ဘာလင်တံတိုင်းပြိုတဲ့ နှစ်နှစ်ဆယ်မြောက်နေ့ 


         ဒီနေ့ Google ၀င်ကြည့်တဲ့အချိန်မှာ Google searchအောက်မှာ

20th Anniversary of the Fall of the Berlin Wall ဆိုတဲ့ စာသားပေါ်နေတာ မြင်လို့ ဘာလင်တံတိုင်းပြိုတဲ့နေ့  နှစ်နှစ်ဆယ်မြောက်တဲ့အထိမ်းအမှတ်နေ့ အနေနဲ့ စာတွေရော၊ ဓာတ်ပုံတွေတင်ထားတာတွေ့ ရပါတယ်။

20th Anniversary of the Fall of the Berlin Wall

Search LIFE images

On November 9, 1989 the Berlin Wall – a physical and symbolic boundary between communist East Germany and democratic West Germany – began to come down, ending decades of separation and marking a turning point of the Cold War. Widely regarded as one of the most influential events of the 20th century, we felt it important to recognize this historic moment.

Below are some pictures of the Berlin Wall from the LIFE Photo Archive and Time LIFE Pictures.

          စာတွေကို စိတ်ဝင်စားလို့  ဖတ်ကြည့်တဲ့အခါမှာ –
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ မှာ ကွန်မြူနစ်ဖြစ်တဲ့ အရှေ့ ဂျာမနီနဲ့  ဒီမိုကရက်တစ်ဖြစ်တဲ့ အနောက် ဂျာမနီ တို့ ကြားထဲမှာ ရှိတဲ့ ဘာလင်တံတိုင်းဆိုတဲ့ ရုပ်ပိုင်းနဲ့ သင်္ကေတ ဆိုင်ရာ အတားအဆီးတစ်ခု ပြိုကျသွားပါတော့တယ်။ ဆယ်စုနှစ်တွေကြာလာခဲ့တဲ့ (Cold War) စစ်အေးတိုက်ပွဲကိုပါ အပြီးသတ်စေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွက် အလွှမ်းမိုးဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ ဘာလင်တံတိုင်းပြိုကျမှု ဖြစ်စဉ်တစ်ရပ်ဖြစ်တဲ့ သမိုင်းကိုတော့   သတိချပ်သင့်ပါတယ်။
      

          ကျွန်မ ဘာလင်တံတိုင်းအကြောင်း ဆက်သိချင်လို့ ဆရာကျော်ဝင်းရဲ့ အမျိုးသားစာပေဆုရ ကမ္ဘာပြားပြီ စာအုပ်ကို ပြန်ရှာဖွေကြည့်ပါတယ်။ အဲဒီစာအုပ် အခန်း(၂) က ကမ္ဘာကိုပြားစေတဲ့ ရိုက်ချက်တစ်ဆယ်ထဲမှာ – ပထမရိုက်ချက်ဖြစ်တဲ့ ၁၁/၉/၁၉၈၉ မှာ တံတိုင်းတွေ ပြို၊ ၀င်းဒိုးတွေ ပွင့် ခေါင်းစဉ်နဲ့ ရေးထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သမိုင်းဖြစ်ရပ်တွေရေးထားတာ အများအပြားပါ။
ဒီထဲကမှ အိန္ဒိယလူမျိုး နိုဘယ်ဆုရဘောဂဗေဒပညာရှင် အမတရာဆင်းက

” ဘာလင်တံတိုင်းကြီးက၊
 လူတွေကို အရှေ့ ဘာလင်ထဲမှာ
ပိတ်ထားရုံသက်သက်၊ မဟုတ်ဘူးဗျ။
ကမ္ဘာကြည့် ကြည့်လို့ မရအောင်
တားဆီးထားသလိုလည်း ရှိတယ်။
တံတိုင်းကြီးက ကွယ်နေတော့
ကမ္ဘာကြည့် ကြည့်လို့ မရတော့ဘူးလေဗျာ။
ကမ္ဘာနဲ့ ချီ စဉ်းစားလို့ မရတော့ဘူးပေါ့”   ဟု ပြောခဲ့ပါတယ်။

           ဘာလင်တံတိုင်းနဲ့ ပတ်သက်သည့် သမိုင်း အဖြစ်အပျက်များသည် စာအုပ်များစွာထဲတွင် ချရေးသည်ထက် ပိုမိုများပြားပါသည်။ ဒါကြောင့် ကျွန်မကိုယ်တိုင် ထပ်သိချင်လို့ မောင်စူးစမ်းရေးတဲ့ လက်ဇပ်ကားနှင့် သံလွင်ပင် စာအုပ်မှ ထပ်မံရှာဖွေပြီး ကူးယူတင်ပြလိုက်ပါတယ်။

            ဘာလင်တံတိုင်းကြီး သို့ မဟုတ် သံကွန်ခြာ၊ သို့ မဟုတ် ………အရင်းအနှီး ကွပ်ကဲ ထိမ်းချုပ်မှု စသည့် တစ်ခုခုတို့ နှင့် ၀င်မဆောင့်မိဘဲ ခရီးရှည်ရှည်ဝေးဝေး နှင့် မြန်မြန် သွားလို့ မရပေ။ ဤခြံစည်းရိုး၊ ဤတံတိုင်းတို့ ၏ နောက်ကွယ်တွင် နိုင်ငံတို့ သည် မိမိတို့ ၏ သီးခြား ထူးခြားသော ဘ၀ပုံစံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု တို့ ကို ကာကွယ်ထားရန် နှင့် သို ၀ှက်ထားရန် နေရာပေါင်း မြောက်မြားစွာ ရှိနေသည်။……………….။ အဖြူနဲ့ အမည်းကဲ့သို့ ပင် ပြတ်သားစွာ ခြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ ကို ကာကွယ်ရန် တံတိုင်းနံရံတို့ အများကြီး ရှိနေသောကြောင့် ဖြစ်သည်။ ထိုးဖောက်ဖို့ ရာ မလွယ်ကူခဲ့ပေ။

             ဤမျှ အခြေအနေရှိသော တံတိုင်းနံရံတို့ ကို လေထဲလွင့်စဉ်သွားအောင် မှုတ်ထုတ်ပစ်လိုက်သော အကြောင်းတရားတို့ မှာ အခြေခံကျသော အပြောင်းအလဲကြီး သုံးရပ်ကြောင့်ဖြစ်သည်။ ယင်းမှာ-

(၁) ကျွန်တော်တို့ ချင်း ဘယ်လို ဆက်သွယ်ကြသလဲ
(၂) ဘယ်လို ရင်းနှီးမြှုပ်နှံကြသလဲ ဆိုသော အချက်တွင် အပြောင်းအလဲကြီး ဖြစ်သွားခြင်းနှင့်
(၃) ကမ္ဘာကြီးကို ဘယ်လိုနားလည်သလဲ ဆိုသော အချက်တွင် အပြောင်းအလဲ ဖြစ်သွားခြင်း တို့  ဖြစ်ကြသည်။
            နံရံတံတိုင်းတို့  ပြိုလေရာ ကမ္ဘာကြီးအား တစ်ခုတည်းသော၊ စုစည်းထားသော၊ ပွင့်ဟနေသော မြေပြန့် လွင်ပြင်ကြီး တစ်ခု အဖြစ်သို့  ဖြစ်လာစေတော့သည်။………..
             လမ်းဘေးရောက်သွားသော၊ တမင်တကာပင် မြေပြန့် လွင်ပြင်မှ ဝေးရာသို့ ရှောင်ပြီး သဘာဝမကျ လူလုပ်နံရံဖြင့် ကာရံထားသော၊ တောင်ကြားထဲ နေလိုသော အမြန် ကမ္ဘာကြီးသည် မြန်လွန်းသည်၊ ထိတ်လန့် စရာများသည်။ တစ်ပုံစံတည်းဖြစ်လွန်းသည်၊ တောင်းဆိုလွန်းသည် ဟု ယူဆပြီး ဝေးရာမှ နေလိုသော တိုင်းပြည်တို့ သည် အနှေးကမ္ဘာထဲ အကြုံးဝင်တော့မည်။

             စစ်စစ် သမိုင်းရေစီးသည် ရပ်တန့် နေသည်မဟုတ်ပါ။ အကယ်၍ ” ဘာမှမထူး” ဟု ယူဆလျှင် ရပ်တန့် နေသည်မှာ သမိုင်းမဖြစ်နိုင်။ မိမိကိုယ်တိုင်သာ ဖြစ်ပါလိမ့်မည်။
             ခေတ်ပြိုင် ဂလိုဘယ်လိုက်ဇေးရှင်းမှာ ပထမကမ္ဘာစစ်မတိုင်မီကာလ မဆိုနှင့် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်နှင့်ပင် မတူတော့ပါ။ စစ်အေးခေတ် ၏ သင်္ကေတ မှာ နံရံတံတိုင်း (Wall) ဖြစ်ခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သင်္ကေတ မှာ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) တွေ ဖြစ်လာပါတော့တယ်။

                ဘာပဲဖြစ်ဖြစ် နံရံတွေနဲ့ ကာဆီးထားတဲ့ တံတိုင်းတွေ ပြိုပြီးသည့်နောက်ပိုင်းမှာ ကျွန်မတို့ တွေ သတိထားရမယ့် သမိုင်းအဖြစ်အပျက်တွေက အတုယူစရာကောင်းပါ တယ်။

                ဒီနေ့ လို ဘာလင်တံတိုင်းပြိုတဲ့နေ့ နှစ်နှစ်ဆယ်ပတ်လည် အချိန်မျိုးမှာ ကျွန်မ စဉ်းစားမိတာ တစ်ခုဟာ- ကျွန်မတို့ တွေ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) အင်တာနက်သုံးနေတဲ့ခေတ်မှာ ကာဆီးထားတဲ့ တံတိုင်းတွေ ခြားမိခဲ့သည်ရှိသော်၊ တံတိုင်းတွေလည်း ပြိုကျခဲ့ပြီး ဖြစ်လေတော့သည်။ အကြောင်းအရာပေါင်းများတိုက်ဆိုင်၍ တံတိုင်းတွေ ပြိုကျသွားခဲ့သော်လည်း ဆက်သွယ်လို့ ရအောင် ပေါင်းကူးပေးနိုင်မည့် တံတားတွေသည်သာ လောကကို အလှဆင်နေတော့မည် ဟု ယူဆပါသည်။
              Wall( တံတိုင်း) တွေအတွက် နံရံတွေ ပြိုကျအပြီးမှာတော့ PC (Window)  ပြတင်းပေါက်ကနေ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) ပေါ် ငေးမောကြည့်နေမိပါတော့သည်။

(ယောနိသော မနာသီကာရ)
လေးစားလျှက်
မြလေးသျှင်

စာညွှန်း။      ။ ကျော်ဝင်း – ကမ္ဘာပြားပြီ (ပထမတွဲ)
                      ကျော်ဝင်း- စာအုပ်များနှင့် နှစ်ပေါင်းများစွာ
                      မောင်စူးစမ်း- လက်ဇပ်ကားနှင့် သံလွင်ပင်

Advertisements

One comment on “ဘာလင်တံတိုင်းပြိုတဲ့ နှစ်နှစ်ဆယ်မြောက်နေ့ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s