ပြောချင်တဲ့ အပင်တွေအကြောင်း


အဲသည့်တောက သစ်ပင်တွေစိမ်းနေပေမယ့် သစ်သီးမသီးဘူး
ဒါဆိုရင်ရော… မင်းလက်ခံနိုင်မှာလား။

နည်းနည်းပိုသွားသလား
အေး… ဒါဆိုရင်ထပ်လျှော့လိုက်ပြီ
သစ်ပင်တွေရှင်သန်ဖို့ ရွှေချပေးဖို့ လိုသလား ??? မမေးပါနဲ့ 
လိုအပ်ရင်သာ ရေလောင်းပေးပါ။

ငါဆိုလိုတာ သစ်ပင်တိုင်း ရေလောင်းခိုင်းတာမဟုတ်
တချို့ တချို့ သော အပင်တွေက ရေလောင်းလို့ မရ
မိုးနတ်မင်းကတောင် သနားလို့ အလွမ်းမျက်ရည်တွေ မြေကျမှ
အနေလှမယ့် အပင်မျိုး။

အင်း..ပြီးတော့ ခက်တော့တာပဲ
တချို့ အပင်တွေက နှင်းဝတ်ရည်တွေ သောက်သုံးသဟ
အဲသည့်အပင်တွေကြားမှာ မင်းက အာဟာရမရရင် ဖြူဖတ်ဖြူရော် ဖြစ်မှပေါ့ကွ။

ဘာ.. အာဟာရဖြစ်ဖို့ ရောဂါ ကာကွယ်ဖို့ ဟုတ်လား
ဓာတ်မြေသြဇာ…ပိုးသတ်ဆေးတွေ တအားမလုပ်ပါနဲ့ ဟာ
လယ်တောမှာ ဆေးဖြန်းဖို့တောသူတစ်ယောက် အဖုံးဖွင့်တုန်း
မူးမေ့ပြီး ဆေးရုံရောက်တာ မင်းမကြားသေးလို့ ပါ။

နောက်ပြီးရှိသေးတယ် အသီးတွေကြီးထွားမှည့်ဝင်းအောင်
ဆေးတို့ ပြီး
မင်းလိမ်ရောင်းမလို့ လား။
မလုပ်ပါနဲ့ ကွာ… ရေရှည်ကျန်းမာရေးအတွက်ပြောတာပါ။

ရိုးရိုးသားသား နွားချေးသာ ဓာတ်မြေသြဇာ ထည့်စမ်းပါ…
အေး…ဈေးကြီးကြီးပေးရတဲ့ ပိုးသတ်ဆေးဖြန်းမှ ရမယ်ဆိုလည်း
ဆေးထပ်မတိုးရစေနဲ့ ပေါ့။

အပင်ကနေ လူကိုသတ်မယ့် အဖြစ်ဆိုး
အပင်တွေရှင်သန်ဖို့ ပိုးသတ်ဆေးက သေလောက်အောင်
ကြေးကြီးပေး ပံ့ပိုးတဲ့အလုပ်မျိုး ငါမုန်းမိသကွာ


သစ်ပင်ပန်းမန်တွေ ရှင်သန်ပြီး ပန်းမျိုးစုံနဲ့ သစ်သီးဝလံတွေ ဝေေ၀ဆာဆာဖြစ်မှ
ငါတို့ နေထိုင်ရာ ဥယျာဉ်မြေဟာ သာယာဝပြောလှမယ် မဟုတ်လား

သူငယ်ချင်းတို့  ဖြစ်နိုင်ရင် အတက်နိုင်ဆုံးကွာ
ငါတော့ ပန်းပျိုးလက်တွေပဲ ဖြစ်ချင်တယ်။

ကျွန်မတို့ နေထိုင်ရာကမ္ဘာ သဘာဝပတ်ဝန်းကျင်အတွက် ခံစားထားတဲ့ကဗျာတစ်ပုဒ်ပါ
{ယောနိသောမနာသီကာရ}
မြလေးသျှင်


Advertisements

2 comments on “ပြောချင်တဲ့ အပင်တွေအကြောင်း

  1. သစ်သီး မသီးတဲ့
    သစ်ပင်စိမ်းစိမ်းတွေအတွက်
    ဘာကြောင့်များ
    အပင်ပန်းခံလို့ 
    ပန်းပျိုးချင်နေရတာလည်း မီးလေးရယ်

    • သစ်သီးမသီးတဲ့ သစ်ပင်တွေ မစိုက်ရဘူးဆိုတဲ့အတွေးမျိုးဘာလို့ ဦးတိုးဆီမှာ တရားသေ ရှိနေတာလဲ ပြန်မေးချင်ပါတယ်။

      သစ်သီးမသီးတဲ့အပင်တွေ
      ပန်းမပွင့်တဲ့ အပင်တွေ
      အရိပ်မရတဲ့ မြေပေါ်မှာပေါက်တဲ့သစ်ပင်တွေ

      အပင်အားလုံးမှာ သူ့ အသုံးဝင်မှုနဲ့ သူ ရှိပါတယ်ရှင်
      အပင်တွေ နေရာလွဲမှားနေရင်သာ ပြသာနာတက်တာ
      ဒါတွေကို အသိညဏ်ရှိတဲ့ လူသားတွေက ထိမ်းသိန်းပြုပြင်ပေးရမှာလေ…….
      ကျေးဇူးပါပဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s