တို့ ရဲ့ ကမ္ဘာမြေ


ဒီနေ့ ကမ္ဘာမြေနေ့  (Earth day April 22) ဖြစ်လေသည်။ နှစ်စဉ် Google မှာလုပ်နေကျ ရုပ်ပုံလေးတွေ ပြောင်းခဲ့ပေမယ့် မပြောင်းခဲ့တဲ့အဓိပ္ပာယ်ကတော့ ကမ္ဘာ့ မြေရဲ့ သဘာဝပတ်ဝန်းကျင်ကို ကိုယ်စားပြုတဲ့ လိုဂိုလေးတွေပါပဲ။
ကမ္ဘာကြီးမွေးနေ့ လို့ ပြောရလောက်အောင် မြေကမ္ဘာကို ပြုစုစောင့်ရှောက်ရမယ့် ၀တ္တရားများ သတိပြုဖို့  ကျွန်မတို့ လူသားတွေမှာ ကျန်ရှိနေပါတယ်။ လောကတစ်ခုလုံးသာယာဝပြောဖို့ မေတ္တာတရားတွေဖြန့် ဝေဖို့ မေတ္တာပို့ ဆုတောင်းတွေကို ကျွန်မတို့ ဘာသာ သာသနာမှာထဲက သင်ပေးပြီးသားအရာတွေ ဖြစ်ပါတယ်။
သဘာဝအန္တရယ်ဆိုတာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးလောက်တင်မကပဲ ကမ္ဘာလုံးကြီးတစ်ခုထဲမှာ ဟိုတစ်နေရာ၊ ဒီတစ်နေရာ လှည့်ပတ်ဖြစ်နေသည့် ကပ်ဘေးအန္တရယ်များဖြစ်သည့်အတွက် ရှောင်လွဲမရနိုင်ပါ။ ကမ္ဘာမြေကြီးပေါ်မှာ ကျွန်မတို့ နေထိုင်တာ သတိရကောင်း ရနိုင်ပေမယ့် ကမ္ဘာကြီးနေမကောင်းဖျားနာလာပြီဆို ဟပ်ချိုးဟု ချီလိုက်သည့် ချောင်းတစ်ချက်မှသည် မြန်မာပြည်က နာဂစ်မုန်တိုင်းဖြစ်ပေါ်လာသည်ကို မေ့လျှော့နေကြလေသည်။
ဒီနှစ်ပိုင်းအတွင်းဖြစ်ခဲ့သည့် ဟေတီငလျှင်ဆိုရင် သေဆုံးသည့်လူပမဏမှာ တစ်ရာ နှစ်ရာ မဟုတ်၊ သောင်းနဲ့ ချီထက် သိန်းနဲ့ ချီဖြစ်လေသည်။ ကမ္ဘာကြီးမှာ အဖျားတက်လို့  ရုတ်တရက်ထဖြစ်သည့်ရောဂါဆိုးတွေ ၀င်မွှေပြီဆိုရင် ခံစားရသည့်ဝေဒနာဆိုးတွေကို ဘယ်သူများတာဝန်ယူနိုင်ပါ့မလဲ။
ဒီလပိုင်းအတွင်းမှာ သတင်းဆိုးတွေကြားရလို့ စိတ်မကောင်းဖြစ်ရပါသည်။ ပိုလန်သမ္မတစီးလာသည့် နိုင်ငံ့ခေါင်းဆောင်များလေယာဉ်ပျံ ပျက်ကျ၍ ကွယ်လွန်သည့်သတင်းနှင့် မကြားချင်အဆုံးကြားရတဲ့ သင်္ကြန်မှသေဆုံးမှုများအတွက် ကြေကွဲဝမ်းနည်းမှုသတင်းတွေ ကြားခဲ့ရပြီးပါပြီ။
မည်သို့ ပင်ဖြစ်စေ ကျရောက်လာလျှင် မငြင်းဆန်နိုင်သည့် အန္တရယ်ဆိုးမျိုးတွေအတွက် ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ ကျွန်မတို့ မှာတာဝန်ရှိနေတော့သည်သာ…..။ အတွေးအခေါ်စိတ်ကူးကောင်းတဲ့ CVS ဗီဒီယိုဖိုင်လေးထဲမှာ အဓိပ္ပာယ်လေးကို ကြည့်ဖို့ တင်ထားပါတယ်။

ကမ္ဘာမြေကြီးအတွင်း မနေ့ ကလူသားတစ်ယောက် ဖွားမြင်ခဲ့ပါသည်။
ထိုလူသားသည် ကမ္ဘာမြေကို ခြေချလိုက်သည်နှင့် သူ့ အား မြေလေးခံတင်ပေးထားသော ကမ္ဘာမြေအား ကျေးဇူးတင်မိစွာဖြင့် ကမ္ဘာမြေနေ့ အတွက် သဘာဝပတ်ဝန်းကျင်ကို သတိရစွာစောင့်ရှောက်ထိမ်းသိန်းဖို့ အင်အားများတက်စွမ်းသမျှ ဖြည့်မီရန် ရေးမိလိုက်ပါသည်။

ကမ္ဘာမြေငြိမ်းချမ်းပါစေ
လေးစားလျှက်
ယောနိသောမနာသီကာရ
မြလေးသျှင်
Advertisements

One comment on “တို့ ရဲ့ ကမ္ဘာမြေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s