Grammar ကို အခြေခံသည့် ဟိုက်ကူ


Grammar ကို အခြေခံသည့် ဟိုက်ကူ

သည်ဘက်ခေတ်တွင် ဟိုက်ကူပုံစံတစ်မျိုး ပြောင်းလဲလာပြန်သည်ကို တွေ့ ရှိရသည်။ ကျောင်းသားများ မိမိတို့ တက်ထားသည့် Grammar ကို အတွေးအခေါ်ဆန်ဆန် ၊ အနုပညာရသ ပြောင်မြောက်စွာ ဖော်ထုတ်နိုင်သည့် အသုံးချ ဟိုက်ကူများ ပေါ်ပေါက်လာသည်။ အထူးသဖြင့် Verb, Adjective, Adverb ဤသုံးမျိုးကို ဘယ်လောက်အထိ နောကြေသည်ကို ဆန်းစစ်နိုင်သည့် ဟိုက်ကူများ ပေါ်ပေါက်လာခဲ့သည်။

ဟိုက်ကူကိုစပ်သည့် နည်းပုံစံသည် မခဲယဉ်းလှပါ။ အောက်ပါ ဖော်မြူလာကို အသုံးပြုပါက ဟိုက်ကူကဗျာကောင်းတစ်ပုဒ်ကို ရနိုင်ပါသည်။ ၎င်းပုံစံကို ဆရာသည် ”ပထမပုံစံ” သို့ မဟုတ် First Rhythm( ပထမရစ်သမ်) ဟူ၍ အမည်တပ်ခေါ်ထားပါသည်။



Noun (Plural or Uncountable Noun)

V-ing+ Adverb

Adjective

Propositional Phrase ( Preposition ပါသောစကားစု)

Adjective




အထက်ပါ ပုံစံအတိုင်း သင့်တော်သည့်စကားလုံးများကို သူ့ နေရာနှင့်သူ ထည့်သုံးပါက ကဗျာဆန်ပြီး တွေးခေါ်နက်နဲသည့် အကြောင်းအရာတစ်ခုကို ရနိုင်ပါသည်။ စာကြောင်းရေအားဖြင့် ငါးကြောင်းတိတိရှိပြီး၊ စာကြောင်းအသီးသီးကို Capital Letter ဖြင့် အစပျိုးထားသည်ကို သတိချပ်ပါ။

အထက်ပါ ဖော်မြူလာကို အသုံးပြု၍ ရေးဖွဲ့ ထားသည့် ဟိုက်ကူနမူနာအချို့ ကို လေ့လာကြည့်ကြပါစို့ ။



Space

Stretching endlessly

Black

Through eternity

Cold



အဆုံးမရှိသော အေးစက်လွန်းသည့် မဟူရာ အာကာသဟင်းလင်းပြင်ကို ဖော်ကျူးထားသည်ကို တွေ့ ရပါသည်။ ကျစ်လျစ်မှုရှိသည့်အပြင် စကားလှပြီး အဓိပ္ပာယ် ကျယ်ဝန်း နက်ရှိုင်းသည်ကိုတွေ့ ရသည်။ V-ing, Adjective, Adverb တို့ ကို ဆီလျော်အောင် ရွေးချယ်ထားသည့်အတွက် အလွန် ထိထိမိမိ ရှိသည်ဟု ဆိုရမည်။



Water

Flowing slowly

Beautiful

Through the land

Cool


ဖော်ပြပါ ဟိုက်ကူသည် စကားကြီး စကားကျယ်လုံးဝ မသုံးထားသော်လည်း သဘာဝပန်းချီကားချပ်ကြီး တစ်ချပ်ကို  မျက်စိထဲ အပြည့်အ၀ ထင်ဟပ်စေသည်။ ရင်ထဲအေးသွားစေသည်။ အေးချမ်းသော တောတောင် သဘာဝ သာယာမှုကို ခံစားစေသည်။

အထက်ပါ ဟိုက်ကူသည် နေ၀င်ဆည်းဆာကို ဖော်ကျူးထားသော ဟိုက်ကူဖြစ်သည်။ ရိုးရိုးရှင်းရှင်းစကားလုံးများဖြင့် ရေးဖွဲ့ ထားသည်။ အဠမတန်းအဆင့်ရှိဝေါဟာရများကိုသာ ရွေးချယ်၍ထားသည်။ ဒါပေမယ့် ရသမြောက်သည်။ တစ်နေကုန်တစ်နေခမ်း အပူလှိုင်းထုတ်လွှတ်ပေးခဲ့သည့် နေမင်းကြီးသည် ညနေဆည်းဆာအချိန်၌ အပူချိန်လျော့ကာ ငုပ်လျှိုးကွယ်ပျောက်မသွားမီ ပင်လယ်ပေါ် မေးကလေးတင်နေပုံကို မျက်စိထဲ မြင်ယောင်စေသည်။


Chickens

Screaming Loudly

Bloody

Under the knife

Sad


အထက်ပါဟိုက်ကူသည် အလွမ်းအဆွေး၊ ကြက်သီးထဖွယ်၊ ရင်သပ်လှိုက်မောဖွယ် ရသအစုံအလင်ပါအောင် ဖွဲ့ နွဲ့ သီကုံးထားသည့် ဟိုက်ကူတစ်မျိုးဖြစ်သည်။ ဤအပုဒ်တွင်လည်း စကားလုံးရွေးချယ်မှုအားကောင်းသည်။ စကားလုံးများကို အဆင့်နိမ့်နိမ့် သုံးထားသည်။ ဒုတိယစာကြောင်းကပဲ စာဖတ်သူ၏အသည်းဘ၀င်ကို လှုပ်ရှားစေနိုင်ပါသည်။ Sad ဟူသည့် Adjective တစ်လုံးတည်းဖြင့် နိဂုံးချုပ်ထားပုံကပင် စာပိုဒ်တစ်ခုလုံးကို အားဖြည့်ပေးလိုက်သလိုဖြစ်ပါသည်။ လည်စင်းခံနေရရှာသည့် ကြက်ငယ်လေးများကို ဖတ်ရင်းနှင့် စိတ်မကောင်းဖြစ်စေသည့်အလွန် ထိရောက်သော ဟိုက်ကူ ဖြစ်ပါသည်။

Saya Lawrence ရေးသည့် Top English စာစောင်မှ Haiku ဟိုက်ကူသဒ္ဒါ ဆောင်းပါးမှ ဆရာရေးသားသည့်အတိုင်း ကူးယူဖော်ပြအပ်ပါသည်။

5- 7- 5 ငါးစ၊ ငါးဆုံး ၊ အလယ်လုံး ရေးထုံးခုနှစ်ဖြစ် ဟိုက်ကူဖြစ် စကားရှိသော်လည်း English Grammar ကို အခြေခံသည့် ဟိုက်ကူဖြစ်သည့်အတွက် အင်္ဂလိပ် သဒ္ဒါပုံစံဟိုက်ကူဖြင့် တင်ပြလိုက်ပါသည်။

အထက်ပါ ဟိုက်ကူကဗျာများနဲ့ ပက်သက်လို့ ဟိုက်ကူကဗျာအတွက် မသိသေးသည်များ ကျွန်မ၏အလွဲများအတွက် ထပ်မံသင်ယူလိုပါသဖြင့် တစ်ခုခု ရေးပေးပါလျှင် ၀မ်းမြောက်ဝမ်းသာကြိုဆိုနေပါသည်ရှင့်။

ယောနိသောမနသီကာရ
လေးစားလျှက်
မြလေးသျှင်

Advertisements

6 comments on “Grammar ကို အခြေခံသည့် ဟိုက်ကူ

  1. ဟုတ်ကဲ့ လာရောက်လေ့လာသွားပါတယ်ခင်ဗျား။ ကျွန်တော်ဆီကိုလည်း လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။ ရေးစရာနေရာမတွေ့လို့ ဒီမှာဝင်ရေးသွားတာကိုတော့ ခွင့်လွတ်ပေးပါ။ ပျော်ရွှင်ပါစေ။

  2. အင်္ဂလိပ်လို ဟိုက္ကု ခုမှဖတ်ဘူးပါတယ် ကျေးဇူးနော်မီးလေး
    ဆက်လက် ရေးသားနိုင်ပါစေ

  3. ဟုတ်ပါပြီ အခုလိုတင်ပြပေးတာကိုကျေးဇုးဗျာ
    အချိန်ရရင်တော့ သေသေချာချာလေ့လာပြီးရေးကြည့်မယ်
    ကျနော်လည်း လေ့လာနေတုန်းပါ…… မသိတာများတုန်းဆိုပါတော့း)

  4. သျှင်ရေ…
    အဲ့ဒီလို ကဗျာမျိုးလေးတွေကို ဖတ်ဖူးပါတယ်…။ တိုတိုလေးတွေနဲ့ ထိထိမိမိရှိလို့လည်းနှစ်သက်ခဲ့ဖူးပါတယ်…။ ဝေမျှပေးတာ ကျေးဇူးနော်ဗျာ…။
    (စီဘောက်လေး မမြင်မိလို့ ဒီမှာရေးလိုက်ပါတယ်နော်…။ လာလည်သွားတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…။)

    ခင်မင်တတ်တဲ့
    ဏီလင်းညို

  5. ဒါလည်း မိုက်တယ်ဟ.. တော်တော်ထိတယ် သူ့ရေးနည်းက နေ့အိပ်မက် တစ်ခါမှမဖတ်ဖူးသေးဘူး. တင်ပေးတာ ကျေးဇူးနော်မမ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s