မြန်မာပြည်ရောက် ဂျပန်စစ်သည်တစ်ယောက် ရဲ့ဟိုက္ကူများ


ဟိုက်ကူလို့ ကျွန်မခပ်လွယ်လွယ်ခေါ်နေတဲ့ ဟိုက္ကူကဗျာတွေကို အချိန်ရရင် လေ့လာနေကြည့်ပါတယ်။ ဟိုးတလောက စာအုပ်အဟောင်းဆိုင်တွေမှာ လိုက်ရှာကြည့်တော့ ဆရာကြီးမင်းသုဝဏ်ရဲ့ ဟိုက်ကူကဗျာစာအုပ် မရှိတော့ပါ။ ဆရာ ရဲမြလွင်ရဲ  ”ဟိုက္ကုကဗျာ ချစ်စရာ” စာအုပ်လေးပဲ ရှားရှားပါပါးသွားတွေ့ ပြီး ၀ယ်လာခဲ့ရပါသည်။ စာအုပ်လေးက အပြင်ကကြည့်ရင်  1995 ဇွန်လလောက်ကထုတ်တာမို့ နည်းနည်းဟောင်းနွမ်းနေပေမယ့် အထဲမှာ သဘောကျဖို့ ကောင်းတဲ့ စာသားတွေနဲ့ အခန်းအလိုက် အလှဆင်ထားတာမို့  ကျွန်မအတော် သဘောကျမိပါတယ်။
” 575 တိုင်း ဟိုက္ကူလား”ဆိုတဲ့ စိတ်ဝင်စားဖွယ်အခန်းတွေလည်းပါသလို  ဒီစာအုပ်ထဲမှာ ထူးခြားတဲ့ ခေါင်းစဉ်တစ်ခုလည်းပါတာကို သတိထားမိပါတယ်။

” မြန်မာပြည်ဖွား ဟိုက္ကုများ” ဆိုပြီး ဆရာရဲမြလွင်က ဆိုထားလို့ ပါ။ ဇာတ်လမ်းလေးက ဒီလိုရေးထားပါတယ်-
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်စစ်သားတွေအများကြီး မြန်မာ့မြေပြင်သို့ ရောက်လာပြီး အင်္ဂလိပ်နှင့် စစ်တိုက်ကြသည်။ ထိုအထဲတွင် ကဗျာဆရာလေး ဟာရာဒါသည် ဘုရင့်အမိန့် ဟုဆိုကာ ဘုမသိ ဘမသိ ပါလာသည်။ တနင်္သာရီရိုးမကိုကျော်၍ မော်လမြိုင်ကို ဖြတ်ပြီး ရန်ကုန်ကိုသိမ်းသည်။  အင်္ဂလိပ်စစ်တပ်ကုလားပြည်ထဲသို့ ဆုတ်ပြေးသည်။ ဟာရာဒါတို့ လိုက်တိုက်ရင်း ရခိုင်ရိုးမ ဘက်ဆီသို့ ရောက်လာသည်။  တစ်ည ဟာရာဒါ ကင်းစောင့်နေသော တောင်ကောင်းကလေးဆီသို့  ရန်သူ လေယာဉ်တစ်စင်း ဝေါကနဲ ဖြတ်၍ ပျံသန်းသွားပြီး တောင်ဘက်ပင်လယ်ဘက်ဆီမှ အမှောင်တွင်း၌ ပျောက်ကွယ်သွားသည်။ ဟာရာဒါသည် တောင်ဘက်ရှိ မည်းမှောင်သော ကောင်းကင်ဘက်ဆီ၌ တံငါ့ကွန်တိုင်ကြယ်ကလေးများ အေးချမ်းစွာတောက်ပနေသည်ကို တွေ့ ရသောအခါ သေနတ်ကိုချ၍ ကလောင်ကို ကိုင်ပြီး ဟိုက္ကုကဗျာလှလှလေးတစ်ပုဒ်ကို ရေးချလိုက်လေသည်။

Teki  Ki  sa  ri
တဲကီ  ကီ ဆ ရီ
ရန်သူ့  လေယာဉ်ကွယ်

A ra ka-n no yami
အ ရ ကန် နော့ ယာမိ
ရခိုင်ရိုးမ အမှောင်ဝယ်

Ju u ji se i
ဂျု အူး ဂျီ ဆဲ အိ
တံငါ့ ကွန်တိုင်ကြယ်။

ဂျပန်စစ်သည်လေးဖြစ်ပေမယ့် ကဗျာဆရာလေးဖြစ်တဲ့ ဟာဒါရာက ကျွန်မတို့ မြန်မာပြည်က အငွေ့ အသက်လေးတွေနဲ့ ဟိုက်ကူကဗျာတွေ စပ်ဆိုသွားတာဖြစ်တဲ့အတွက် ကျွန်မတို့ အတွက် အမှတ်တရဖြစ်ခဲ့တဲ့အတွက် ဆရာရဲမြလွင်ဘာသာပြန်တင်ပေးသည်များကို ရေးတင်လိုက်ပါသည်။

ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်

မှတ်ချက်။        ။ ဆရာရဲမြလွင်ရဲ့ စာအုပ်တွင် ဟိုက်ကူများကို ဟိုက္ကု ဟု ရေးထားပါသည်။

Advertisements

One comment on “မြန်မာပြည်ရောက် ဂျပန်စစ်သည်တစ်ယောက် ရဲ့ဟိုက္ကူများ

  1. ကျေးဇူးတင်ပါတယ်အစ်မရေ…ရှာရှာဖွေဖွေဖတ်ပြီး ပြန်မျှဝေဖို့ သတိရတဲ့အတွက်ကျေးဇူးပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s