ဒီရေတွေနဲ့  မျှော်


တခါတလေ လှိုင်းထနေတဲ့ ငါ့ညများ
ဗလောင်ဆူနေပုံများ
ရေပူတော့ ရေပူပေမယ့်
အညောင်းအညာ ပြေစေတဲ့ ရေပူစမ်းတွေကို အားကျမိတယ်။
(မှတ်ချက်။  ။ ကင်ဆာရောဂါ၊ လူကေးမီးယားရောဂါ (သွေးဆဲလ်ဖြူကင်ဆာရောဂါ) ရှိသူများသည် ရေပူစမ်း စိမ်ရန်မသင့်တော်ပါ။ )

ငါဟာ လူဆိုတော့လည်း
ရုပ်ပျက်ဆင်းပျက် မလုတက်ပေမယ့်
ရိုးသားစွာ ၀န်ခံရရင် ရွှံ့  ထဲမှာတော့ လူးမိဖူးတယ်။
ရေကြောင့်ဖြစ်တဲ့  ရွှံ့  ဗွက် ကို
ရေနဲ့ ပဲပြန်ဆေးရတဲ့ ဒဿန
ငါသိပ်ကြိုက်ပေမယ့် ရေတွေက ရှားလာတယ်။

ဦးနှောက်ထဲ ရစ်နေတဲ့ အဆီတွေ
ဘယ်ဇွန်းနဲ့ ခြစ်ချရပါ့မလဲ
ကန်စွန်းရွက် ရေလုံပြုတ်စားပြီးမှ ရမယ်ဆိုတာကို
လက်မခံသူများအား မီးသတ်ပိုက်လည်း မတက်နိုင်ပါ။

ပျားများ စုဆောင်းထားသော ပျားအုံဆီ
“ပျားရည်” ရဖို့  မလည်မ၀ယ် ပျားတုတ်ခံပြီးမှ ရှာဖွေတွေ့ သွားတဲ့ ပျားဖွတ်သမားများ။

ဇီဝဇိုးငှက်လေးတွေပင်ပန်းစွာ အန်ချလိုက်တဲ့ “ငှက်သိုက်”
ဒီဟာကို ဆေးဖက်ဝင်တယ်ဆိုပြီး ထိုက်ထိုက်တန်တန် ငွေပေးပြီး သောက်သုံးကျသူများ။

ဟိုဟာနဲ့ ဒီဟာတွေကို ဖွင့်အန်ချဖို့  ရေသတ္တ၀ါရဲ့ “ငါးကြီးအန်ဖတ်” အပါအ၀င်
လောကတွင် အသုံးကျသော အထက်ပျံနှင့် အောက်ပါသတ္တ၀ါကဲ့သို့ 
အသုံးမကျသေးပေမယ့် အသာလေးရပ်ကြည့်နေလိုက်တယ်။

မှတ်ချက်ပေါင်းများစွာနဲ့ စစ်ဆေးပြီး ကျလာမယ့် ပက်စပိုစ့်စာအုပ်
လူတွေအထပ်ထပ်ဖြတ်ပြီးရင်တော့
အဆင်ပြေပြေ လက်ဝယ် ရောက်လာဖို့ ငါမျှော်မိနေပြန်တယ်။    ။

မြလေးသျှင်
Advertisements

5 comments on “ဒီရေတွေနဲ့  မျှော်

  1. တွေးအားကောင်းတယ်
    စာရေးသက်ရင့်နေတယ်ဆိုတာ ပြနေတယ်
    နောက်ကျမှ ရောက်လာတဲ့အတွက် နောင်တရမိတယ်

  2. ကိုယ့်ဦးနှောက်လဲ အဆီတွေတက်နေတာ ဘယ်လောက်များပြီလဲလို့ စဉ်းစားသွားမိတယ်…
    ငါးကြီးအန်ဖတ်နဲ့ ငှက်သိုက်လောက်တောင် တစ်ချို့လူတွေရဲ့ဘ၀ဟာ အရေးမပါတော့တာ ရင်နာစရာ
    ကဗျာလေးက တွေးစရာတွေပေးလိုက်တယ် သျှင်ရေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s