ရေးပေးပါ #”TAG”
လေတံခွန် Tag ထားတာ ကြာလာပါပြီ။ ဒီကြားထဲမှာ ရေးဖို့ အကြိမ်ကြိမ်ကြိုးစားနေဆဲမှာ ပြီးခဲ့တဲ့ရက်တွေက ကွန်နက်ရှင်ကြောင့်ရယ်၊ ကျွန်မ မအားလို့ မရေးရသေးတဲ့ “ရေးပေးပါ” လေးပါ။ ဒီနေ့ တင် ရေးနေတုန်း ကွန်ပြူတာ error ဖြစ်ပြီး စက်ပိတ်သွားလို့ နှစ်ခါပြန်ရိုက်ရပြီး မရရအောင် ထပ်ရေးလိုက်ပါတယ်။
နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် လေတံခွန်ရေ…
၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် – မြလေးသျှင် (Multiply ကတော့ သျှင် လို့ ခေါ်ကြပါတယ်။)
၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က – စမတ်ကျကျဝတ်ချင်ပါတယ်။ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေကို အကြိုက်ဆုံးပါ။
၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ – ကြေးအိုး၊နဲ့ စတော်ဘယ်ရီဖျော်ရည် (ရေးရင်း ဗိုက်ဆာတယ်ဟာ)
၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)- စာအုပ်တွေပါ။
၅။လိုချင်တဲ့ လက်ဆောင် – မျှော်လင့်ထားတဲ့သူဆီက နှင်းဆီတပွင့်တည်းပါ။
၆။အကြိုက်ဆုံး ဇာတ်ကား- အဖေနဲ့ သားများ ( ညွှန့် ဝင်း၊နေဆန်း၊ကျော်သက် တို့ ရဲ့ ဟာသတွေကြိုက်လို့ )
၇။အကြိုက်ဆုံး ဟာသဇာတ်ကောင်- Mr.Bean ( အူကြောင်ကြောင်နိုင်တာ တစ်ခါတလေ ကျွန်မနဲ့ တူလို့ )
၈။ အကြိုက်ဆုံးစာရေးဆရာ – ဒေါက်တာနေဇင်လတ်၊ မောင်စူးစမ်း၊ ဦးဇောတိက၊ ကျော်ဝင်း၊ ကိုတာ …အများကြီးပါပဲ
၁၀။အချစ်ဆုံးသူရှိရင် – ကိုယ့်ကိုကိုယ်သိပ်ဂျစ်တယ်။
၁၁။ ရင်အခုန်ဆုံးအချိန်- ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်
၁၂။ဘ၀ဆိုတာ- 3′ Ls = Life Long Learning
၁၃။ စိတ်တိုရင် ဘာလုပ် – Window shopping ထွက်တယ် ( ဆိုင်တွေကို ၀င်မွှေပြီး မ၀ယ်ပဲနဲ့ လျှောက်ဈေးပတ်ပြီး စိတ်တို စိတ်ညစ်တာတွေကို ဆိုင်တွေဆီ ထားခဲ့တယ် ဟဲဟဲ)
၁၄။ အကြိုက်ဆုံးသီချင်း- Proud of you
၁၅။ဝါသနာ- စာဖတ်ခြင်း၊ ပုံဆွဲ၊ ဓာတ်ပုံကို အာရုံရရင် လျှောက်ရိုက်တက်ခြင်း
၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု – အက်ပီတန်ကြော်ငြာထဲက ကောင်မလေးပြောသလို ထပ်ဖြည့်ပြောမယ်နော်…ကိုယ်နဲ့ စိတ်ချင်းနီးစပ်တဲ့ နားလည်မှုရှိတဲ့ Handsome တစ်ယောက်နဲ့ လက်တွဲပြီး ခရီးတွေထွက် လျှောက်လည်ချင်တယ်။
၁၇။ လက်ဆွဲဆောင်ပုဒ်- ” ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ”
၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက – ကော်ဖီသောက်ပြီး မျက်စိကြောင်သွားလို့ ပါရှင့်
၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း – “မင်းတစ်ယောက်သာ”
၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး – “ဟေး” လို့ တောင် မအော်နိုင်တဲ့ဘဝ
ပြီးပါပြီ လေတံခွန်ရေ Tag တဲ့အတွက် ကျေးဇူးပဲနော်…။
Advertisements
One comment on “ရေးပေးပါ #”TAG”
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s