ‘ ဒီဘိတ်’ မှာလည်း အားနည်းချက်ရှိသလို အားသာချက်တွေ ရှိပါတယ်။ ကျွန်မကိုယ်တိုင်        ‘ ဒိုင်ယာလော့’ နဲ့  ‘ ဒီဘိတ်’ နှစ်မျိုးစလုံးကို ကြိုက်ပါတယ်။ အခု MRTV 4 မှာလာနေတဲ့ Sunday Talk ဟာ ကျွန်မစိတ်ထဲမှာတော့   ‘ ဒိုင်ယာလော့’ သဘောဆောင်ပါတယ်။ အခုလာနေတဲ့ တီဗီက “စကားနဘမ်း” အစီအစဉ်ကတော့ ‘ ဒီဘိတ်’ သဘောဆောင်တာ တွေ့ ပါတယ်။ အစီအစဉ်တွေဟာ တစ်မျိုးစီ ကောင်းတာတွေ့ ရပါတယ်။ အားလုံး ဆွေးနွေးအကြံပြုရင်းနဲ့ ပိုပြီး တန်ဖိုးရှိတဲ့ အစီအစဉ်တွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ လေးစားစွာဖြင့်……သျှင် ”

{ဆရာ ကျော်ဝင်းရေးတဲ့  အတောင်ပံပါသော စကားလုံးများ စာအုပ်မှ –

Dialogue
မူရင်းဂရိစကားက ” ဒိုင်ယာလိုဂို” (Dialogos) ပါ။
‘ Dia’ ဆိုတာက Through လို့ အဓိပ္ပါယ်ရတယ်။ ဖောက်ထွက်တာ၊ အပြန်အလှန် စီးမျောတာလို့ ယူနိုင်ပါတယ်။
‘ Logos’ ဆိုတာကတော့ words သို့ မဟုတ် Meaning လို့ အဓိပ္ပါယ်ပေါက်တယ်။ ဒါ့ကြောင့် ‘ ဒိုင်ယာလော့ ‘ ဆိုတာ လူတွေကြား၊ ထင်မြင်ယူဆချက်တွေ အပြန်အလှန် လွတ်လွတ်လပ်လပ်စီးဆင်းစေတာ လို့ ယူနိုင်ပါတယ်။ A free flow of meaning between people လို့အဓိပ္ပါယ်ဖွင့်ကြပါတယ်။
ဒီတော့ ‘ ဒိုင်ယာလော့ ‘ မှာ ပြောတဲ့အပိုင်းနဲ့ နားထောင်တဲ့ အပိုင်းဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။
ပါဝင်တဲ့ ဘက်အသီးသီးက ပြောလဲ ပြောကြမယ်။ နားလဲ နားထောင်ကြမယ်ပေါ့။ ပြောသူသာ ရှိပြီး နားထောင်သူမရှိရင် ‘ ဒိုင်ယာလော့’ မဟုတ်ပါဘူး။ ‘မိုနိုလော့’ (Monologue) သာ ဖြစ်ပါတယ်။ များသောအားဖြင့် လူဆိုတာ နားထောင်ရတာထက် ပြောရတာကို ခံတွင်းတွေ့ ကြမှာပါ။ ဒါနဲ့ အမျှ ကိုယ်ပြောတာကို နားထောင်မယ့် ပရိသတ်ကိုလဲ မျှော်လင့်ကြမှာပါပဲ။ ဒီသဘာဝကို ကိုယ်ချင်းစားစိတ်နဲ့ ဆင်ခြင်နိုင်ကြရင် ပြောသူတိုင်းဟာ နားထောင်သူလဲ လုပ်နိုင်ကြပါလိမ့်မယ်။ တကယ်တော့  ‘ ဒိုင်ယာလော့ ‘ ဆိုတာ အလှည့်ကျ ပြောတဲ့ ဖြစ်စဉ်ပါ။ တပြိုင်နက်တည်းမှာ အလှည့်ကျ နားထောင်ကြတာလဲ ဖြစ်ပါတယ်။
ဘက်နှစ်ဖက် ‘ဒိုင်ယာလော့’ ကြပြီဆိုရင် ဒိုင်ယာလော့ မဖြစ်ပဲ ‘ ဒီဘိတ် ‘ ဖြစ်သွားတက်တာမျိုးတွေ ရှိတက်ပါတယ်။

Debate
ဒီဘိတ် ( Debate) က ‘ထိပ်တိုက်စနစ်’ ( Adversary System) နဲ့ အပြန်အလှန်စကားရည် လုကြတာပါ။ တစ်ဖက်ရဲ့ အရှုံးဟာ ကိုယ့်အတွက် အနိုင်ဆိုတော့၊ တစ်ဖက်ရဲ့ အရှူံးစာ ကိုယ့်အတွက် အနိုင်ဆိုတော့၊ တစ်ဖက်ရဲ့ အားနည်းချက်ကို ဖော်ထုတ်ရေးက အဓိက ဖြစ်လာပါတယ်။ ဒီလိုနဲ့ ပြဿနာဖြေရှင်းဖို့ ထက် ဖော်ထုတ်ဖွင့်ချရေးက လွှမ်းလာတော့တယ်။
ခေတ်သစ် * ဂိမ်းသီအိုရီ *( Game Theory) အလိုအရတော့ ဒါမျိုးဟာ ‘ သုညဆက်ဆံရေး (Zero Sum Game) သာ ဖြစ်ပါသတဲ့။ အရှူံးအနိုင် ထေလိုက်ရင် အဖြေဟာ သုညမို့  တစ်ခုလုံးအတွက် အကျိုးမရှိပါဘူး။ ‘ ဒိုင်ယာလော့’ ကတော့ ( Non-Zero Sum Game) လို့ ဆိုပါတယ်။ သူမနာ ကိုယ်မနာ ဆက်ဆံရေးပေါ့။ ဒီလို ဖြစ်နိုင်ဖို့ အတွက်  ‘ ဒိုင်ယာလော့’ ဟာ ပြဿနာ ပြေငြိမ်းရေးကို ဦးတည်ကြရပါလိမ့်မယ် (Case Orientate)၊ ကိုယ့်လိုအင် ဆန္ဒကို တောင်းဆိုတာမျိုး (Demand) နဲ့ ချဉ်းကပ်လို့ မရပါဘူး။ နှစ်ဖက်ညှိနှိုင်းယူရမယ့် အဆိုပြုချက် (Proposal) တွေနဲ့ သွားဖို့ လိုပါတယ်။ သူ့ ရဲ့ ရည်မှန်းချက်ဟာ ဘက်တစ်ဖက်ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ မဟုတ်ပါ၊ ‘ကြားအဖြေ’ (Compromise) တစ်ခုရဖို့ ဖြစ်ပါတယ်။

ဒီနေ့ ခေတ်ပြိုင်ကမ္ဘာမှာ ရေပန်းစားနေတာကတော့ ‘ယဉ်ကျေးမှုဒိုင်ယာလော့’ တွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ မယ့် အန္တရယ်ကို ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ဆိုကြပါတယ်။ ပြောရရင် ယဉ်ကျေးမှုနယ်ပယ်မှာမှ မဟုတ်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်မှာ ‘ ဒိုင်ယာလော့’ နဲ့ သာ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာတွေ များသထက် များလာနေပါပြီ။ }
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s