မာယာမဲ့ ကောင်းကင်


မိုးပေါ် မော့ကြည့်တဲ့အခါ
တိမ်တိုက်ကောင်းကင်တွေသိပ်များပါတယ်..
လေတံခွန်လိုပျံဝဲဖို့ အမြင့်ပျံတက်နေတဲ့စွန်တွေ
မှန်စာတိုက်ထားတဲ့ ကြိုးတွေနဲ့ 
တအားပျံတက်ကြတယ်။
ရစ်ဘီးလုံးကို  အဝေးကနေ နိုင်နိုင်ကိုင်ထားရုံနဲ့ 
ဒီစွန်ဟာ အမြင့်ကြီးပျံဝဲနေတာ မဟုတ်ဘူးလေ
ဒီကြိုးတွေဟာ
ပျက်ချင်လည်း ပျက်
ဆက်ချင်လည်း ဆက်…. ။

ကိုယ်ကတော့
လွတ်လပ်တဲ့ငှက်ငယ်ကိုပဲ သဘောကျတယ်
လေကို၀၀ရှု
အသက်ဆိုတာ ကံကြမ္မာချည်းပဲ မဟုတ်ဘူးလေ
ညဏ်ဆိုတာ ကောင်းဖို့ ထက် ဆင်ခြင်သုံးသပ်ဖို့ က
ပိုလှတယ်မဟုတ်လား။
လုံ့ လဆိုတာ လလုံးမဟုတ်တာကြောင့်
မနက်လင်းကတည်းက ကြိုးစားပြီး
ညဥ့်မနက်ခင် အိမ်အရောက်ပြန်ကြတယ်လေ
ဒါကို ဒီကောင်းကင်ကြီးသာ အသိဆုံးမဟုတ်လား။       ။

၃၀/ ၁ /၂၀၁၁
မြလေးသျှင်

Advertisements

3 comments on “မာယာမဲ့ ကောင်းကင်

  1. ညဉ့်မနက်ခင် အိမ်အရောက်ပြန်ဖို့တော့ ကြိုးစားရမှာပါဘဲလေ။
    ကိုယ့်ကိုယ်ကိုသာ အသိဆုံးပါ။

  2. ကောင်းကင် မှာ မာယာများတယ်ထင်အောင် လှုံ့ဆော်မှုတွေပြုတာ သဘာဝကိုဖျက်ဆီးတာပါ
    အသက်ဆိုတာ ကံကြမ္မာချည်းပဲ မဟုတ်ဘူးလေ …
    ရှင်သန်မှုအတွက် မာယာပြုသူတွေကို ရှောင်ရမယ့် / ချေဖျက်ရမယ့် တာဝန်လည်း ရှိနေပါတယ် …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s