ငါသိသော မော်ဒန် ဗာ့ဆပ်(စ်)




နေဟာ လမဟုတ်ဘူး
လဟာ ကြယ်မဟုတ်ဘူး
နေလိုလလို မလင်းချင်နေ
မှိတ်တုတ်မှိတ်တုတ်ကြယ်လောက် လင်းသလို ငါဟာ လင်းလက်ခွင့်ရှိတယ်။

အိမ်ဟာ လမ်းမဟုတ်ဘူး
လမ်းဟာ လွတ်လပ်ခြင်းမဟုတ်
ဒါပေမယ့် ငါတို့ တွေ အဓိပ္ပာယ်ရှိရှိ လမ်းလျှောက်ခွင့်ရှိတယ်။

နူးညံ့ခြင်းရဲ့ တစ်ဖက်မှာ ရက်စက်ခြင်းတွေရှိတယ်
ကျဆုံးခြင်းရဲ့ အောက်မှာ အောင်မြင်မှုတွေရှိတယ်
ဒီဟာတွေ ရောမွှေဖို့ အင်အားရှိဖို့ ခံနိုင်ရည်ဆေးကို ကိုယ်တိုင် အရည်ကျိုသောက်ရမယ်။

နင်ဟာ ငါမဟုတ်ဘူး
ငါခရီးရောက်ဖို့ နင်လိုက်ပို့ တာမဟုတ်။
နင်လမ်းမြင်ဖို့ ငါလမ်းပြတာမဟုတ်
တကယ်တမ်းတော့ ဒီလိုနဲ့ သွားနေကြ လမ်းတွေပေါ်မှာ အမှတ်မထင် ဆုံတွေ့ နေကြ ခရီးသည်တွေသာ။

အိပ်မက့်ဟာ နေ့ အစစ်မဟုတ်ဘူး။
အိပ်မက်တွေက နိုးလာရင်တော့ နေ့ သစ်တွေ လတ်လတ်ဆက်ဆက် ရမယ်။
ဒါဟာ မျှော်လင့်ခြင်းပဲ။

မျှော်လင့်ခြင်းတွေထဲမှာ ငါအမြဲမနေပါဘူး
လိုအပ်ရင် သီအိုရီကို အရည်ကျိုသောက်ပြီးမှ ငါအပြင်ထွက်ချင်တယ်။
ငါကိုယ်တိုင် လှောင်ပိတ်မွှန်းကြပ်တာကို မလိုလားလို့ ပဲ။

မြလေးသျှင်
Advertisements

2 comments on “ငါသိသော မော်ဒန် ဗာ့ဆပ်(စ်)

  1. မာတီမှာရေးထားတာလေး ဖျက်လိုက်တယ်နော်
    သူများတွေ တမျိုးထင်မှာ စိုးလို့ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s