ကိုယ့်အခန်းထဲက လျို့ ဝှက်မှု
တစ်။      ။ အမိုး က ပြောတယ်…..မြင့်မြင်ကြံပါကွဲ့ ။ (ရည်မှန်းချက် မြင့်မြင့်ထားဖို့ )
အမိုးမျက်နှာကျက်တွေ ကျွန်မတို့  လှမ်းကြည့်ရင် ခပ်မြင့်မြင့်မြင်သာမြင်ရတယ်။ တခါတလေ ပိတ်နေသလိုမျိုးခံစားရပါတယ်။ဒီလိုမျိုးဆိုရင်တော့ အောင်မြင်မှုရမှာမဟုတ်ပါဘူး။
နှစ်။       ။ ပန်ကာကတော့……….အေးမြခြင်းတွေဖြစ်ဖို့ ပေါ့။
တခါတလေကြားဖူးတာရှိပါတယ်။ ညကအိုက်လို့ အေးချင်လို့ ပန်ကာဖွင့်ထားလိုက်တာ မနက်လည်း ရောက်ရော လေဖြန်းပြီး ကိုယ်တခြမ်းသေရောတဲ့။ ဟိ…လွန်ကဲရင်ပါ။
သုံး။      ။ နာရီကပြောပါတယ်………မိနစ်တိုင်း တန်ဖိုးရှိနေတယ်။
ဟုတ်တော့အရမ်းဟုတ်တယ်။ တခါတလေ တန်ဖိုးရှိမှန်းမသိပဲ ဖြုန်းတီးမိတာတွေများပါတယ်။ ကျွန်မက အိပ်ခန်းထဲကနာရီတွေဆို အမြဲနိုးစက်ပိတ်ပြီး ပြန်အိပ်တက်ပါတယ်။
လေး။       ။ ကြေးမုံကပြောတယ်…….. မင်းလုပ်တဲ့အလုပ်တိုင်း တန်ပြန်သက်ရောက်နေတယ်။
တကယ်တမ်းပြန်စဉ်းစားကြည့်တော့ မှန်ကို ကျွန်မတို့ စာအုပ်တစ်အုပ်ယူပြီး မှန်ကနေကြည့်ရင် ပြောင်းပြန်ပေါ်ပါတယ်။ လူကတော့ မသိသာပေမယ့် စာလုံးတွေကတော့ ပြောင်းပြန်ပေါ်တာ သိသာပါတယ်။လူကပြုံးရင် မှန်ထဲမှာလည်း ပြုံးတာပေါ်တယ်။ စာလုံးတွေကျတော့ ပြောင်းပြန်ပေါ်တော့ စဉ်းစားစရာပါပဲ။ တကယ်တမ်း မှန်ဆိုတာတောင် မမှန်ပါလားနော်…..။
ငါး။         ။ ပြတင်းတံခါးကတော့ ……ကမ္ဘာကြီးကို ကြည့်မြင်ဖို့ ပါ။
ပြတင်းပေါက်ကနေ မျက်စိတဆုံးမမြင်နိုင်ပဲ တဒင်က အမြင်ပဲတကယ်တမ်းရတာပါ။
တကယ်တမ်းကမ္ဘာကြီးကို ခဏလေးနဲ့ အမြန်  မြင်နိုင်ဖို့ ကျွန်မလုပ်နေကြအလုပ်တစ်ခုရှိပါတယ်။ အဲဒါကတော့ Window ပေါ်ကနေ အင်တာနက်နဲ့ အမြန်Type ရိုက်ပြီး ကြည့်လိုက်တာပါပဲ ဟဲဟဲ..လွယ်တယ်နော်…လွယ်မှာပေါ့ ။ ကျွန်မတို့ လုပ်နေကြ နည်းလမ်းတွေပဲဟာ…။
ခြောက်။         ။ ပြက္ခဒိန်တွေကတော့ ……..ခေတ်နဲ့ အမှီရင်ဘောင်တန်းနိုင်အောင်။
တကယ်တမ်းဒီဟာကို တခြားတစ်ဖတ်ကနေ အမြင်ကပ်စွာစဉ်းစားမိတာ အရင်ပါ။
ပြက္ခဒိန်တွေက နေ့ စွဲ ရက်အဟောင်းတွေကိုကြည့်လို့ ရအောင်လည်း ဟုတ်တယ်လေ…နော်
ရှစ်။         ။ တင်စရာစင် တွေကတော့…. မင်းဘ၀ထဲမှာရှိတဲ့ ပစ္စည်းသစ်တွေကို ကမ္ဘာကြီးနဲ့  အညီ ခေတ်ရှေ့ ပြေးအောင် တင်ထားဖို့ ။
တကယ်တော့ တင်စရာတန်းတွေ ဘေစင်တွေသာရှိပြီး ပစ္စည်းတွေဈေးကြီးလို့ မ၀ယ်ထားနိုင်တဲ့အခါ အလွန် အားငယ်..
Internet မှ ရတဲ့ပုံများဖြင့် စုစည်းတင်ပြလိုက်ပါသည်။
( ယောနိသော မနသီကာရ )
လေးစားလျှက်
မြလေးသျှင်
Advertisements
2 comments on “ကိုယ့်အခန်းထဲက လျို့ ဝှက်မှု
  1. မီးလေး
    မီးလေး အခန်းထည်းကို တိတ်တိတ်လေး ၀င်ကြည့် သွားတယ် အမိုးက ပြောတယ် (ကရင်လို့ ပြောတာဟုတ်ဘူးနော် ခေါင်မိုးကိုပြောတာ)
    ငါ့လို မြင့်မြင့် နေနိုင်ဘို့ သူများအပေါ်နေနိုင်ဘို့  ဘေးက ဒေါက်တွေ လိုသေးတယ်တဲ့ (စဉ်းစားစရာလေးဘဲ)
    ပန်ကာကလည်းပြောသေး
    ပူတဲ့ နိုင်ငံတွေ မှာ အေးဘို့ လိုတာကွ မင်းက ဖင်လန်မှာ ရေခဲပြင်ပေါ်နေပြီး ပန်ကာဖွင့်ထားရင် အရူးလား ဟားဟားဟား တဲ့ (ဒါလေးလည်း စဉ်းစားဘို့ )
    နာရီဟာ မိနစ်တိုင်းအတွက် တန်ဘိုးရှိပေမယ့် မိးလေး လို ပိတ်အိပ်တဲ့သူတွေအတွက် အသုံးမ၀င် နိုင်ပါဘူးကွာ တဲ့ ( ဒါလေးလည်းစဉ်းစား)
    မှန်ကလည်းပြောသေး
    မင်းလုပ်တဲ့အလုပ်တွေက တန်ပြန်သက်ရောက်မှုရှိပေမယ့် လားရာဘက်တော့ဆန့် ကျင်နေလိမ့်မယ်တဲ့ (မီးလေး ပြောသလို ပြောင်းပြန်ပေါ်တာကို ဆိုလိုတာထင်တယ်) မင်း မှန်တိုင်း လျှောက်မလုပ်နဲ့ တဲ့ လူတော်တော်များများက အမှန်တရားကိုလက်မခံကြဘူးတဲ့
    ပြတင်းပေါက်ကလည်းဆရာကြီး ၀င်လုပ်သွားသေး
    ဟေ့ကောင်တဲ့ ကမ္ဘာလောကကြီးက အကျယ်ကြီး ငါ့လို ဘောင်ခတ်မကြည့်နဲ့ တဲ့
    ပြက္ကဒိန်ကတော့ ပုံမှန်ပါဘဲ မင်းအလုပ်မင်းလုပ် ငါ့အလုပ်ငါလုပ်မယ်တဲ့ မင်းတို့ လို လောဘ ဒေါသ မောဟ တွေ များနေတဲ့ လောကကြီးမှာ လူတွေက ရပ်နေကြပေမယ့် ငါကတော့ ဘယ်သူ့ မှ စောင့်မနေဘူးတဲ့
    တံခါးတွေကလည်းပြောသေး
    မောင်လေးတိုး တဲ့ လောကကြီးကိုကြည့်တဲ့အခါ ငါ့လို ပိတ်မကြည့်ပါနဲ့ တဲ့ ဖွင့်ထားတဲ့ နှလုံးသား ( open mind )နဲ့ ကြည့်ပါကွဲ့ တဲ့ ဒါမှ တိုးတက်မှာတဲ့
    တင်စရာ စင်တွေကတော့ ဟေ့ကော နိုင်သလောက်ဘဲတင်တဲ့ မနိုင်ဘဲတင်ရင်ပြုတ်ကျမယ်ကွဲ့ တဲ့ လူဆိုတာ သူနိုင်သလောက် ဘဲ ၀န်ကိုထမ်းရတယ်ကွဲ့ တဲ့
    ဘာဘဲပြောပြော မီးလေး အခန်းထည်းတိတ်တိတ်လေး ၀င်ကြည့်တာ ဗဟုသုတတွေ ရသွားတယ် သိလား
    ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ ကွယ်
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s