၂၀၁၁ က ရိုက်ခဲ့သော ဓာတ်ပုံများ


ကျွန်မရိုက်ခဲ့တဲ့ 2011 ဓာတ်ပုံတွေထဲမှာ တချို့ ဓာတ်ပုံတွေက သဘာဝအတိုင်းပါသလို တချို့ ပုံတွေက လိုအပ်ရင် effect တွေထည့်ထားပါတယ်..
ဓာတ်ပုံတွေက အများကြီးရိုက်ခဲ့ပေမယ့် စိတ်တိုင်းမကျခဲ့တဲ့ ဓာတ်ပုံတွေလည်း ရှိပါတယ်..နည်းနည်း.ကောင်းမယ်ထင်တဲ့ ဓာတ်ပုံတချို့ ကို စုစည်းပြီး ၂၀၁၁ COLLECTION ဆိုပြီး စုစည်းလိုက်ပါတယ်… ဘုရားစေတီပုံများကိုတော့ နောက်ထပ် စုစည်းထားပါတယ်..။
ဝါသနာရှင်အဆင့် ဓာတ်ပုံရိုက်တာမို့  လိုအပ်သည်များ တွေ့ ရှိလို့  ပြောကြားခဲ့ရင် လုံးဝ လုံးဝ စိတ်မဆိုးပါ…
ကျေးဇူးတောင် တင်ပါအုံးမည်…။


ON AIR! လေပေါ်မှာပေါ့..

ဒီပုံက ရန်ကုန်က တိုင်းရင်းသားကျေးရွာ ရခိုင်အိမ်ဘက်မှာ ရိုက်ခဲ့တာပါ…
ရိုက်တုန်းက ရေတွင်းကိုပဲ ရိုက်မလို့ …ကြည့်လိုက်တော့ ကောင်းကင်ရော..သစ်ခက်တွေရော….ရေတွင်းရော…အကုန်ပါသွားတယ်..


ဒီပုံက ရန်ကုန်က တိုင်းရင်းသားကျေးရွာမှာ မန်းလေးဘက် နောက်ခံက ရိုက်ခဲ့တာပါ…


ဒီပုံက တိမ်တွေတောက်နေတဲ့ မနက်ခင်းတစ်ခုမှာ ရိုက်ခဲ့တာပါ


ဒီပုံက ရွှေတိဂုံဘုရား မှာပါ


ဒီပုံက ပရိဘောကပြပွဲတစ်ခုမှာ သစ်သားဘက်စ်စကား ခေါ် စစ်ကျန်ကားလေးတွေပုံ တွေ့ လို့ ကြိုက်လို့ ရိုက်ခဲ့တာပါ..


ဒီပုံကတော့ ရန်ကုန်က ကြိုးတံတားဘက်မှာ အမြန်ရိုက်တုန်း ကွယ်သွားပေမယ့် ပန်းချီကားတစ်ချပ်နဲ့ တူသွားတဲ့ ဓာတ်ပုံလေးပါ..


ဒီပုံကတော့ နေ၀င်ဆည်းဆာပါ..တိမ်တွေ ပုစွန်ဆီရောင် လှလှပပ တောက်ပနေတုန်း လှတုန်းရိုက်ခဲ့မိပါတယ်


ဒီပုံရိုက်တုန်းက နေသာနေတဲ့အချိန် ကောင်းကင်မှာ တိမ်တွေနဲ့ အရမ်းလှပါတယ်..အိမ်ဘေးက တိုက်ကြီးဆောက်နေတုန်း အောက်ကနေ ပင့်ရိုက်ခဲ့တာပါ…


ငှက်ဆိုတာက ပျံရင်းသေ…ဆိုတဲ့စကားကို သွားသတိရမိသလိုပါပဲ..


နေ၀င်ချိန်မှာ ကင်မရာကို စောင်းရိုက်ကြည့်ခဲ့တာပါ…


ဒါလည်း နေ၀င်ချိန်ပါပဲ…တမျိုးလှလို့ ရိုက်ခဲ့တာပါ…


လမင်းကြီးက ညနေတိမ်အပြာရောင်တွေရှိနေသေးတဲ့အချိန် မမျှော်လင့်ဘဲ ထွက်လာတဲ့အချိန်မှာ ရိုက်ခဲ့တာပါ…


ဒီပုံကတော့ တိုက်တွေရဲ့ အလယ် နီယွန်မီးများကြားက တောက်ပနေချိန်…သဘာဝအလင်းရောင်ဖြစ်တဲ့ လမင်းက လခြမ်းသေးသေးလေးပဲ ရှိနေတဲ့အချိန်…တစ်ခုခုကို နှိုင်းယှဉ်ချင်လို့ ပါ..


ဒီပုံစရိုက်တဲ့အချိန်က Angry Birds တွေ အတော်ခေတ်စားပါတယ်..ကျွန်မလည်း မဆီမဆိုင် အရုပ်တွေကြိုက်မိပြီး ကီးချိန်းတွေ Correction Pen တွေက အစ သေးသေးပိစိကွေးတွေ ၀ယ်ဖြစ်ပါတယ်…အဲဒီ့ကောင်လေးတွေကို ကျွန်မဆွဲထားတဲ့ ပန်းချီကား ပေါ်မှာ တင်ရိုက်ဖြစ်ခဲ့တယ်..


ဒီပုံထဲမှာတော့ အုတ်ခဲအပဲ့တွေကြားထဲက ၀ါဝါထိန်ထိန် ပန်းကလေးတစ်ပွင့်ကို တွေ့ နိုင်ပါတယ်…


ဒီပုံလေးကတော့ မြန်မာနိုင်ငံရဲ့ အမှတ်အသားတွေကို တွေ့ မြင်နိုင်ပါတယ်…

သစ်ပင်တစ်ပင်
လူတစ်ယောက်
ကျောက်ခဲတစ်လုံးကသာ စကားပြောတက်မယ်ဆိုရင် ….
ကျွန်မသိပ်ကြိုက်တဲ့ ဘွန်ဆိုင်းသစ်ပင်ပြပွဲထဲက သစ်ပင်နဲ့ ကျောက်စရစ်ခဲလေးကို ရိုက်ခဲ့တာပါ..

Artist by : Joey Minn-Din Gallery 65 Presents “TREE-MENDOUS LOVE” Bonsai & Plant Art Exhibition
onArtist by : Joey Minn-Din @ Gallery 65


ဒီပုံလေးကတော့ မနက်ခင်းအစ နေထွက်ချိန်မှာ ရိုက်ခဲ့တာပါ..

ကျွန်မဟာ ဓာတ်ပုံရိုက်တာကို ၀ါသနာပါမှန်း မသိ ပါခဲ့ပါတယ်…
ပန်းချီဆွဲတာက အရင်ဝါသနာပါခဲ့မှန်း မူလတန်း အလယ်တန်းကျောင်းသူဘ၀က စတင် သတိပြုခဲ့ပေမယ့်..ဓာတ်ပုံကိုတော့ ဘွဲ့ ရပြီးနောက်ပိုင်း ဒစ်ဂျစ်တယ် ကင်မရာလေးတစ်လုံး လက်ထဲမှာ အပျော်တမ်း ကိုင်ရိုက်ဖြစ်တော့မှ ၀ါသနာပါခဲ့မှန်း ပိုသိသာလာခဲ့ပါတယ်…
အခုထက်ထိ အပျော်တမ်း ရိုက်တာ ၀ါသနာပါသူမို့  တကယ့် Professional ကြီးတွေလို့ ခေါ်တဲ့ ကြေးစား သို့  အဆင့်မြင့် ဓာတ်ပုံဆရာကြီးများလိုတော့ လှလှပပ မရိုက်နိုင်ခဲ့ပါ..
သို့ ပေမယ့် ၀ါသနာအလျောက် လျှောက်ရိုက်ခဲ့သည်များကို ခုနှစ်အလိုက် စုဆောင်းဖို့  အကြံရလာခဲ့ပါတယ်…ဒါကြောင့် မျက်စိအပင်အပန်းခံပြီး ကြည့်ပေးကြပါကုန်….
ဓာတ်ပုံတွေမှာ နာမည်ရေးတဲ့အခါမှာ Sign တစ်ခုခုတော့ ထည့်တက်ကြပါတယ်..
ကျွန်မလည်း ကျွန်မသဘောကျတဲ့ Flying^A^ ဆိုတဲ့ နာမည်ကို ကျွန်မရိုက်တဲ့ ဓာတ်ပုံတွေမှာ သင်္ကေတအဖြစ်အမြဲထည့်လေ့ရှိပါတယ်။

လေးစားလျှက်

Flying^A^
@
မြလေးသျှင်

Advertisements

2 comments on “၂၀၁၁ က ရိုက်ခဲ့သော ဓာတ်ပုံများ

  1. ဓာတ်ပုံတွေ လှလိုက်တာ သျှင်ရေ..
    အားလုံးကိုကြိုက်တယ်။.
    တိုင်းရင်းသားကျေးရွာထဲ့ကပုံတွေနဲ့ ရွှေတိဂုံနဲ့ကရဝိတ်ရယ် တအားလှတယ်
    ဓာတ်ပုံတွေထဲမှာ ဓာတ်ပုံရိုက်သူရဲ့ စိတ်ကူးကောင်းလေးတွေပါ တွေ့ရတယ်။

  2. ဓာတ်ပုံတွေအရမ်းကောင်းတယ်ဗျာ… စစ်ကျန်ဘတ်စ်ကားကြီးပုံရယ်။ ရန်ကုန်တိုင်းရင်းသား ကျေးရွာကပုံ၊ Golden land of Myanmar ၊ ရွှေတိဂုံဘုရားမှာပါဆိုတဲ့ပုံ၊ ဘွန်ဆိုင်းသစ်ပင်ပြပွဲထဲက.သစ်ပင်နဲ့..ကျောက်စရစ်ခဲပုံများကို.အထူးပင်နှစ်ခြိုက်မိပါတယ်။ ပုံတွေအားလုံးတကယ်ကိုကောင်းလှပါတယ်။ အပျော်တမ်းပဲဖြစ်ဖြစ်..ပရိုပဲဆိုဆို..လက်နက်ကောင်းဖို့ထက်..လိုချင်တဲ့ပစ်မှတ်ကို.ထိအောင်ပစ်နိုင်ဖို့ပဲလိုတယ်..ဆိုတဲ့ထုံးနှလုံးမူလို့.ကျွန်တော်လဲ..စိတ်ကူးပေါက်တိုင်း.ပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။ လာရောက်အားပေးသွားပါတယ်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s