ဝေဒနာ နံရိုး


ဝေဒနာ နံရိုး
အရင်တုန်းက စားခဲ့တဲ့ ၀က်နံရိုး
အရသာ ငါမသိတော့ဘူး။

နံရိုးကြော်နဲ့ စွပ်ပြုတ်လုပ်သောက်ဖို့ ပြောနေကြတဲ့လူတွေကြား
နံရိုးတွေ သိပ်များနေပြီလား။

စားမယ်သောက်မယ်တကဲကဲ
သားရေတော့ကျပါတယ်
ဒါပေမယ့် ငါ့နံရိုးက မင်းဆီရောက်နေတယ်….

သူများတွေလို တယုတယနဲ့ ချွဲ
ရင်ထဲမှာ အလွမ်းငွေ့ တွေနဲ့ အာပူလျှာပူလုပ်သောက်ဖို့ 
ဘယ်တော့မှ စိတ်မကူးခဲ့တဲ့ငါ
မင်းရဲ့ ပုံရိပ်တွေကြားထဲမှာ လွင့်မျောနေတက်နေပြီကွာ…

ကဲ…ဘယ်လိုလုပ်မလဲ

ငါအခွင့်မရှိပဲ မတောင်းချင်ပါဘူး
မင်းယူသွားတာ ငါ့နံရိုးမှန်ရင်တော့ ပြန်ပေးပါလားကွာ…
ငါ့ရင်ဘက်ထဲကဝေဒနာတွေ ပြန်ဆက်မလို့ ။


မြလေးသျှင်

[ မရေးတက် ရေးတက် စိတ်ထဲရှိတာလျှောက်ရေးတဲ့ ကျွန်မရဲ့ ”မင်းအတွက်
ငါ” ကဗျာကို နံရိုးကြော်တွေ စွတ်ပြုတ်လုပ်သောက်မယ်ဆိုပြီး ပြောပါများလွန်းလို့ နောက်ထပ် ကဗျာတစ်ပုဒ်ထပ်ရေးလိုက်တာ..ကြာရင် ၀က်နံရိုးကဗျာဖြစ်တော့မှာပဲ။..သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါပဲနော်…]

One comment on “ဝေဒနာ နံရိုး

Leave a comment