13 ဂဏန်းရက်စွဲ ကံ
                    13 ဂဏန်းဆိုတာ ကံမကောင်းတက်လား ဆိုတဲ့ အယူသည်းမှုတွေ ကျွန်မ မှာတော့ မရှိပါဘူး.။ ဒါပေမယ့် 13 ဂဏန်းကို ကံဆိုးတက်တယ်လို့ ယူဆသူတွေ အတော်များပါတယ်။ ကျွန်မအတွက်တော့ ဒီနေ့ ဟာ 13 ဂဏန်းဖြစ်ပေမယ့် မထင်မှတ်ပဲ အသိမိတ်ဆွေ သူငယ်ချင်းဟောင်းများကို ဆုံတွေ့ လိုက်ရပါတယ်။
                    ဒီနေ့ လမ်းမှာ တစ်ယောက်က အတင်းလိုက်ဆွဲပြီး ခေါ်လိုက်လို့  တွေ့ သွားတော့ အရမ်းပျော်သွားခဲ့ပါတယ်။ နောက်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ကို မထင်မှတ်တဲ့ နေရာတွေမှာ ပြန်တွေ့ လိုက်တဲ့အတွက် ကျွန်မအတွက် 13 ဂဏန်းဟာ Bad number ဟုတ်တော့မည် မထင်ပါ။
                   သူငယ်ချင်းတွေ အရမ်းခင်တက်တဲ့ ကျွန်မတစ်ယောက်ဟာ သူတို့ ကို တွေ့ လိုက်ရတဲ့ အချိန်မှာ အရမ်းပျော်သွားပါတယ်။ ထူးခြားတာ တစ်ခုက သူတို့ တွေက ကျွန်မနဲ့  အသက်ရွယ်တူမဟုတ်ပဲ တစ်ယောက်က ငယ်ပြီး နောက်နှစ်ယောက်က ကျွန်မထက် အသက်နည်းနည်းကြီးပါတယ်။ အလုပ်တွေ အဆင်ပြေလား ဘာလား မေးကြရင်းနဲ့ သူတို့
                    ဘာပဲဖြစ်ဖြစ် ကျွန်မကို ခင်မင်လို့ မထင်မှတ်ပဲ တွေ့ လိုက်ရတဲ့အချိန်မှာ ကျွန်မတို့ သူငယ်ချင်းတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမှာပြုံးလိုက်တဲ့ အပြုံးဟာ ကျွန်မစိတ်ထဲ ဟန်ဆောင်အပြုံးတွေထက် အချိုဆုံးသာ ဖြစ်နေပါတော့တယ်။
အချင်းချင်းလက်ချင်းဆွဲပြီး နှုတ်ဆက်ကြချိန်မှာတော့ ကျွန်မတို့ ခင်မင်မှုတွေ အဆုံးသက်နိုင်တော့မည် မထင်ပါ။
ဘ၀တစ်သက်တာမှာ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရတဲ့ ကျွန်မ ပျော်ရွှင်ကြည်နူးနေမိတာ အမှန်ပါ………..
ဒီစာကို 13 ဂဏန်းအတွက် နောက်ရက် မကူးခင် 13 ရက် 12 နာရီမထိုးခင်အချိန် အတွင်းမှာ အမြန်ကောက်ရေးမိလိုက်ပါတယ်။
အားလုံးသူငယ်ချင်းတွေ ပျော်ရွှင်ချမ်းမြေ့ပါစေနော်…….
( ယောနိသော မနသီကာရ )
လေးစားလျှက်
မြလေးသျှင်
Advertisements
2 comments on “13 ဂဏန်းရက်စွဲ ကံ
  1. နှင်းရဲ့သူငယ်ချင်းတွေထဲမှာ ၁၃ ရက်နေ့မွေးတဲ့ သူငယ်ချင်း၂ ယောက်ရှိတယ်။
    စိတ်တူ၊ ကိုယ်တူတွေပဲ။ လုပ်မလားဟေ့လို့ တိုင်ပင်လိုက်တာနဲ့ ရှေ့ဆုံးက ခြေလှမ်းလှမ်းပြီးနေပြီ။
    အဲဒီသူငယ်ချင်းတွေကြောင့်ပဲ ၁၃ ဂဏန်းဟာ နှင်းအတွက်တော့ လပ်ကီး ဂဏန်းပဲ။
    🙂
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s