လွတ်မြောက်သူ



ဒီနေ့ လေးမှာ လွတ်မြောက်လာပြီ
အလင်းတန်းတွေလည်း ဖြာနေတယ်။

အမေရေ..
အသက်၀၀ရှူပြီးအပြင်လောကကို ကြည့်ရအောင်နော်….
အမေရှိနေရင်
စိတ်အတွင်းအပြင် လောကတခွင်မှာ သာယာနေလိုက်ပုံများ….

ငါ၊ သူတပါး၊ ယောင်္ကျားမိန်းမ အစွဲတွေ ခဏထား
အမေဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာသူ။

အနီရောင်သွေးထဲ သူမကိုချစ်တဲ့စိတ်
ငါဟာ အတ္တဆန်ချင်ဆန်နေပါစေ
ဘာနဲ့ မှ လဲမရဘူး။     ။

မြလေးသျှင်
12/Nov/2010
{၀မ်းသာလွန်းလို့ လုံးဝ မအောင့်နိုင်ဘဲ ရေးချလိုက်တာပါ။}

Advertisements

3 comments on “လွတ်မြောက်သူ

  1. သျှင်ရေ
    လွတ်မြောက်လာတော့မယ်ဆိုတဲ့ သတင်းလေးကြားတော့ ၀မ်းသာလိုက်ရတာ
    မျက်ရည်တောင် လည်မိတယ်
    တကယ်လည်း မျှော်လင့်ချက်ရောင်ခြည်တန်းလေး တစ်ခုပါဘဲနော်
    ဒါပေမဲ့ မိုးတိမ်းတွေက နည်းမျိုးစုံနဲ့ ဖုံးအုပ်ဖို့ကြိုးစားကြဦးမှာပါ။
    မငြိမ်းချမ်းနိုင်ကြတဲ့သူတစ်စုကပေါ့

    • ဟုတ်ပါတယ်..မရေ…
      လွတ်ပြီဆိုတာတောင် မလွတ်သေးဘူး အသံတွေကြားလို့ စိတ်ပူနေတုန်းပါပဲ..
      ဘာပဲဖြစ်ဖြစ် ဒီရင်တွင်းဖြစ် ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်..

  2. လွတ်လပ်မှု ရခဲ့တဲ့ မြန်မာ တို့၏ အမေ အတွက် ဂါရ၀ပြုကဗျာ ကိုလည်း
    နှစ်သက်ခဲ့ရပါတယ် သျှင်လေးရေ …
    ငြိမ်းစိုးဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s