“သံသရာ ခရီးသွား “


“သံသရာ ခရီးသွား ”

လူက အရင်လူပဲ…
စိတ်တွေက ပိုပြီး တည်ငြိမ်လာသလိုလို…
အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလာပြီမို့ 
ခရီးတွေထွက်ဖြစ်ခဲ့ပြီး
ဘလော့တွေဘက်လည်း မလှည့်ဖြစ်
စာရေးစာဖတ်သိပ်နည်းခဲ့ပြီး
လက်တွေ့ ဘ၀ထဲ ကွင်းဆင်းသလိုလိုနဲ့ 
အားနာပါတယ်..
ကျေးဇူးတင်ပါတယ်..
အပြုံးအစစ်အမှန်နဲ့ သာ ပြုံးပြချင်ပါတယ်..
ဓာတ်ပုံရိုက်တိုင်းပြုံးပြနေရလို့ 
ကိုယ့်ဘာသာကိုယ် အတုအစစ် ခွဲခြားမရတဲ့ အဖြစ်
လူကြည့်တိုင်း လှနေဖို့ 
ပြုံးပြနေရတာကိုက
အတုအယောင်များလားလို့ 
ကိုယ့်ကိုကိုယ် တွေးမိရင်း
သံသရာတကွေ့ အမှားမတွေ့ ဖို့ ကို
ဘာပဲဖြစ်ဖြစ် ကြည့်ရှောင်နေရင်း
သံသရာခရီးသွားဆိုတာ
နားလိုက် သွားလိုက်
တစ်နေရာရာမှာတော့
မှတ်တိုင်တစ်ခုခုတော့ သတ်မှတ်ရအုံးမယ် မဟုတ်လား…
ကိုယ်တို့ ဘ၀တွေ ဆိုတာက
မရပ်မနား ခရီးသွားတွေမို့ 
လမ်းမှာဆုံတုန်း အစစ်အမှန်အပြုံးနဲ့  နှုတ်ဆက်ချင်ပါတယ်..

အားလုံးကို “မင်္ဂလာပါ”လို့  ။ ။

မြလေးသျှင်
3.2.2013

Advertisements

One comment on ““သံသရာ ခရီးသွား “

  1. ရင်ထဲကနေ ‘မင်္ဂလာပါ’ လို့ စစ်မှန်သော ကြည်နူးမှုများစွာနဲ့ ပြန်လည် နှုတ်ဆက်ရင်း အနက်ကျယ်ဝန်းတဲ့ သံသရာခရီးသွား ကဗျာလေး ဖတ်သွားပါတယ် မြလေးသျှင်။ လူသားတိုင်းအတွက် သတ်မှတ်ပြီးသား မှတ်တိုင်လေးတွေ ကိုယ်စီရှိနေပြီးသားထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s