လျှောက်ခဲ့ရတဲ့ လမ်းတွေ (၁)



” လရောင်ရဲ့ လှည့်ဖြားမှုဆိုတဲ့စကား ဂျူးဝတ္တ္တ္တှုဖတ်တုန်းက ငါမယုံခဲ့ဘူး ” ဆိုတဲ့  Multiply က ညီမငယ်လေးရဲ့ ကဗျာ တစ်ပုဒ် ကို ဒီနေ့ သွားသတိရမိပါတယ်။ ဒီစကားကို အကြောင်းအရာတိုက်ဆိုင်လို့ ကျွန်မ အမြဲမှတ်မိနေပါတယ်။
ကဗျာထဲက ဂျူး ဆိုတဲ့စကား တိုက်ဆိုင်လို့  ဒီနေ့  စာရေးဆရာမ ဂျူးရဲ့ ဟောပြောပွဲ ကို ကျွန်မ သွားခဲ့မိပါတယ်။ ဆရာမကို မြင်ဖူးတာ ဒုတိယအကြိမ် ရှိသွားပါပြီ…. နာမည်ရင်း Dr. ဒေါ်တင်တင်ဝင်း (ခ) ဆရာမ ဂျူးဟာ ဘာမှ မခြယ်သပဲ ရိုးရိုးအေးအေး ၀တ်ဆင်တက်ပြီး စကားပြောရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းနားထောင်လို့ ကောင်းပါတယ်။ ကျွန်မအတွက်တော့ မရှိမဖြစ်မိုး ၀တ္တု ဖတ်ကတည်းက ဆရာမ ဂျူးရဲ့ စိတ်ဓာတ်တွေရော၊ မိန်းကလေးတစ်ယောက်ဟာ ကိုယ်အားကိုယ်ကိုးချင်တဲ့စိတ်ဓာတ်တွေ ၊ မဟုတ်မခံတဲ့ စိတ်ဓာတ်တွေ၊ အစရှိတဲ့ ဆရာမရဲ့ မရှိမဖြစ်မိုးစာအုပ်ထဲက အမျိုးသမီးတစ်ယောက်ကို အားကျမိခဲ့ပါတယ်။
အမှန်အတိုင်း ၀န်ခံရရင် အိမ်မှာ ဒီစာအုပ်တစ်အုပ်ပဲ  ရှိပါတယ်။ တခြား သူ့ စာအုပ်တွေကို အခုမှ ငှားဖတ်မလို့ ပါ။ အခုတော့ ငှားထားတာ တစ်အုပ်ပဲ ရှိပါသေးတယ်။ ဆရာမ ဂျူးကို ကြိုက်ပါလျှက် မဖတ်ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေထဲမှာ ebook pdf ဖိုင်တွေ အများကြီးရှိလို့ နောက်မှ ဖတ်မယ်ဆိုပြီး မဖတ်ဖြစ်ပဲ အကြွေးတင်နေသူပါ။
မရှိမဖြစ်မိုး စာအုပ်တစ်အုပ်ပဲဖတ်ပြီ့း လွန်ခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ်လောက်က  ပုလဲနက်ဖိုရမ်မှာတောင် ဆရာမ ဂျူးကို မိန်းမသားဝါဒီလို့ ပြောလို့  ဆရာမဘက်က ကျွန်မ ၀င်ငြင်းခဲ့ပါသေးတယ်။
ပုခတ်လွှဲသော လက်များကို အမျိုးသားများက အဲလို နှိမ်ချင်တဲ့စိတ်နဲ့ ပြောတာ ကျွန်မ မခံချင်စိတ်နဲ့ ဝင်ပြောဖြစ်ခဲ့ပါတယ်။ အဲဒီ့တုန်းက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တော့ ရှိပါပြီ။ အခုတော့ ပုလဲနက်ဖိုရမ် မ၀င်တာတောင် ကြာပါပြီ။
ဒီနေ့ ဆရာမ ဟောတဲ့ အကြောင်းအရာက –Eco tourism လို့ ခေါ်တဲ့ ဂေဟစနစ်ကို အကျိုးပြုတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခရီးသွားလာခြင်းအကြောင်းကို စာရေးဆရာရူ့ ထောင့်မှ ဟောပြော တင်ပြခြင်း ဖြစ်ပါတယ်။
Eco- Tourism မတိုင်မီ Geo- tourism ဆိုတဲ့ ဒေသံသရခရီးသွားလာခြင်းက အစပြုခဲ့ပါတယ်။ ဟောပြောတဲ့ခေါင်းစဉ်က သဘာဝပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်နေတဲ့အတွက် ကျွန်မတို့ လေ့လာနေရုံမကပဲ လက်တွေ့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လိုက်နာကျင့်သုံးသင့်တဲ့ အကြောင်းအရာတွေပါ ပါပါတယ်။ Eco tourism တွေဟာ နိုင်ငံခြားတိုးတက်ပြီး တိုင်းပြည်တွေမှာတော့ အရမ်းခေတ်စားနေပေမယ့် ကျွန်မတို့ ဆီမှာတော့ သဘာဝပတ်ဝန်းကျင် ဗဟုသုတဆိုင်ရာမှ အစ အားနည်းချက်များစွာတွေကို ဆရာမ ဂျူးက သူ့ အတွေ့ အကြုံ များစွာက ပြောပြခဲ့ပါတယ်။ ဆရာမဂျူးက ရွှေစက်တော် သွားရာမှာ ဘုရားပေါ်ကနေ ရင်ပြင်အောက်လမ်းကြည့်လိုက်တဲ့အခါမှာ ကြွပ်ကြွပ်အိတ်တွေ စည်းကမ်းမဲ့ စွန့် ပစ်ထားတဲ့အကြောင်းတွေ၊ စည်းကမ်းရှိရှိ အမှိုက်ပုံးကို စနစ်တကျထားသောအခါမှာ ၀မ်းသာလို့ မဆုံးသေးခင် အမှိုက်များကို အမှိုက်သိမ်းသူများက ရေထဲတွင်ပဲ စည်းမဲ့ကမ်းမဲ့ ပြန်လည် စွန့် ပစ်မှုကြောင့် ရွှေစက်တော် ခရီးသ�
�ားခဲ့ရာ မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပုံရကြောင်းပြောပြပါတယ်။

Eco tourism တွေ ဖြစ်ပြီဆိုရင် ချောင်းသာ ငွေဆောင်အစရှိတဲ့ ကမ်းခြေပင်လယ်များသွားလာတဲ့အခါမှာ ဆိုင်တွေမှာ ရောင်းတက်တဲ့ ရေအောက်ကနေငုပ်လို့ ရတဲ့ ရှားပါးနိုင်တဲ့ သန္တာကျောက်တန်း၊ ကျောက်ခက်လေးတွေ မ၀ယ်ပါဘူး လို့ ဆရာမက ပြောပြပါတယ်။
ခရုကမာတွေက အဲလောက် မရှားပါးတဲ့အတွက် ၀ယ်ကြပါတယ် လို့ ပြောပြပါတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကို နောင်မျိုးဆက် ဂေဟ စနစ်ကြီးနဲ့ ကြည့်တဲ့အတွက် တွက်ချက်ရတဲ့အရာများစွာ ရှိပါတယ်။ ကျွန်မ မှတ်မိသလောက် ရေးတဲ့အတွက် မပြည့်စုံပါဘူး။
ဆရာမ ဂျူးကိုယ်တိုင် ဂေဟပညာရှင် မဟုတ်ပဲ စာရေးဆရာရူ့ ထောင့်လေ့လာခဲ့သမျှနဲ့ အတွေ့ အကြုံတွေ ကနေ ဟောပြောမယ်လို့ ဝန်ခံပြီးဟောတာတောင်  အရမ်းဗဟုသုတ ရခဲ့ပါတယ်။

ယောနိသော မနသီကာရ
လေးစားလျှက်
မြလေးသျှင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s