စေတီပုံပေါ် ရေသန့် ဘူးများ


ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့  ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။


ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်

ထူးထူးဆန်းဆန်းသတင်းတွေဆိုရင်လူတွေက စိတ်ဝင်စားတက်လို့ ရေသန့် ဘူးတွေမှာလည်း ရောင်းကောင်းအောင်အဲသည်လို နည်းပညာတွေထည့်သွင်းလာတာလား..ဘာသာရေးနှင့် ပက်သက်လို့ အရင်ကတည်း ဒီလို စေတီပုံပေါ်တဲ့ အကြောင်းအရာကို ကြိုတင်သိနှင့်ပေမယ့် လူတိုင်းအားမပြောဖြစ်ပါ။
ဓာတုဗေဒနည်းပညာများကို ကျွန်မလည်း နားမလည်လို့ မပြောတက်တော့ပါ…

မည်သို့ ပင်ဖြစ်စေ အခုတလော လူတွေ စိတ်ဝင်စားနေတဲ့ အထူးအဆန်းသတင်းတစ်ပုဒ်ဖြစ်နေတာတော့ အမှန်ပါ……..

မြလေးသျှင်

Advertisements

8 comments on “စေတီပုံပေါ် ရေသန့် ဘူးများ

  1. ဟုတ်တယ်အစ်မရေ..ညီမလည်းပုလင်းထောင်ပြီးပြီး)
    ဒီသတင်းကိုပဲ.စိတ်ဝင်စားနေတာပါ။
    ဘာကြောင့်ဖြစ်တယ်ဆိုတာကိုပေါ့။
    လောလောဆယ်တော့..လမ်းထဲမှာ..
    ရေသန့်ပုလင်းတွေ…ပလူပျံနေတာပါပဲ

    လေးစားလျှက်

  2. ဘာဘဲဖြစ်ဖြစ် ထူးဆန်းတဲ့ သတင်းဆိုတော့လည်း ပြောပြလို့ကောင်းတာပေါ့။။
    ဖေ့ဘွတ်ပေါ်ကနေ တွေ့လိုက်ရတယ်.. ရေသန့်ဘူးတွေ ပလူပျံနေတာကိုလေ.. စိတ်ဝင်စားဖို့ကောင်းပါတယ်..

  3. အင်း . . . . ဟင်းးးးးးးးးးးးးးးး
    ( သက်ပြင်းပဲ ချသွားပါတော့တယ်။ ဘာမှတော့ မပြောတော့ပါ။ )

  4. ဟုတ်တယ် ညီမလေးရေ ၊ အစ်မတို့ရုံးမှာလည်း Blue Mountain ပုလင်းကို ထောင်ကြည့်ပြီးပြီ ။ စေတီပုံတော်ဖူးရတယ်။ အစ်မတို့ရဲ့စိတ်ထဲမှာ ကြည်နူးနေတာကိုတစ်ချို့က မဖြစ်နိုင်ဘူးဆိုပြီးပြောတယ်။ အစ်မလည်း ဟုတ်မဟုတ်သိချင်ရင် စေတီတော် ပြန်ကြွသွားတဲ့အခါကျရင် အဲဒီရေသန့်ဘူးကို ပြန်ထောင်ကြည့်လို့ ပြောလိုက်တယ် ။ အဲဒီလောက်တောင်မယုံကြည်ရင်လို့ ။ အကုသိုလ်မယူနဲ့လို့ပြောလိုက်တယ် ။

  5. ဖူးမြော် ကြည့်ရှု့သွားပါတယ်…………..

    ခင်မင်စွာဖြင့်.
    ဇော်သိင်္ခ

  6. မကျေနပ်လို့ ဒီနေ့ နေပူချိန်စောင့်ပြီး ထပ်စမ်းတာ…
    ရေဗူးအပိန်လေးကိုအတည့်ထောင် ( ပိန်နေတော့ ပုံရိပ်လေးတွေတောင် တွန့်လို့)
    ရေဗူးအကောင်းလေးကို ဇောက်ထိုးထား ( ပုံရိပ်ပြောင်းသွားပြီ)
    ထွက်ပေါ်လာတဲ့ အရိပ်တွေက ကွဲပြား …။ ပုလင်းရဲ့ ရှူးသွားတဲ့ လည်ပင်းအရိပ်က နေရောင်အောက်မှာ ရေမျက်နှာပြင်ကို အလင်းပြန်ပြီး ထွက်ပေါ်တဲ့ ပုံရိပ်ပါ။
    အခုတော့ ကျေနပ်သွားပြီ..:) အဖြေမှန် သိလိုက်ရလို့…။
    ( နေ့အချိန်ပေါ်တဲ့ ပုံရိပ်က တကယ် မမှန်ပါဘူး)

    http://www.facebook.com/groups/116579625117587/?notif_t=group_activity#!/groups/116579625117587/?notif_t=group_activity မှာအစ်မပြန်တင်ထားပါတယ် သျှင်ရေ..၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s