ကျောက်စိမ်းလက်ကောက်ပါရင် သတိထား..
ကျောက်စိမ်းလက်ကောက်ပါရင် သတိထား..ဆိုတဲ့နာမည်က ကျွန်မငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ တရုတ်ကားနာမည်တစ်ခုဖြစ်ပါသည်။ ဇာတ်လမ်းထဲက ကျောက်စိမ်းလက်ကောက်လေးက လိုတရဖြစ်သောကြောင့် ကျောက်စိမ်းလက်ကောက်ပိုင်ရှင်က သူ့ ကိုစိတ်ဖြင့် လိုရာ ခိုင်းစေနိုင်သည်။ အဲသည့်ဇာတ်ကားကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် သူ့ နာမည်နှင့်ဇာတ်ကားက ထူးဆန်းလို့ သတိရနေမိသည်။
အခုကျွန်မပြောချင်သည်မှာ ဇာတ်ကားမဟုတ်ပါ…ကျွန်မကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို အားလုံးသတိထားစေလိုသောစိတ်ဖြင့် ဒီနာမည်နှင့်တကွ ရေးရခြင်းဖြစ်သည်။
ဒီအဖြစ်အပျက်ကိုတော့ လက်ဆင့်ကမ်းရေးမှဖြစ်တော့မည် ဟု စဉ်းစားပြီးရေးလိုက်ပါသည်။
ဖြစ်ပုံမှာ..
ကျွန်မအမေနှင့် ကျွန်မတို့ သားအမိနှစ်ယောက် လမ်းမပေါ်ကားစောင့်နေချိန်မှာ အမျိုးသမီးသုံးလေးယောက်လောက်ပါသည့် အဖွဲ့ တစ်ဖွဲ့ ကျွန်မတို့ ရှေ့ ကိုရောက်လာသည်။
အာသွက်လျှာသွက် မိန်းမတစ်ယောက်က ကျွန်မအမေကို 
“ဗုဒ္ဓဘာသာလား
“ဟု အရင်မေးသည်။
သူမေးနေတုန်း ကျွန်မ စဉ်းစားမိသည်မှာ တို့ သားအမိကိုများ ဘာသာခြားတွေက လာဆွယ်ဖို့ များလားဟု စဉ်းစားမိသည်။
အမှန်တော့ အဲသည်လို မဟုတ်ပါ။
နောက်တော့ အဲသည့်မိန်းမက ကျွန်မအမေကို ပြောသည်မှာ
“အမရေ အမကို ပါဋ္ဌာန်းဆက်ပါလို့ လာပေးတာ ..
လူတိုင်းကို ပေးတာမဟုတ်ဘူး အမကိုလေ ကျန်းမာပြီး ချမ်းသာပြီးရင်းချမ်းသာဆိုတဲ့ စိတ်နဲ့  လာပေးတာ”
ဟုပြောဆိုပြီး သူမအိတ်ထဲမှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းထုတ်ယူပြီး ကျွန်မအမေကိုပေးလိုက်သည်။
တကယ်တမ်းကျောက်စိမ်းလက်ကောက်နှင့် ကျွန်မအမေလက်နှင့် တော်မည်မထင်။
သူမပြောသည့်စကားတွေမှာ အရမ်းလည်းမြန်ပြီး လူကိုစည်းရုံးရာမှာ အတော်လေး အကင်းပါးလွန်းလှသည်။
နာမည်ဘယ်သူက ငွေကျပ်သုံးထောင်.နာမည်နှင့် အဲသည့်နှစ်ယောက်လောက်ဆီမှ ရပြီးသားဖြစ်တဲ့ စာရင်းကို တစ်ယောက်က မှတ်ဖို့ ပြင်သည်။
“အမနာမည်ဘယ်လိုခေါ်လဲ အမ ဘာနေ့ နံလဲဟင်.. ကျောက်စိမ်းလက်ကောက်က ငါးထောင်ကျတယ်အမ…ငွေက အဓိကမဟုတ်ပါဘူး..အမကို  မဟာကံထူးကံသာဘုရားမှာ အဓိဌာန်ထားတဲ့ လက်ကောက်လေးရစေချင်နဲ့ စိတ်နဲ့ ပါအမ”
ဆိုပြီး ငါးထောင်အတင်းတောင်းတဲ့ပုံစံပြင်လေသည်။
ကျွန်မလည်း ဒီလိုမျိုးက ဒါတွေလာတော့မည်ဟု ထင်တော့ထင်သားနဲ့ စကားကို အဲသည်လောက်သွက်သွက်ပြောပြီး အတင်းကြီးလာပြောနေကထဲက ဒီလိုမျိုးတစ်ခုခုတော့လုပ်တော့မည် ဟု..။
နောက်တော့ ကျွန်မမေမေက ငါးထောင်လည်း မထည့်နိုင်ပါဘူးကွယ်… ဆိုပြီး ငွေအနည်းငယ်ပေးပြီး ကျောက်စိမ်းလက်ကောက်ကိုပါ ပြန်ပေးလိုက်သည်။
ဒါတောင် သူ့ ဘေးက မိန်းမတွေက လက်ကောက်မယူလို့ ထပ်ပြီး ဆွယ်မလိုလုပ်ဟန်ပြင်သောအခါ စဆွယ်သောမိန်းမက ငွေရပြီဖြစ်သဖြင့် ရိုးရိုးလှူဒါန်းတာပါ ဆိုပြီး ကျေနပ်ဟန်ဖြင့် သူ့ အဖော်များကို ခေါ်သွားသည်။
အဖြစ်အပျက်က မိနစ်ပိုင်းအနည်းငယ်အတွင်းဖြစ်ပေမယ့် ကျွန်မလည်း တော်တော်အံသြသွားရသည်။
ဒီစာကိုလည်း ရေးခြင်းက…  သူတို့ တွေလုပ်ပုံမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး ကျောက်စိမ်းလက်ကောက်ကိုရောင်းသလိုဖြစ်နေသဖြင့် စိတ်မချမ်းမသာဖြစ်ရပါသည်။
ဒီအဖြစ်အပျက်များ ဒီလိုပုံစံများဖြင့် လုပ်နေတဲ့အဖွဲ့ တွေ ဆက်တိုးမလာဖို့ ဘဲ ဆုတောင်းမိသည်။
သူတို့ တွေ လက်ကောက်လာပေးတာ အကယ်လို့ များ ပါဋ္ဌာန်းဆက်ကြောင့်များလားဟု ယုံသလိုလိုတွေ စိတ်က ဒွိဟ စဉ်းစားမိလာသောအခါ အရင်က ကျွန်မဖတ်ခဲ့ဖူးသည့်  ဦးပြုံးချိုရေးသည့် နေအေး လိမ်နည်း စာအုပ်ကို ပြေးမြင်မိသည်။
နေအေးသည်လည်း ဘုရားအကြောင်းပြပြီး လိမ်ခဲ့တာတွေက နည်းတာမှ မဟုတ်ပဲလေ။
ယုံလွယ်သူတွေအတွက် ငါးစာပြပြီး ငါးမျှားချိတ်တပ်ထားသည်ကိုလည်း သတိချပ်စေချင်ပါသည်။
မည်သို့ ပင်ဖြစ်စေ ကျောက်စိမ်းလက်ကောက်ပါရင် သတိတော့ ထားရတော့မည်ဖြစ်သည်။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
(၃၀/၀၃/၂၀၁၂)နေ့ အဖြစ်အပျက်အား မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
Advertisements
5 comments on “ကျောက်စိမ်းလက်ကောက်ပါရင် သတိထား..
  1. အဲဒီလို ညာတာပါတေး ကိစ္စတွေက နေရာတော်တော်များများမှာ ပျံ့နှံ့ နေတာမို့ သတိထားပြီး ဖယ်ကြဉ်ကြရပါလိမ့်မယ် သျှင်လေးရေ …
  2. ကျွန်တော့်အမြင်တော့..မိရိုးဖလာဗုဒ္ဓဘာသာဝင်အများစုခုလိုအလိမ်ခံနေရတယ်လို့ထင်ပါတယ်.. ဘုရားရှင်ကိုယ်တော်တိုင်လဲ…အတ္တာဟိ..အတ္တနောနာထော..မိမိကိုယ်သာကိုးကွယ်ရာလို့ဟောပြောထားတာပါပဲ။ ဘိုးတော်တွေ၊ နတ်ကတော်တွေ၊ စုန်း၊ အောက်လမ်းတွေဟာလဲ..ခေတ်အဆက် ဆက်ကတည်းက..ယုံမှားကိုးကွယ်ချင်စရာဖြစ်ပြီး.ပုံအပ်မိလို့..ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေလည်း မနည်းပါဘူး။ ယုံကြည်ကိုးကွယ်မှုဆိုတာလဲ…မိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြုလုပ်ကြတာမို့ အပြစ်မဆိုသာပေမယ့်….မိစ္ဆာဒိဋ္ဌိ အယူမှားမဖြစ်ဖို့ပဲ..ကိုယ့်ကိုကိုယ်သာအရင်ကာကွယ်တာကောင်းပါတယ်ဗျာ
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s