ခါးပိုက်နှိုက် ကို သနားမိတဲ့ ညီမလေး
                  ခါးပိုက်နှိုက် ဆိုတာကို ဒီနေ့ ကျွန်မတို့  အိမ်မှာ ခါးပိုက်နှိုက်ခံရဖူးတဲ့ အကြောင်းတွေ ပြောဖြစ်ခဲ့ကြပါတယ်။ ညီမ၀မ်းကွဲတစ်ခါတုန်းက သူခါးပိုက်နှိုက် ခံရတဲ့ ဖြစ်ရပ်ကို အိမ်လာလည်တုန်းက သူ့ ရဲ့ တကယ့်အဖြစ်အပျက်အမှန်ကို အာဘောင်ရင်း သန်သန် ပြောပြဖူးတာ ပြန်သတိရမိပါတယ်။
                  တစ်ခါတုန်းကတဲ့ ….ညီမ၀မ်းကွဲနဲ့ သူ့ သူငယ်ချင်းမလေးတို့ ဟာ သင်တန်းက အပြန် မြို့ ထဲဘက်မှာ မုန့် စားဖို့ ကားမှတ်တိုင်စောင့်နေရင်းနဲ့ ကားလာလို့ ကားပေါ် တက်လိုက်ပါတယ်။ ကားပေါ်မှာ နှစ်ယောက်သား ကျောပိုးအိတ်လေးတွေနဲ့ မိန်းကလေး တွေပီပီ တွက်ထိုး စကားပြောရင်း ကားစီးပြီး လိုက်လာပါတယ်တဲ့။
”  ဆိုပြီး အသံကျယ်ကြီးနဲ့ ကားသမားကို အော်လိုက်ပါတယ်။
                 ကျွန်မညီမ၀မ်းကွဲနဲ့  သူ့ သူငယ်ချင်းမလေးတို့ ဟာ အဲလို လူတွေ အော်သံ ကြောင့် စကားတွက်ထိုးနေရာကနေ မျက်လုံးအပြူးသားနဲ့ 
ဟယ် ခါးပိုက်နှိုက်.ရှိတယ် ….ငါတို့ ဆင်းပြေးရအောင် ဆိုပြီး  ဘုမသိ ဘမသိ ကားပေါ်ကနေ အောက်ဆင်းမယ် အလုပ်မှာ…. ကားပေါ်က အ၀တ်ခပ်နွမ်းနွမ်း ၀တ်ထားတဲ့ လူသာမန်နှစ်ယောက်က
ဟဲ့ နင်တို့ ကောင်မလေး နှစ်ယောက် မဆင်းနဲ့ ……ခါးပိုက်နှိုက်က နင်တို့ အိတ်ကို နှိုက်တာ .နင်တို့ က အဓိက  ရဲစခန်း လိုက်ရမှာ ” ဆိုတော့ ကောင်မလေး နှစ်ယောက် မျက်လုံးပြူးရာကနေ ပါးစပ်တွေတောင် ဟ သွားပြီး….အံသြသင့်သွားပါတယ်။
                 ဒီလိုနဲ့ ဘက်စ်စကားကြီးဟာ ရဲစခန်းမောင်းသွားပြီး ခါးပိုက်နှိုက် လူငယ်လေးကို ရဲစခန်းမှာ မေးစစ်ပါတယ်တဲ့။ ညီမ၀မ်းကွဲလေးပြန်ပြောချက်အရ ခုနက အ၀တ်ခပ်နွမ်းနွမ်းဝတ်ထားတဲ့ လူသာမန်နှစ်ယောက်က ရဲတွေတဲ့။ အဲသည့်ရဲတွေက ခါးပိုက်နှိုက် လူငယ်ကို  ” တကယ် ကျွေးတာတဲ့” ။ ရဲတွေကျွေးတာက ထမင်းတော့ မဟုတ်ပါ။ ရိုက်ပြီး ကန်ပြီး စစ်မေးပြီး တကယ်ကျွေးတာတဲ့။ ညီမ၀မ်းကွဲနဲ့ သူ့ သူငယ်ချင်းမလေးဟာ ခါးပိုက်နှိုက် လူငယ်ကို သနားနေတယ်တဲ့။
                   ရဲတွေက ညီမလေးတို့ ကို ဖြစ်ရပ်ကုန်စဉ်ကို ပြောပြပါတယ်။  ညီမလေးနဲ့ သူ့ သူငယ်ချင်းမလေးတို့ ကားမှတ်တိုင်မှာကတည်းက နှစ်ယောက်သား ဘာမှမသိပဲ စကားတပြောပြောနဲ့  ညီမ၀မ်းကွဲဟာ ကျောပိုးအိတ်ထဲကို ပိုက်ဆံအိတ်အထည့်မှာ ခါးပိုက်နှိုက်က ကားမှတ်တိုင်မှာကတည်းက နှိုက်ဖို့ ချောင်းနေတာကို ရဲတွေက မြင်နေတာပါတဲ့။ ဘက်စ်စကားမှတ်တိုင်ကနေကြည့်နေတဲ့
သာမန် အရပ်ဝတ်အရပ်စားနဲ့ ရဲတွေက  ခါးပိုက်နှိုက်ဘယ်လိုချဉ်းကပ်နေလဲဆိုတာကို  သေချာစောင့်ကြည့်နေတာလို့ ပြောပါတယ်။ ညီမတို့ ကားပေါ်အတက်မှာ ခါးပိုက်နှိုက်လည်း လိုက်အတက်၊ ရဲတွေလည်း လိုက်တက်ပြီး တကယ် ပိုက်ဆံအိတ်နှိုက်တဲ့အချိန်မှာမှ အော်ပြီး ဖမ်းလိုက်တာတဲ့။
                  ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါ။ ရဲစခန်းမှာ ရဲသားက ရိုက်စစ်လို့  မပြီးသေးခင် ခါးပိုက်နှိုက်က ကျွန်တော့်မှာ အမေအိုကြီး ရှိပါတယ်…စားစရာတောင် နပ်မမှန်လို့  သူ့ ဘ၀ အရမ်းကြမ်းတမ်ကြောင်း သနားလောက်အောင်ပြောပါတယ်။ အဲဒီ့အခါမှာ ကျွန်မ ညီမသူငယ်ချင်းမလေးက သနားသွားပါတယ်။
အဲလိုဆိုလဲ … ကောင်းကောင်းတောင်းပေါ့…..ပေးမှာပေါ့ ” ဆိုပြီး သနားတဲ့စိတ်တောင် ၀င်ပြီး ပြောခဲ့ပါသေးတယ် ။ အဲသည့်နေ့ က ကျွန်မညီမ ၀မ်းကွဲလေးတို့ သူငယ်ချင်းနှစ်ယောက် ဟာ ကျောပိုးအိတ်ကနေ ငွေခါးပိုက်နှိုက်ခံရပေမယ့် ရဲစခန်းမှာ ဖြေရှင်းပြီးတဲ့နောက် ၀မ်းသာဝမ်းနည်း ပြန်လာခဲ့ပါတော့တယ်။
(ညီမ၀မ်းကွဲလေး ခါးပိုက်နှိုက်ခံရပုံကို ပြန်လည် သရုပ်ဖော်မိပါတယ်။)
ယောနိသော မနသီကာရ
လေးစားလျှက်
မြလေးသျှင်
Advertisements
One comment on “ခါးပိုက်နှိုက် ကို သနားမိတဲ့ ညီမလေး
  1. ဟုတ်လား ဒါဆို တော်တော်တိုးတက်နေပြီ ဗမာပြည်က ရဲတွေ
    မောင်လေးတို့ ခောတ်တုန်းကလေ ခါးပိုက်နီိုက်က ပုလိပ်ကို လိုင်းကြေးပေးပြီး နိုက်တာဗျာ
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s