“ငတ်မွတ်ခြင်း”


ငါ့ကို မာနကြီးတယ်မထင်ပါနဲ့ 
တကယ်တော့ ငါဟာ သူတောင်းစားပါ။

ငါငတ်နေရင် တောင်းစားကြည့်တယ်
မရရင် ကိုယ့်ဟာကိုယ် လိုက်ရှာ တောင်းစားနေရတာပေါ့။

လမ်းဘေးမှာတောင်းစားနေသူတွေထက် ပိုပြီးအဆင့်မြင့်တယ်လို့ ဆိုမလား
ရောက်လေရာ နေရာအနှံ လိုက်ရှာတောင်းတယ်။
ခွက်ထဲကို ရသလောက်ထည့်တဲ့အပြင် အာရုံခြောက်ပါးထဲက
ရသလောက်ကိုလည်း ချိန်ဆပြီး တောင်းစားကြည့်သေးတယ်။

ခွက်ဆွဲပြီး လမ်းဘေးမှာပဲ တောင်းရတဲ့သူတွေက နည်းသေးတယ်
ငါ့မျိုးရိုးကဘာလဲ ငါအစွဲမထားချင်ဘူး။

ကုဋေရှစ်ဆယ်သဌေးသားလည်း တောင်းစားတာပဲ
တောင်းစားတာချင်းတူတူ ငါအခုထဲက တောင်းစားမှာပေါ့။

အချောင်လိုချင်တဲ့စိတ်နဲ့ တောင်းစားတယ် ဆိုပြီး
မင်းတို့ မစွတ်စွဲလိုက်ပါနဲ့  …..ငါတကယ် ငတ်နေလို့ ပါ။

ငါတို့ အားလုံးဟာ ငတ်မွတ်နေကြတယ်
ဝမ်းဗိုက်ထဲကတင်မကဘူး
မေတ္တာတွေ ခမ်းခြောက်တာ
ရင်ဘက်ထဲက ဖြစ်ချင်ဖြစ်မယ်
ဦးနှောက်ထဲအထိ တက်မလာဘူး။

ဘယ်နိုင်ငံကြီးကို ဘယ်လိုဆိုဆို
ငါနေတဲ့နိုင်ငံမှာတော့ မငတ်မွတ်စေချင်ဘူး။

ငါတို့ ငတ်မွတ်ရင်လေ…
“ငါးတစ်ကောင်ပေးရင်တစ်ရက်ပဲစားရမယ်”
“ငါးဖမ်းနည်းသင်ပေးရင် တစ်သက်လုံးစားရမယ်” ဆိုတဲ့အတွေး
ရေရှည်ငတ်မွတ်တာ လူကြီးတွေ မတွေးနိုင်သရွေ့ 
ငါတို့ ကလေးတွေ တစ်သက်လုံး ငတ်မွတ်နေဦးမှာပဲ။

သူလိုကိုယ်လို ဒီပုံမျိုးနဲ့ တောင်းစားရတာ
ကမ္ဘာ့  အဆင့်အတန်း မှီချင်မှ မှီမယ်
ငတ်နေတာ အလျင်မမှီပေမယ့် ငါလေ ….ဆက်လက်ပြီး တောင်းစားနေဦးမယ် …..။

“သနားကြပါ”…..လို့ လဲ မဆို
ငါငတ်မွတ်နေကြောင်းလည်း လူမသိပေမယ့်
ငါ့ခွက်ထဲ လိုက်ရှာလို့ ရသမျှ  ငါ့ဘာသာငါ ကြိုးစားကောက်ယူထည့်ပြီး
အောက်ကျို့ ခံရင်း မျှဝေဖို့ ကျွန်တော့ခွက်ထဲကိုလည်း ထည့်ပေးကြပါ……။        ။

လေးစားလျှက်
ယောနိသောမနာသီကာရ
မြလေးသျှင်

{ “ပညာရှာပမာ သူတောင်းစား”(သူဖုန်းစား) လို့ ပြောကြပါတယ်။ ဒီကဗျာလေးက အဲဒီ့ရဲ့ ခံစားမှု အဆက်ပါ။
ကျွန်မလေးစားရတဲ့ ဆရာဒေါက်တာ နေဇင်လတ်က ဟောပြောပွဲတစ်ခုမှာ မေးခွန်းမေးတဲ့အချိန်ရောက်တော့ ” ကျွန်တော့ခွက်ထဲလည်း ထည့်ပေးကြပါ ” လို့ ပြောတဲ့စကားကို အခုထိ နားထဲမထွက်သေးလို့ ဆရာ့ ကို လေးစားတဲ့စိတ်နဲ့ ကျွန်မခံစားချက်ပေါင်းပြီး ဒီကဗျာကို ရေးလိုက်ပါတယ်။ ဒီကဗျာအရိပ်အငွေ့ မှာ ကဗျာဆရာ ကိုသစ်ကိုစတိုင် အနည်းအငယ်ပါပါသည်။ ကျွန်မတော့ ဆက်လက် တောင်းစားနေရဦးမည်။ }

Advertisements

2 comments on ““ငတ်မွတ်ခြင်း”

  1. သြော် …

    ပညာကို ဆိုလို ချင်တာလား …

    ကျွန်တော်က ကမ္ဘာ့အလယ်တွေ ဘာတွေ ပါလာပြီ ဆိုတော့ …

    ဟို ပုဂ္ဂိုလ် ခွက်ပျောက်နေတဲ့ ဖြစ်အင်များ ဖတ်ရပြီလား လို့ … 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s