Art # ဓားခြစ်ပန်းချီ


ဒီနေ့ ကျွန်မ မြို့ ထဲလမ်းမပေါ်မှာ ဓားခြစ်ပြီးရေးထားတဲ့ ပုံလေးတွေလို့ ဝယ်ခဲ့ပါတယ်။ တစ်ပုံကို သုံးရာကျပ် နှစ်ပုံကို ငါးရာကျပ် ဆိုပြီး ရေးထားလို့ ကြည့်လိုက်တော့ ပုံလေးတွေ လှလို့ နှစ်ပုံ ငါးရာနဲ့ ဝယ်ခဲ့ပါတယ်။

နေ၀င်ဆည်းဆာ

ဒီပုံလေးက နေ၀င်ဆည်းဆာအချိန်မှာ မြင်ရတဲ့ မြင်ကွင်းလေးပါ…တဲအိမ်လေးနှစ်အိမ်ရှိတယ်…

အလည်သွားချင်ရင် လှေကလေးနဲ့ စီးသွားရုံပေါ့..

ကျွန်မ ဒီပုံလေးရွေးမိတာက လှေကားထစ်လေးတွေနဲ့ အရောင်ကို သဘောကျလို့ ပါ.

လသာခိုက်

တခြားပုံတွေအများကြီး ရှိတဲ့အထဲမှာ ဒီပုံလေးက ထူးထူးခြားခြား အနက်ရောင် အပြာရောင်ကို လှလှလေးသုံးထားပါတယ်။ တခြားရောင်စုံပုံတွေထက် ပိုငြိမ်ပြီး လလေးက သာနေပါတယ်။ တဲအိမ်လေးနှစ်အိမ်တည်း ရှိပေမယ့် သစ်ပင်အိုရယ်၊ တံတားလေးတစ်ဆင်းကတော့ သူ့ တဲအိမ်ရှေ့ မှာ ထိုးဆက်ထားတဲ့အတွက် တောက သဘာဝရူခင်းကို ပိုပေါ်လွင်လို့ ဒီပုံကို အရမ်းကြိုက်လို့ ဝယ်ခဲ့တာပါ။ မဆိုးဘူးနော်….)

ကျွန်မ စိတ်ကြိုက် သေသေချာချာ ဒူးထောက်ရွေးပြီး နှစ်ပုံကို ၀ယ်ခဲ့ပါတယ်။

ပန်းချီပုံတွေကို မဆွဲတက်သေးခင်မှာ လမ်းဘေးပေါ်မှာ ဆွဲနေတဲ့ ဓားနဲ့ ခြစ်ဆွဲထားတဲ့ ဆေးတွေနဲ့ ဆွဲထားတဲ့ သဘာဝတောရူခင်း ပုံလေးတွေကြည့်ရတာ အရမ်းကြည်နူးဖို့ ကောင်းပါတယ်။

ငွေကြေးအရ ကြည့်ရင် အနုပညာကြေးဆိုတာ တစ်ပုံ ၂၅၀ ကျပ်မှာ အရမ်း နည်းလှတာကို ကျွန်မ ခံစားရပါတယ်။ ကျွန်မ ဆရာကို ပန်းချီအကြောင်းနဲ့ ပက်သက်ပြီး မေးကြည့်တုန်းက

အဲလို လမ်းဘေးက ဓားနဲ့ ခြစ်ပြီး ဆွဲတဲ့ပန်းချီတွေအကြောင်း မေးခဲ့ဖူးပါတယ်။

ဆရာကပြောခဲ့သည်မှာ

” နင်က အဲလို လမ်းဘေးမှာ ဆွဲလို့ ဆိုပြီး အဲဒီ့ပန်းချီဆရာတွေကို အထင်မသေးနဲ့ ..

သူတို့ က ငါတို့ မြန်မာပြည်မှာမို့  အဲလောက်ငွေနည်းနည်း နဲ့ ဝါသနာအရ လမ်းဘေးမှာ ပုံဆွဲနေတာ.. တခြားနိုင်ငံခြားမှာဆို သူတို့ အနုပညာကို နိုင်ငံခြားသားတွေ အရမ်းသဘောကျတာ….ငွေတွေအများကြီးလည်း ရတာ ” တဲ့။

စဉ်းစားကြည့်တော့ ဟုတ်ပါတယ်….တကယ့်ပန်းချီကားချပ်တွေဆို ဈေးအတော်ကြီးပါတယ်။ ဒီလို လမ်းဘေးရောက်သွားတဲ့ ပန်းချီများကျတော့ အနည်းငယ် တန်ဖိုးတော့ နည်းပါတယ်။ ကျွန်မကတော့ ဘယ်ပညာရပ်မဆို အရမ်းလေးစားတက်ပါတယ်။

ဓားခြစ်ပုံရူခင်းဆွဲသူဆရာကို လမ်းဘေးမှာ ထိုင်ပြီး ဆွဲနေပေမယ့်လည်း

သူ့ ပညာနဲ့ သူ ၊ ၀ါသနာနဲ့  အသက်မွေးဝမ်းကျောင်းပြုနေတာကို လေးလေးစားစားနဲ့ စကားအနည်းငယ်ပြောခဲ့ပါတယ်။

ကျွန်မလေ အနုပညာဘက်ကနေ ကြည့်ပြီး အားမလို အားမရဖြစ်ခဲ့ပေမယ့်

အဲသည့်ပန်းချီကို ဂုဏ်ပြုတဲ့အနေနဲ့ ပုံလေးတွေကို ဓာတ်ပုံရိုက်ပြီး တင်လိုက်ပါတယ်။

(မှတ်ချက် ။ ။ ပုံလေးတွေမှာ လိပ်ပြီးယူလာရလို့ ပြန့် သွားအောင် ရေခဲသေတ္တာပေါ်တင်ရိုက်ပြီး သံလိုက်တုံးအရုပ်လေးတွေနဲ့ ကပ်ထားလို့ မျက်စိအနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ပါရှင့်။)

မြလေးသျှင်

Advertisements
By mevision Posted in Art Tagged

5 comments on “Art # ဓားခြစ်ပန်းချီ

    • လင့်မချိတ်ထားပါဘူး..မချိတ်တက်သေးလို့ မလုပ်တက်သေးလို့ …
      Multiply မှာ ရေးပြီးတော့ ဒီမှာသက်သက်ပြန်တင်ရတာပါ.
      မလုပ်တက်သေးလို့ စမ်းနေတုန်းမို့ မပြောသေးတာပါ.
      Cbox လည်းထည့်တာ blogspot မှာရတယ်…
      ဒီမှာ ထည့်လို့ မတက်သေးဘူး….ဒါကြောင့်ပါ အကိုတိုး…
      လာအားပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်….:D

  1. ဖြစ်ပါဘူး အနှောက်ယှက်
    မာတီကိုလာတော့ဘူး
    ဒိကိုဘဲလာတော့မယ် နေ့ တိုင်းရေးနော် ဒါဘဲ
    စီဘောက်လည်းတပ် မထားဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s