လျှောက်ခဲ့ရတဲ့ လမ်းတွေ (၂)


ဒီလိုနဲ့ ဂျူးဟောပြောပွဲအပြီး ကျွန်မ အိမ်အပြန်လမ်း ဈေးတန်းလေးမှာ ဒညင်းသီးပြုတ်တွေ လမ်းမှာ ရောင်းနေတာ တွေ့ လိုက်ပါတယ်။ ဈေးသည်ကို စားချင်လို့ မေးလိုက်တဲ့အခါမှာ ၃ လုံး နှစ်ရာကျပ်လို့ ပြောပါတယ်။အရင်က ဒညင်းသီးပေါ်ချိန်မှာဆို ၃ လုံး တစ်ရာကျပ်လောက်ပါ။ အခု ဒညင်းသီးတုန်းချိန်မို့ ဈေးများတာ ပြောပါတယ်။ ကျွန်မလည်း ၄ လုံး နှစ်ရာ ထားလိုက်ပြောပြီး ပိုက်ဆံအိတ်ထဲက ငါးရာကျပ်ကို ဈေးသည်ကို ရှာပြီး ပေးလိုက်ပါတယ်။ ဈေးသည်က ကျွန်မကို ပြန်အမ်းလိုက်တဲ့အချိန်မှာ ငါးရာတန်တစ်ချပ်နဲ့ နှစ်ရာတန်တစ်ချပ်၊ အရွက်နွမ်းဖတ်နေတဲ့ ငါးဆယ်တန်နှစ်ရွက် စုစုပေါင်း ငွေ ရှစ်ရာကျပ်ကို ကျွန်မကို အမ်းလိုက်တာ မှောင်နေပေမယ့် သေချာကို စစ်ကြည့်နေပါတယ်။ ကျွန်မကိုယ်တိုင်က သေချာပါတယ်။ ကျွန်မပေးလိုက်တာ ငါးရာတန်မှာ ဘယ်လိုလုပ် ရှစ်ရာပြန်အမ်းလဲပေါ့ ချက်ခြင်းတော့ ဇဝေဇ၀ါဖြစ်မိပါတယ်။
နောက်သူမှားပေးတာ သေချာတယ်ဆိုပြီး ငွေတွေရေတွက်နေတဲ့ ချက်ခြင်းပဲ ” အမ ငါးရာတန် တစ်ရွက်ပိုနေတယ်….ကျွန်မပေးတာ ငါးရာတန်ပဲပေးတာ ”  လို့ ပြောပြီး သူမကို ချက်ခြင်း ပြန်ပေးလိုက်ပါတယ်။ ကျွန်မ ပေးပေးခြင်းတော့ သူမလည်း ကြောင်ကြည့်နေပါတယ်။ အော် ဟုတ်လား…ဆိုပြီး သူကျေးဇူးတင်ကြောင်း ဘာမှ မပြောရသေးခင် ကျွန်မ အမြန်ပြန်ထွက်ခဲ့ပါတယ်။

ဒီလိုမျိုး ဈေးသည်က မသိလို့ ပိုက်ဆံအပို ပေးလိုက်တာကို ယူခဲ့ရင် ဈေးသည်ကိုယ်တိုင် လည်း မသိပါဘူး။ ဘေးက ဈေးသည်တွေလည်း မသိပါဘူး။ ဈေးဝယ်သူတွေလည်း သိချင်မှ သိမှာပါ။ ကျွန်မကိုယ်တိုင်ကတော့ သိပါတယ်။
အကယ်လို့ ဈေးသည်ပေးတဲ့ ငွေ ရှစ်ရာကို ယူပြီး နှစ်ရာဖိုးတန်တဲ့ ဒညင်းသီးလည်း ယူခဲ့ရင် ကျွန်မ ဈေးသည်အပေါ်ကို စုစုပေါင်း သက်သက်ကြီး ၅၀၀ ကျပ်တိတိ အကြွေးတင်တော့မှာပါ။
ဒီဘ၀မဟုတ်လည်း နောက်ဘ၀ ဆပ်ရမှာပါ။ ဒီလိုမျိုး မတော်မဆ ဈေးသည်မသိပဲပေးသော်လည်း ကိုယ်က
သိရက်နဲ့ ယူခဲ့ရင် တချိန်မှာ ကိုယ်ကိုယ်တိုင် ၀ဋ်လည်မယ်ဆိုတာ ကျွန်မ ကံကံရဲ့ အကျိုးကို သိတဲ့စ အချိန်မှာတော့ ယုံကြည်ခဲ့လို့ ပါ။ ငယ်ငယ်တုန်းက သူများလုပ်တိုင်းလုပ်ချင်တဲ့ ပတ်ဝန်းကျင်မှာ တွေ့ လို့ ငါးမျှားချင်တဲ့စိတ်တွေ ….အစရှိတဲ့ ငါးပါးသီလကို ဖျက်ဆီးချင်တဲ့စိတ်တွေကြောင့် ကျွန်မ မသိနားမလည် ခဲ့တုန်း ကလေးသာသာဘ၀ ကတော့ ဆိုးခဲ့ချင်ဆိုးခဲ့ဖူးပါမယ်။

အခုအချိန်မှာတော့ ဘယ်အရာမဆို  ဘယ်သူတွေ သိသိ မသိ၊ ကိုယ့်ကိုယ်တိုင်ကိုတော့ သိနေပါတော့တယ်။ တကယ်တမ်းမှာ သူများတွေဆီက အလိမ်ခံရဖို့ ထက် ကိုယ့်ကိုကိုယ် အလိမ်ခံလိုက်တာဟာသာလျှင် ကြီးမားတဲ့ပြစ်မှုကြီး ဖြစ်ပါတယ်။ ဒီလိုမျိုး ကျွန်မကိုယ်တိုင် ခံယူပြီး ကိုယ်လုပ်နေတဲ့ အလုပ်တွေကို အသိညဏ်ရှိတဲ့ အသိညဏ်ဝင်တဲ့အချိန်က စပြီး ကျွန်မကိုယ့်ကိုကိုယ် မလိမ်ချင်တော့ပါ။
သူများကို လိမ်တာခဏတာပါ…..ကိုယ့်ကိုယ်ကို လိမ်လိုက်တာဟာ ဘ၀သံသရာမှာ တောက်လျှောက် မှားနိုင်တယ်ဆိုတာကို ဘာသာရေးမှာရော စာပေတွေရော လမ်းညွှန်ထားတာ တွေ့ ရပါတယ်။ ဘ၀သံသရာ ခရီးမှာတော့ လျှောက်ခဲ့ရတဲ့ လမ်းတွေအတွက် ………

ယောနိသော မနသီကာရ
လေးစားလျှက်
မြလေးသျှင်

Advertisements

One comment on “လျှောက်ခဲ့ရတဲ့ လမ်းတွေ (၂)

  1. ဒညင်းသီး ၃ လုံးကို နှစ်ရာ ဘုရားဘုရား
    မှားများရေးမိလား မိးလေးရယ်
    ကျတော်ဗမာပြည်တုန်းက ၁ ကျပ်ဘိုး အလုံး၃၀ လေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s