တကယ် ခြောက်တဲ့အရိပ်
တကယ် ဆို.…. တိမ်လွှာတွေဟာ မို့ မို့ ပြီးမလာ
မှိုင်းနေတဲ့ တိမ်ရိပ်တွေမြင်ခဲ့ပြီးမှ
နေကလွင်လွင်လေး သာလာတာ ။
တကယ် ငို….. မိုးစက်လေးတွေက ပြောပြတယ်
သူတို့ အလွမ်းတွေ သိပ်များလာလို့ မအောင့်အီးနိုင်လို့ 
မိုးတွေအဖြစ်နဲ့ ရွာချတာပါ တဲ့
မတားရက်တော့ဘူး….။
တကယ် စို…. မိုးတွေလေတွေ
သိပ်များလွန်းတဲ့ရာသီထဲ
အနွေးထည်တော့ ၀တ်ထားသင့်တယ် မဟုတ်ပါလား ။
တကယ် လို.… နေဟာ
နွေးထွေးတဲ့ရောင်ခြည်
ဖျက်ကနဲလင်း ဖျက်ကနဲပျောက်….။
တကယ် အို…. လှလိုက်တာ…..
နေပူပူနဲ့ မိုးအေးအေးမှာ
သက်တန့် တစ်စင်း တောင် ပေါ်သွားတယ်။
တကယ် ကို…… ကျွန်မစိတ်ထဲက ခေါ်လိုက်တာ
ဒီအမှန်တရားတစ်ခု
သူ ကြားလိုက်မယ်မထင်ဘူး။     ။
မြလေးသျှင်
Advertisements
3 comments on “တကယ် ခြောက်တဲ့အရိပ်
  1. တကယ် ငို….. မိုးစက်လေးတွေက ပြောပြတယ်
    သူတို့ အလွမ်းတွေ သိပ်များလာလို့ မအောင့်အီးနိုင်လို့ 
    မိုးတွေအဖြစ်နဲ့ ရွာချတာပါ တဲ့
    မတားရက်တော့ဘူး….။
    🙂
    ကဗျာလေး အရမ်းလှတယ်
    ခင်မင်စွာဖြင့်
    ဗညား
  2. တကယ် ကို…… ကျွန်မစိတ်ထဲက ခေါ်လိုက်တာ
    ဒီအမှန်တရားတစ်ခု
    သူ ကြားလိုက်မယ်မထင်ဘူး။ ။
    တကယ်ခေါ်ခဲ့ရင် တကယ်ကြားရမှာပဲ။
    🙂
    ပျော်ရွှင်ပါစေနော်
    နှင်း
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s