ကဗျာလိုက်ပွဲ


ဟင်းတွေ သိပ်ပြီးချိုတောင်မှ

အသုတ်ကျတော့ ချဉ် ငန် စပ်။

အကင်းပါးတဲ့သရက်သီးစိမ်း

ဝါးကြည့်လိုက်တော့ ဖန်တန်တန်

” ကြက်ဟင်းခါး…ဒါလည်း ထည့်စား ” လို့ အမေက ပြောတယ်။

စားပြီးရင် အီတဲ့ ၀က်နံရိုးကြော်..ဟဲဟဲ ငါသိပ်ကြိုက်တယ်

ညစ်ပတ်နေတဲ့ လက်သုတ်ပ၀ါကို လှမ်းသုတ်ရင်း

နောက်ဆုံးတော့ ငါထပ်မှာလိုက်တယ်

ဘယ်တော့မှ မရိုးနိုင်တဲ့

“အဖြူရောင် ထမင်းတစ်ပွဲ”

ဘယ်ရယ်မဟုတ်ပါဘူး..ကြောင်တောင်တောင်နဲ့ ကဗျာတစ်ပုဒ်ရေးလိုက်ပြန်ပြီ။ အားမနာတမ်း ကဗျာဝိုင်းထဲဝင်စားကြည့်ပြီး လျှောက်ရေးထားတဲ့ တောင်ရောက်မြောက်ရောက် ကဗျာအား ဝေဖန်ပေးကြပါကုန်။

ဒီကဗျာလေး ရေးလိုက်တာ အတွေးတစ်ခုကပါ ။

” ညစ်ချင်တာညစ်
ကိုယ်ကျင့်တရားကောင်းရင်လက်ခံပါတယ် ”
ဆိုတဲ့ ဦးကြီးတိုး စကားတစ်ခွန်းကပါ။

မှတ်ချက်။      ။ ကဗျာအား ကျွန်မကိုယ်တိုင် ၀ါးပြီးတော့ မကျွေးတော့ပါ။ ကိုယ်တိုင်ဝါးကြည့်မှ အရသာပေါင်းစုံထွက်လာပါမည်။ အစားအစာအပြင် တခြားအနက်အဓိပ္ပာယ်များဖြင့် တည်ခင်းသုံးဆောင်နိုင်ပါသည်။ အိပ်သျှင်က လွှတ်သဘောကောင်း၍ ကျွေးသော်လည်း အစာမကျေ ရင်ပြည့် ရင်ကယ် ဗိုက်အောင့်လေအောင့်တွေ ဖြစ်ပေါ်လာပါက ချင့်ချိန်စားသုံးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

ပုံ

စေတနာရှိသော

မြလေးသျှင်

Advertisements

One comment on “ကဗျာလိုက်ပွဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s