သစ်ပင်ခုတ်နေသည့် အတွေးများ



လူတစ်ယောက် သစ်ပင်တစ်ပင်ခုတ်နေတဲ့ ပုံဖြစ်သည်။
ပုဆိန်ဖြင့် သူခုတ်လိုက်တဲ့ သစ်ပင်မှာ သစ်ပင်အပိုင်းအစလေးနှင့်အတူ
သစ်ခုတ်သမားရဲ့ ဦးခေါင်းအရိပ်ပါ ခေါင်းပြုတ်ထွက်သွားသည့်ပုံဖြစ်သည်။
သေချာကြည့်လေ အတွေးပွားစရာများလေ ဖြစ်တော့သည်။
လူက ခုတ်လိုက်တာ သစ်ပင်ကိုပါ
ဘာကြောင့်များ သူ့ ကိုယ်ခန္ဓာရဲ့ အရေးကြီးဆုံး ဦးခေါင်းအရိပ်လေးပါ ပါသွားပါလိမ့်.

သစ်ပင်တစ်ပင်ခုတ် ထောင်သုံးနှစ် ဆိုတဲ့ ဥပဒေအရလည်း အကြမ်းဖျင်းတွေးလို့ ရသည်။

ဂေဟစနစ်ကို အသက်ဆက်ပေးတဲ့ သစ်ပင်ကို ခုတ်လျှင် လူပါအသက်ဘေးအန္တရာယ်
ရှိလာနိုင်တဲ့ အကြောင်းကိုလည်း မီးမောင်းထိုးပြနေတာ နဲ့လည်း တူပါသည်။

နောက်ထပ် အများကြီး ချဲ့ကားတွေးလို့ရတာတွေရှိသေးသည်။
ငွေရှာသူများ
ရာထူးဂုဏ်ရှိန်နောက် လိုက်သူများ
ကိုယ့်ဘဝတက်လှမ်းအောင်မြင်ဖို့ အတွက်
သူတစ်ပါး သစ်ပင်ကို ခုတ်လှဲရန် ကြိုးစားလိုက်သည့် တဒင်္ဂအတွင်းမှာ
မိမိ၏ အရိပ်လိုလိုက်နေတဲ့ ဂုဏ်သတင်း ကိုယ်ကျင့်သိက္ခာနဲ့တူတဲ့ ခေါင်းတစ်လုံးပါ အဆစ်ပျောက်သွားနိုင်ကြောင်း ဒီကာတွန်း သရုပ်ဖော်ပုံလေးက တဆင့် ခံစားမိပါသည်။

ပစ္စည်းပျောက်ရင် ရှာလို့လွယ်ပါသည်။
ကိုယ်ကျင့်တရား ပျောက်သွားခဲ့လျှင် မိမိပုံရိပ်ပါ ပျောက်ကွယ်သွားနိုင်တော့သည်။

ရင်ဘတ်ရှိ နှလုံးသားထဲတွင် ချစ်ခြင်း မေတ္တာတရား ထားရှိရန် လိုအပ်သလို
ဦးနှောက်ထဲ ဝေဖန်ပိုင်းခြားနိုင်သည့် အကန့်လေးများထဲတွင်
မပါမဖြစ် လိုနေသည်မှာ (Ethic) ဟုခေါ်သော လူ့ကျင့်ဝတ်၊ကိုယ်ကျင့်သိက္ခာသာလျှင် ဖြစ်တော့သည်မို့ . . .

မြလေးသျှင်
8. Nov. 2012
Image from Internet

Advertisements

2 comments on “သစ်ပင်ခုတ်နေသည့် အတွေးများ

  1. ဟုတ်ပါရဲ့ သျှင်ရေ..
    ပုံလေးကနေ အတွေးတွေ အများကြီးဘဲ ပွားစေတယ်နော်
    အဓိပ္ပါယ် တော်တော်ပြည့်ဝပြီး တွေးအစရာတွေ အများကြီး ပေးတဲ့ ပုံလေးပါဘဲ…
    သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ ခုလို ကာတွန်းလေးတွေလည်း အများကြီးလိုတယ်နော်

  2. နောင်တကို၊ သောကနှင့် ဖုံးအုပ်နေလျှင် ဘ၀ဆိုတာ ခွေလိမ်နေသော စက်ဘီးတစ်စီးလို လိုရာခရီး မရောက်နိုင်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s