အနုပညာ —>သည်


ဒီနေ့ မှာ ပထမဆုံး ဆွဲဖြစ်လိုက်တဲ့ ရေဆေးတစ်ခုပါ။

ရိုးရိုး စာရွက်ဖြူပါးပါးမှာ ပထမဆုံး စိတ်ထဲရှိတာလေးကို ခပ်ညံ့ညံ့လေး ဆွဲလိုက်တာပါ။
ပန်းချီကားလို့ ပြောရမှာ ရှက်ပေမယ့် ဒီနေ့ မှ ကျွန်မရဲ့ ဦးလေးက ရေဆေးကို စသင်ပေးတာကြောင့် အမှတ်တရ လေးအဖြစ် သိမ်းထားပြီး တင်လိုက်ပါတယ်။

“အနုပညာ —> သည်”……..ဆိုပြီး နာမည်ပေးထားပါသည်။

ပုံရဲ့ အနက်ကိုတော့ မရှင်းပြတော့ပါ။

ဆွဲခါစ ခပ်ညံ့ညံ့ပုံတစ်ခုကို အဆက်မပြတ် ဝေဖန်နိုင်ပါသည်။

ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
Advertisements
By mevision Posted in Art Tagged

9 comments on “အနုပညာ —>သည်

  1. ပုံကိုကြည့်ပြီး တစ်ခုခုကို နားလည်မိလိုက်သလိုဘဲ
    သျှင်က ပန်းချီလည်းဆွဲသင်နေတယ်လား အားကျလိုက်တာ
    ငယ်ငယ်က အဖြစ်ချင်ဆုံး စိတ်ကူးလေးတစ်ခုပါဘဲ
    ဒါပေမဲ့ လက်တွေ့တော့ ဖြစ်မလာခဲ့ရဘူး
    တကယ်တကယ် အားကျတယ်
    ရှေ့ဆက်အောင်မြင်ပါစေ

  2. nice art!!
    ပထမ ခြေလှမ်း သည် သာ အရေး ကြီး ဆုံး ခွန် အား……
    ဒါကြောင့်…ရှေ့သို့ ရဲရဲ ဆက် လက် ချီ တက် နိုင် ပါစေ..
    with reps;

  3. ဘလော့ တခုလုံးကို စိတ်ပါ လက်ပါကို ကြိုးစားနေပါလား..။ ခင်ဗျား ကြိုးစားပမ်းစား လုပ်နေတာက ကျွန်တော့်ထက် အပုံကြီး သာတယ်.။ ဒိတော့ ကျွန်တော့် လင့်ခ်ကို ချိတ်ထားတဲ့ ခင်ဗျားကိုတောင် အားနားမိသေးတယ်.။ တကယ်က ကျွန်တော်က ဘာမှ မတတ်ဘူးရယ်ဗျ။

    ခင်ဗျား ပန်းချီဆွဲတယ် ဆိုတော့လည်း ကောင်းတာပေါ့.။ (ရောင်းတန်းဝင်ဖို့တော့ လိုတာပေါ့နော…) မဟုတ်ရင် ဆေးဖိုး ကင်းဗတ်စဖိုး ဘယ်က ရမလဲ….၊။ မင်းအုပ်စိုးလို ချမ်းသာနေတယ် ဆိုတော့လည်း တမျိုးပေါ့ဗျာ။း)
    ကျွန်တော်လည်း ပန်းချီဆွဲချင်တာပဲ။ ဒါပေမယ့် ဘောပင် တချောင်းနဲ့ ဗလာစာအုပ်က ပိုပြီး ဈေးပေါတယ်ဗျ.။ ဒါတောင် စာရေးတတ်ဖို့ ကြိုးစားနေတုန်းပဲ။ မဂ္ဂဇင်း အယ်ဒီတာတွေလည်း ကျွန်တော့်ကို မျက်စိ လျှံနေကြတုန်းပဲ…။

    ဒါနဲ့ ခင်ဗျား ရေဆေးကားက တမျိုးတော့ တမျိုးပါပဲ..။ အရောင်တွေ အများကြီး သုံးထားတာတော့ အစဆိုတော့ မနိုင်လောက်သေးဘူး ထင်တယ်.။ ပြီးတော့ ခင်ဗျားဘာသာ ခင်ဗျား စိတ်ကြိုက် အရောင်းတွေ အများကြီး သုံးပေမယ့် အထဲမှာ ခင်ဗျားက အရောင်တွေကို လိုက်ပြီး ကန့်သတ် နေပြန်ရော….။ ဒီတော့…ရှုပ်သလိုလိုနဲ့ ရှင်း…၊ ရှင်းသလိုလိုနဲ့ ရှုပ်နေတယ်……။ ဟဲဟဲ…..

    ကျွန်တော်က ဘာမှ တတ်လို့ ပြောနေတာ မဟုတ်ဘူး..၊ လမ်းပေါ်ကလူ( the man in the street) ဆိုတော့ တောင်ပြော မြောက် ပြော ပြောကြည့်တာ….း)

    ခင်လို့ ပြောရဦးမယ်…(ပိုက်ဆံ ရဖို့ ခေါင်းထဲ ထည့်ထားဦး..)

  4. အားပေးနေပါတယ်.. ဇူးလည်း ဝါသနာပါတယ်… အခွင့်ရှိတုန်း သင်ခွင့်ရတာကို အားကျမိတယ်…

  5. မြလေးသျှင် ဆီ ကို အလည်လာသွားပါတယ်။ ရေဆေးပန်းချီကား ကိုလဲ သေချာကြည့်သွားတယ်။
    အခြေခံ မရှိလို့  ဖြန့်ကျက်မတွေးနိုင်ခဲ့ ဘူး။
    စဆွဲတဲ့ ပန်းချီကားလေး ဟာ အောင်မြင်မှု့ ကို ရောက်မယ့် ပထမဦးဆုံးခြေလှမ်းဖြစ်တာမို့  နောက်ထပ်ခြေလှမ်းများစွာပိုင်ဆိုင်နိုင်ပါစေဗျာ။

  6. ဒီရေဆေး ပန်းချီကားလေးကို အပြင်မှာ မြင်ရရင် ပိုကောင်းမယ်ထင်တယ်..
    ကျွန်တော်လည်း ပန်းချီ အနုပညာ အားနည်း လွန်းအားကြီး ပါတယ်..
    အားကျမိ တာတော့ အမှန်ပါပဲ .. စလုပ်မိပြီ ဆိုမှတော့ ထူချွန်အောင် လုပ်ဖို့ တိုက်တွန်းပါတယ်
    အားပေးလျက်
    ဆင်တဲကဖေး မိသားစု

  7. တော်တယ် သျှင်လေး

    မ..မ သဘောကျတယ်

    အားပေးနေမယ်နော်

    ဘာမှ မလုပ်သောသူထက် လုပ်နေသောသူက ပိုတော်၏

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s