ဆင့်ပွားဈေးကွက်များ ( သို့ ) Multi Level Marketing = MLM


MLM (Multi Level Marketing) လို့ ခေါ်တဲ့ ဆင့်ပွားစနစ်နဲ့  ဈေးကွက်ကိုထိုးဖောက်တာ ကလည်း Marketing ဈေးကွက်ရှာဖွေထူထောင်ရာမှာ အသုံးဝင်ပြီး တချို့ အလွန်အောင်မြင်လျှက် ရှိတာ တွေ့ ရပါတယ်။ Multi Level Marketing (သို့) Network Marketing (သို့) Pyramid Selling ကို Myanmar Entrepreneur Group မှာ certain condition cube ရေးထား တဲ့ ပိုစ့်လေး အရင်ဖတ်ရတာပါ။ သူရှင်းပြထားတာ အရမ်းကောင်းပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆင့်ပွားစနစ်ဖြင့် MLM (Multi Level Marketing)ကို အောင်မြင်တဲ့ ကုမ္ပဏီတွေကတော့ ကျွန်မသိသလောက် ပထမဆုံးသိခဲ့ရတဲ့ ကုမ္ပဏီကတော့ Shine Hope နဲ့ဆေး လင်ဇီးပစ္စည်းများ အလှကုန်များ ကုမ္ပဏီ ဖြစ်ပါတယ်။ ဆေးတွေက အတော်ဈေးကြီးပါတယ်။ အဖွဲ့ ဝင်တွေက တဆင့်ပဲ ၀ယ်လို့ရပါတယ်။ ကျွန်မက လွတ်လွတ်လပ်လပ်ဈေးဝယ်ရတာ ပဲ ကြိုက်လို့ ကွန်ရက်စနစ်နဲ့ဆင့်ပွားဈေးကွက်တွေမှာ သိပ်မ၀ယ်ဖြစ်ပါ။ လင်ဇီး မျက်နှာသန့် စင်ဆေးလောက်သာ ကောင်းလွန်းလို့ ဝယ်ဖြစ်ပါတယ်။ ကျန်တာတွေ အတော့်ကို ဈေးကြီးလို့ ဝယ်မသုံးနိုင်တော့ပါ။ ဈေးကြီးရင် ကောင်းတယ် ဆိုတာထက် ဆင့်ပွားစနစ်ကို ကိုယ်တိုင်လေ့လာ သိသူတစ်ယောက် အနေနဲ့  ကိုယ်နှစ်သက်တဲ့ လင်ဇီးမျက်နှာသန့် စင်ဆေးလောက်သာ ၀ယ်ယူမိပါတယ်။

ဒုတိယ ကျွန်မသိတဲ့ MLM သဘောဆောင်တဲ့ ကုမ္ပဏီကတော့ Healthy Shop ဖြစ်ပါတယ်။ Healthy Shop က ပစ္စည်းတွေက အလှကုန် အမျိုးအစားစုံသလောက် ဈေးလည်း အသင့်အတင့်ကြီးပါတယ်။ အနုပညာရှင်အသိုင်းအ၀န်းမှာတော့ တော်တော်များများ သုံးစွဲပြီး အနုပညာရှင်တွေရဲ့ မွေးနှစ် မွေးလအလိုက် ကြော်ငြာပြီး ဆင့်ပွားစနစ်နဲ့ ဖြန့်ချီတာကိုတွေ့ ရပါတယ်။ MLM အဆင့်ထက် Healthy Shop ပစ္စည်းတွေကို စတိုးဆိုင်တချို့ မှာ မျက်နှာပေါင်းတင်ဆေးတွေကို တင်ပြီး ရောင်းတာတွေ့ ရလို့ Healthy Shop ဟာလည်း MLM စနစ်ကို တင်းတင်းကျပ်ကျပ်မထားပဲ ရောင်းချတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ ရဲ့ မျက်နှာပေါင်းတင်ဆေးကတော့ နာမည်ကြီးပြီး လူကြိုက်များပါတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ဆီက မျက်နှာပေါင်းတင်ဆေး ၀ယ်ပြီး သုံးကြည့်တော့ မဆိုးပါဘူး။ ” ၀င်ဂဘာ အခြစ်နဲ့ သူရဲ့ ချစ်ကိုကိုချစ် ” ဟာသရုပ်ရှင်ကားမှာ နေတိုးနဲ့ သင်ဇာဝင့်ကျော် သရုပ်ဆောင်သွားတဲ့ နေတိုး မျက်နှာပေါင်းတင်တဲ့ အခန်းကတော့ Healthy Shop ဆိုင်မှ ဖြစ်ပါတယ်။

တတိယ ကျွန်မသိတဲ့ MLM ကုမ္ပဏီကတော့ Nu Life ဆေးနဲ့ အလှကုန်ပစ္စည်းတွေပါ။ သူလည်း တစ်မျိုးစီတော့ကောင်းပါတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ Middle Class လောက်တောင် သူ့ ဆေးတွေ ပစ္စည်းတွေ သုံးဖို့ နှမျောတွန့် တိုမိပါလိမ့်မယ်။ အကျိုးအာနိသင်ကတော့ သူ့ တန်ဖိုးအလိုက် ရှိပါမယ်။ MLM စနစ်ကို ကျွမ်းကျွမ်းကျင်ကျင် အောင်မြင်အောင် အသုံးချဖို့ ဦးဆောင်နိုင်ဖို့ လေ့လာမိသလောက်သည် လူမှုဆက်ဆံရေးကို အလွန်ကျွမ်းကျင်လိမ္မာပါးနပ်စွာ အသုံးချတက်သူများသာ ဖြစ်ကြောင်း တွေ့ ရပါသည်။ (Networking) မိတ်ဆွေကွန်ယက် စနစ်ဖြင့် တဆင့်စကား တဆင့်နား ဖောက်နိုင်သော ဆင့်ပွားဈေးကွက်ဖြစ်သောကြောင့် အပြောကောင်း အဆိုကောင်း စကားအပြောအဆိုလိမ္မာပါးနပ်သူများ နေရာရသည်သာ များလေသည်။ သူတို့ အဖွဲ့ အစည်းတွေမှာ တွေ့ ရတဲ့ ချစ်စဖွယ်အချက်ကတော့ Training အမြဲပေးတာပါ။ အမြဲတမ်း အဖွဲ့ အစည်းနဲ့ မပြတ်လေအောင် စည်းရုံးဦးဆောင်နိုင်စွမ်းမှာ အရမ်းကိုတော်ပြီး သာမန်ရိုးရိုး ကုမ္ပဏီတွေ အတုယူဖွယ်ကောင်းပါတယ်။

ပြီးခဲ့တဲ့လလောက်က ဖတ်ရသော MLM (Multi Level Marketing) နဲ့ ပတ်သက်သည့် ဆေင်းပါးလေးမှာ တော်တော်လေးပြည့်ပြည့်စုံစုံရေးထားသည့်အတွက်  Scan ဖတ်ပြီး ကူးယူတင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးနဲ့ ပတ်သက်ရာမှာ ထင်မြင်ချက်တစ်ခုပေးလိုသည်မှာ MLM စနစ်ကို နည်းနည်းသာသာလေး ကဲပြီး ဝေဖန်သုံးသပ်ချက်ပုံစံဖတ်ရပါကလည်း ဗဟုသုတအလို့ ငှာ ဖတ်စေလိုကြောင်း တင်ပြလိုပါတယ်။ ဒီနေရာ မှာ ကူးယူနိုင်ပါပြီ။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာလည်း မြန်မာနိုင်ငံမှ MLM တစ်ခု အသက်ရူစက်လိုလို အငွေ့ လိုလို လိမ်ရောင်းလို့ ပိုင်ရှင်ကို ဖမ်းသွားကြောင်း ခေတ်လူငယ် သတင်းမှာဖတ်ရပါတယ်။ MLM (Multi Level Marketing) ဆင့်ပွားဈေးကွက်ကို ကျွန်မလေ့လာနေတဲ့ Marketing ဘာသာရပ်တွေမှာ အသေးစိတ်မသင်ရသော်လည်း လက်တွေ့ အပြင်ဘက်မှာ မြင်ရကြားရနေရတဲ့အတွက် သူငယ်များနဲ့ အတူ သိသမျှ ဗဟုသုတတွေ မျှဝေပေးနိုင်ရန် ဖိတ်ခေါ်ရင်း ရေးလိုက်တာပါ။ သျှင် သိသလောက်သာ ရေးတာ ဖြစ်တဲ့အတွက် ထပ်ဖြည့်ဆွေးနွေးအကြံပြုပေးပါရန် လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ၀န်ခံစရာအချက်ကတော့ သျှင်က MLM (Multi Level Marketing) Company များရဲ့ အဖွဲ့ ဝင်မဟုတ်ပဲ သူငယ်ချင်း မိဘအသိုင်းအ၀န်း မိတ်ဆွေများပြောပြချက်မှ MLM ရဲ့ အကြောင်းကို ရေးသားတာဖြစ်ပါတယ်။ MLM စနစ်ကို စိတ်ဝင်စားပါသည်။ သို့ သော် တကယ့် Marketing စနစ်ကို ပိုစိတ်ဝင်စားပြီး အနည်းငယ် ကွာဟသည်က တကြောင်း၊ သုံးစွဲစေလိုသည့် ပစ္စည်းတွေကို ဈေးမြင့်မြင့်နဲ့ ရောင်းချသည့်အတွက် မ၀ယ်နိုင်လျှင် စားသုံးသူကို မခံစားစေလိုသည့် စိတ်ကြောင့် မည်သည့် MLM Company တွင်မှ အဖွဲ့ မ၀င်ခဲ့ပါ။ လေ့လာနေသူတစ်ဦးအနေနဲ့ တင်ပြလိုက်ရပါသည်။ သျှင် {21.9.2009}

10 comments on “ဆင့်ပွားဈေးကွက်များ ( သို့ ) Multi Level Marketing = MLM

    • ရှိပါတယ်ခင်ဗျား။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေသူတစ်ယောက်ပါခင်ဗျား။

      • Double Crane company ကတော့ လောလောဆယ် ကျွန်တော်လေ့လာနေတဲ့ company ပါပဲ။ စာတွေ့ လက်တွေ့ ဆိုပါတော့။ ခုလောလောဆယ်ထိတော့ အဆင်ချောနေပါသေးတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်မှသာ တိုးတက်ပြောင်းလဲနိုင်မယ့် ဒီနေ့ခေတ်မှာ ငွေအရင်းအနှီးမနိုင်တဲ့ ကျွန်တောတို့အတွက်တော့ အနာဂါတ်လုံခြုံမယ် ။ ဘ၀ပြောင်းလဲမယ်လို့ထင်ပါတယ်။ ဒါကြောင့်လည်း လေ့လာဖြစ်တာပါ။

      • Double Crane company က မလေးက နေ တင်သွင်းတဲ့ MLM company ထင်တယ် သူက Product လည်း ကောင်းပုံရပါတယ်
        အမေ့ မိတ်ဆွေတစ်ယောက်လာပြဖူးပါတယ်… Double Crane ရဲ့ မိတ်ကပ်ဖျက်ဆေးက တော့ အတော်ကောင်းပါတယ်..
        အခု ဘယ်ဈေးဖြစ်သွားပြီလဲတောင်မသိဘူး..ကျန်တာတွေက တော့ ဈေးကြီးလို့ မသုံးဖြစ်ပါဘူး

    • MLM အကြောင်းကို စာတွေထဲမှာလည်း ရေးထားပါတယ်..
      မြန်မာပြည်မှာ company တွေ များနေပါပြီ..

      Nu Life
      Shine Hope တွေကတော့ နာမည်ကြီးပါပဲ
      မြန်မာမှာ Gano http://www.ganoexcel.com/ အခုတလော တွေ့ ရပါတယ်

      သေချာမလေ့လာသေးလို့ အတိအကျမပြောနိုင်သေးပါဘူး..

  1. There are many MLM companies in myanmar now.
    From china and Thailand and America mainly.
    1. Shinehope
    2. Double crane
    3. Healthy shop
    4. Nu-life
    5, Tiens
    6, Nu-skin
    7, Avon
    8. Bel air ( broke down )
    9. Gano
    10. Alpha
    11. Zullion
    12. 7kings
    13. Lucky Time
    14. Mistine ( not mlm but direct selling )
    15. Synergy
    16. Toreco

    But not all are legal companies in my opinion . Some of them may be “Pyramid Selling ” instead of Real MLM (multi-level marketing).

    You can contact me freely to talk about MLM .
    I am really interested in this business and
    making research as much as i can.
    Hope may be u can also share me something valuable.

    zinzae@gmail.com
    yangon
    09 4311 5202

Leave a reply to zinzae Cancel reply