ကျွန်မ တွေ့ ခဲ့ရသော NLD ရုံးသစ်ဖွင့်လှစ်ရာ လသာမြို့ နယ် မြင်ကွင်း
( ၉.၅.၂၀၁၂  ) နေ့  ညနေဘက်မှာ..
အဝေးကနေကြည့်လိုက်တော့ အနီရောင်အလံလေးတွေ တလွှင့်လွင့်တွေ့ ရသည်။
NLD မှန်းသေချာတော့ အဖွဲ့ ကနေ ဟောပြောနေမှန်းသိရတော့သည်။
အတော်တိုက်ဆိုင်သွားတဲ့ မြင်ကွင်းပါပဲ… ဘာဖြစ်လို့ မှန်းကို မသိ…ကျွန်မ ပျော်သွားပါတယ်။
ကျွန်မရောက်တဲ့အချိန်မှာ ဘယ်သူဟောပြောနေတုန်းမှန်း မသိ။
ပိုပြီး အံသြဖို့ ကောင်းတာက ကျွန်မ ရပ်ကြည့်နေတုန်းမှာပင်
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းပြောကြားပါတော့မယ်..ဆိုတဲ့အသံကြီး ကြားလိုက်ရတော့ .
ကျွန်မလည်း ၀မ်းသာအားရ ဟေး ဆိုပြီး လိုက်အော်မိတော့သည်။
ကြည့်စမ်း နည်းတဲ့ပရိသတ်ကြီးမဟုတ်ဘူး…
ဒီအထဲမှာမှ ကျွန်မက တိုက်ဆိုင်ပြီး မမျှော်လင့်ဘဲ ရောက်သွားနေသည် မဟုတ်ပါလား…
ကျွန်မ မိတ္တူကူးဖို့ မေ့သွားပြီ… အချိန်က ခြောက်နာရီကျော်လောက်တော့ရှိမည်..
နာရီတောင် သေချာမမှတ်မိတော့…
အန်တီစုလို့ အများက ခေါ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မ အပြင်မှာ လုံးဝ မမြင်ဖူးပါ..
အခုတော့ မထင်မှတ်ဘဲ ကျွန်မအရမ်းလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အပြင်မှာ ပထမဆုံးအကြိမ် အနီးကပ်မဟုတ်ပေမယ့် မြင်တွေ့ ခွင့် ရခဲ့ပါပြီ…
ဘေးနားမှာ အန်တီစုစကားသံများကို (Mobile Recording )အသံဖမ်းစက်ဖြင့် ဖမ်းယူသူများကိုလည်း တွေ့ ရပါသည်။
ဘေးနားမှ အမျိုးသမီးများက ” ဟယ် နုလိုက်တာနော်..” ပြောသူကပြောနေကြပါသည်။
အန်တီစုက စစချင်း
ဆိုပြီး အရွှန်းဖောက်လိုက်ပါသေးသည်။
ကျွန်မ မှာ အန်တီစုဓာတ်ပုံကို အဝေးကနေ Zoom ဆွဲပြီး မနည်းရိုက်နေရလို့ ပြောတာတွေ အကုန်မမှတ်မိခဲ့ပါ..
အန်တီစုပြောတဲ့အထဲ မှတ်မိသဘောက် ကျွန်မသဘောကျတဲ့ အချက်တွေမှာ.
မိနစ်ပိုင်းလောက်သာ ပြောကြားသွားတဲ့ အန်တီစု မိန့် ခွန်းအပြီးမှာ ပရိသတ်တွေ လက်ခုပ်သံကြား  ကျွန်မတစ်ယောက် လက်မှာတောင် ကြက်သီးမွှေးညှင်းတွေ ဖြစ်လို့ နေပါတယ်။
ကျွန်မ နိုင်ငံရေး မလုပ်ပါ..သို့ သော် နိုင်ငံရေးတွေ ကြားတိုင်း ကျွန်မ အဲသည်လို ကြက်သီးမွှေးညှင်းတွေ ထလျှက် ကျွန်မသွေးတွေက ကျွန်မနိုင်ငံအပေါ်ချစ်စိတ်တွေ စီးဆင်းနေတာ သတိပြုမိပါသည်။
စာရွက်များနှင့် ကင်မရာတစ်ဖက်က ကိုင်လျှက် လက်မအားလို့  လက်နှစ်ဖက်ဖြင့် လက်ခုပ် ၀၀ မတီးခဲ့ရပေမယ့် ကျွန်မ ကျေနပ်လို့ နေပါတယ်..။
ကျွန်မ ဘယ်တော့မှ ဒီလို နေ့ လေးကို မေ့တော့မယ် မထင်ပါ..။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
Advertisements
နှစ်သစ်ပင်နား ခရီးသွားအတွေးများ
ဘာလိုလိုနဲ့ 2012 နှစ်သစ်ဆီသို့ ရောက်လင့်တော့သည်…
ကျွန်မတို့ တွေသည် ဘ၀ခရီးသွားများဖြစ်ကြသည်။ ခရီးတွေကို ဖြတ်သန်းရင်း ကျွန်မတို့ အသက်တွေလည်းကြီးလာကြပြီ..
နှစ်တွေသာ ကြီးလာပေမယ့် အရွယ်မဖွံ့ ဖြိုးသေးသော ဘွန်ဆိုင်းအပင်ပုလေးများကိုမြင်တိုင်း
ကိုယ်တို့ တွေများလို များဖြစ်နေမလားဟု အခါခါ သုံးသပ်ရသည်။
၂၀၁၁ ခုနှစ်မှာ အရေးကြီးသော အကြောင်းအရာအဖြစ်အပျက်များကတော့ ရေးလို့ မကုန်နိုင်အောင်ပင်၊
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၁၁ လောက်က ဘွန်ဆိုင်းပန်းပင်ပုလေးများအနုပညာပြပွဲကို သွားကြည့်ဖြစ်ခဲ့သည်။
ဘွန်ဆိုင်းအပင်တွေသည် ငယ်သည်၊ သေးသည် ၊ သို့ သော် အပင်များကို ဒီလိုဖြစ်အောင် ဂရုတစိုက်နှစ်ရှည်လများစွာ ပြုစုပျိုးထောင်ခဲ့သော အနုပညာစွမ်းအားကတော့ မသေးပါလား ဟု သုံးသပ်မိပါသည်။
နှစ်သစ်ကို ကြိုဆိုသော ပုံလေးတွေ၊ စာလေးတွေကို သူငယ်ချင်းများက ရေးကြ၊ ပေးပို့ ကြသည်။
ကျွန်မအနေနဲ့ တော့ ဒီဇင်ဘာလကုန်ခါနီးသွားမိသော ပုသိမ်ငွေဆောင်ဘက်သွားတဲ့ ခရီးသွားခဲ့ရာ တွေးမိသောအတွေးများဖြင့် ကြိုဆိုကြည့်ဖို့ စိတ်ကူးမိသည်။
ပုသိမ် ညောင်တုန်းဘက်အသွားမှာ တွေ့ ခဲ့ရတဲ့ ဆိုင်းဘုတ်လေးကတော့ ကျွန်မနှလုံးသားကို ပိုပြီး ဆူညံစေပါတယ်။ နှလုံးသားဆိုသည်မှာ ရင်ခုန်စရာကောင်းသည့်အကြောင်းအရာမှ မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ရာသီဥတု၊ ကိုယ့်ပတ်ဝန်းကျင်နှင့် သက်ဆိုင်လာသောအခါ ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲ ဒိုင်းကနဲ အသံကြားလာလျှင် ဒါဟာ ကျွန်မတိုက်ရိုက်ခံစားမိတဲ့ မြည်ဟိန်းသံများဖြစ်လာပါတော့တယ်။
အဲသည့်ဆိုင်းဘုတ်မှာ အရင်ဆုံးဖတ်မိရသည်မှာ ဆင်းရဲ၍ ဟူသော စာသားပင်ဖြစ်သည်။
စာသားမှာ ဖတ်ကြည့်လျှင် စိတ်ဝင်စားဖို့ ကောင်းသည့်အပြင် ဆက်တွေးစရာတွေလည်းအများကြီးဖြစ်သည်။ ဆင်းရဲတာကို ဘယ်လိုလူသားမှ မကြိုက်၊ အနေဆင်းရဲ ၊ အသွားဆင်းရဲ ၊ ရောဂါမျိုးစုံချမ်းသာသော လူ့ ငရဲဟု ခေါ်လောက်သည့် ဆင်းရဲမှုသံသရာကို ဆင်းရဲသားများက ခံစားနေရသည်မဟုတ်ပါလား။
ကျွန်မ ပုသိမ်ဘက်အသွားတွင် လမ်းဘေး ကျောက်ခဲထုနေသည့် ငယ်ရွယ်သည့်အလုပ်သမားမိန်းကလေးများ၊ယောင်္ကျားလေးများကို ကားပေါ်မှ မြင်တွေ့ ခဲ့ရသည်။ ဒီလောက်ကြမ်းတမ်းသည့် ကျောက်ခဲများကို ထောင်မကျပါဘဲနှင့် ဘယ်သူက ထုချင်ပါ့မလဲ…ဆင်းရဲလို့ သာ ထုနေရသည်မဟုတ်လား..
အနင်းခံဘဝ
လမ်းဖြစ်သွားသည် မဟုတ်လား
ကျောက်တုံး ကျောက်ခဲများ။   ။
ဟု ဟိုက်ကူကဗျာတိုတိုလေးတစ်ပုဒ် စိတ်ထဲက ရေးခဲ့မိသည်။
ဆိုင်းဘုတ်ထဲမှာစာသားကို ပြန်ပြီးကောက်လျှင် အလှူဒါန ဟူသော စာသားလေးကို ထင်ထင်ရှားရှားတွေ့ မိသည်။ ကျွန်မအနေနှင့် အလှူဒါနတွေကို စိတ်ဝင်စားမိသော်လည်း ကိုယ်စိတ်မ၀င်စားသော အလှူဒါနမျိုးကိုမူ လက်တွန့် တာမျိုးတွေရှိသည်။ ကျွန်မတို့ 
မြန်မာလူမျိုးများ အလှူဒါနပြုရာ တစ်ချို့ နေရာတွေတွင် လိုအပ်ချက်များ၊ အားနည်းချက်များရှိသည်ကို
အမျိုးသားပညာဝန်ဦးဖိုးကျားက ဝတ္ထုတိုတစ်ပုဒ်ဖြင့် ထောက်ပြဖူးပါသည်။
စာအုပ်ခေါင်းစဉ်မှာ ဦးဖိုးကျား ၏ ကိုယ်တွေ့ ဝတ္ထုများမှ “ဘုရားဖူးသွားခြင်း” ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။
http://www.maungmaungmfs.com/2010/12/blog-post_10.html
နေရာလေးတွင် အစအဆုံးဖတ်နိုင်ပါသည်။
ထိုဝတ္ထုတိုထဲမှာ ကျိုက်ထီးရိုးသွားရာတွင် မလိုအပ်သော အလှူများနှင့် လိုအပ်ပြီး ဆင်းရဲသော မိသားစုလိုအပ်ချက်ကို ထောက်ပံ့ပေးခဲ့သော လူတစ်ယောက်နှင့် အလှူဒါနလှူဒါန်းပုံခြင်းမတူသော သူငယ်ချင်းနှစ်ယောက်အကြောင်းကိုနှိုင်းယှဉ် ရေးသားခဲ့လို့ ကျွန်မသတိရနေမိခြင်းဖြစ်သည်။
လူတွေပြောနေကြသည်မှာလည်း “မရှိလို့ မလှူ၊ မလှူလို့ မရှိ” ဆိုတဲ့ စာသားလေးလိုပင်။ ဆင်းရဲမှုသံသရာက ရုန်းမထွက်နိုင်သူတွေက ဒုနဲ့ ဒေးပင်။
မည်သို့ ပင်ဖြစ်စေ ” ရေဘူးမပါရင် နွေအခါမှသိ ၊ ဒါန သီလ မပါလျှင် သေအခါမှသိ ” ဟူသော စာသားလေးကို ကျွန်မမှတ်မိနေတော့သည်။
ဆိုင်းဘုတ်ပါ “သစ်ပင်စိုက်ခြင်း” ဟူသော စာသားသည် လုံးဝကန့် ကွက်စရာမရှိသော အကြောင်းအရာဖြစ်သည်။
တစ်ရက်ပျော်ချင် အရက်သောက်၊
တစ်နှစ်ပျော်ချင် မိန်းမယူ၊
တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါ။” ပါ ဟူသော စာသားလေးကလည်း သစ်ပင်စိုက်ဖို့ တွန်းအားပေးနေပြန်သည်။
ကျွန်မတို့ နေထိုင်ရာ ရန်ကုန်မှာတော့ တိုက်ခန်းတွေချည်းမို့ သစ်ပင်တွေကို ပန်းအိုးလေးနဲ့ သာစိုက်လို့ ရသည်။
သစ်တောနဲ့ သစ်ပင်၊ ချစ်ခင်တဲ့ လူမျိုး၊
“သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကို စိုး။
သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ။
ဥတုရာသီ တောကိုမှီ၏ ။
သက်ရှိလောက တည်မြဲဖို့၊ သဘာဝတွေ ထိမ်းကြစို့။” အစရှိသော သစ်ပင်တွေကာကွယ်စောင့်ရှောက်ဖို့ သစ်ပင်တွေကိုချစ်မြတ်နိုးဖို့ စာသားတွေကလည်း နှိုးဆော်နေကြပြန်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ သစ်ပင်ပန်းမန်တွေကလည်း အရေးပါသည် မဟုတ်ပါလား။။
နောက်ဆုံး “ကုသိုလ်ယူပါ” စာသားလေးကို ကျွန်မဆက်တွေးမိသည်ကများပါသည်။
ပုသိမ်ဘက်သွားတဲ့ ပန်းတနော်မြို့ နယ်အ၀င်ဘက်မှာလည်း ဦးသန့် စာကြည့်တိုက်ကြီးတစ်ခုကို ခမ်းနားထည်ဝါစွာ တွေ့ လိုက်ရသည်။ ဦးသန့် ရုပ်ပုံကားချပ်ကြီးကို ကားပေါ်ကနေ ဖြတ်သွားနေတုန်းမို့ မမှီလိုက်လို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပါ။ စာကြည့်တိုက်တွေကို လှလှပပ ဂုဏ်ယူစွာတည်ဆောက်ထားတဲ့ ပန်းတနော်မြို့ ကိုလည်း အားကျမိသည်။ ရန်ကုန်မှာ ဘယ်စာကြည့်တိုက်ဝင်လို့ ဝင်ရမှန်းမသိဘဲ စာအုပ်ဆိုင်တွေသာများနေလို့ ဖြစ်သည်။
သစ်ပင်စိုက်ပြီး ကုသိုလ်ယူနိုင်သည်၊ စာကြည့်တိုက်များဆောက်၍လည်း ကုသိုလ်ယူနိုင်သည်၊ တံတားများဆောက်လုပ်၍လည်း ကုသိုလ်ယူနိုင်သည်။ စီးပွားရှာရာတွင်လည်းကုသိုလ်တွေကို မှန်ကန်သောနည်းလမ်းမျိုးစုံဖြင့် ယူလို့ ရသည်။ Corporate Social Responsibility  (CSR) လို့ လည်းပြောကြဆိုကြသည်။
သစ်တောဦးစီးက ပြောချင်သော ဆိုင်းဘုတ်ကို အတွေးပွားလို့ ပြီးသော်လည်း ကျွန်မ ဆက်ပြောချင်သော အကြောင်းအရာများက ရှိနေသေးသည်။
ငွေဆောင်ဘက်အသွားတွင်လည်း အပန်းဖြေခရီးထွက်လာသော ကမ္ဘာလှည့်ခရီးသည်များစွာကို တွေ့ ရပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း Lonely Planet ခရီးသွားလမ်းညွှန်
ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံး လူမျိုးများနေထိုင်ရာမန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန်အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင် ရှိသည် ဟု ထည့်သွင်းဖော်ပြခဲ့လေသည်။
စီးပွားရေးလုပ်ငန်းရှင်များ၊ နီးစပ်ရာမိတ်ဆွေများက ပြောကြသည်မှာ မြန်မာပြည်ရှိ ဟိုတယ်များ  နှစ်နှစ်စာလောက်ထိ Booking များပြည့်နေပြီဟု ကြားသိရသည်။ ခရီးသွားလာရေးလုပ်ငန်းသည် မီးခိုးတိတ်စက်ရုံလိုပင် တိုင်းပြည်ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည်။
၂၀၁၁ မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးများ၊ တိုင်းပြည်အတွက် အလားအလာကောင်းသောသတင်းများက ကြားရသူအတွက် အားတက်စရာပင်၊ သို့ သော် ပုသိမ် ငွေဆောင်ဘက်အသွားတွင် ကမ္ဘာလှည့်ခရီးသွားများအဆင်မပြေဖြစ်နိုင်သော လမ်းခုလတ်မှ အကြောင်းအရာတစ်ခုကို တွေ့ လိုက်ရသည်။ ကျွန်မတို့ တွေသည် အ၀င်တွေကိုပဲ ကြိုဆိုနေကြသည်။ အထွက်တွေကိုလည်း ဂရုစိုက်ဖို့ လိုသေးသည်။
ဖြစ်ပုံမှာ –
ရန်ကုန်မှ ပုသိမ်သို့ ကားလမ်းခရီး လေးငါးခြောက်နာရီ ဆက်တိုက် လူတိုင်း မစီးကြပါ။ ကားသမားတိုင်း လမ်းခုလတ်ရှိ စားသောက်ဆိုင်တစ်နေရာရာတွင် ရပ်ပေးတက်ကြသည်။ အဲသည်လိုရပ်ပေးတက်ကြသည်မှာ ကားသမားနှင့် စားသောက်ဆိုင်ပိုင်ရှင်တို့ အပေးအယူရှိတက်ကြပါသည်။
ဤသည်မှာ အရေးမကြီးသေးပါ။ အရေးကြီးသည်မှာ ထိုစားသောက်ဆိုင်သိုလာရောက်နားခိုသော ခရီးသည်များအတွက် အပေါ့အလေးသွားရန်ဆောက်ထားသော အိမ်သာများသန့် ရှင်းမှုမရှိ
သည့်အတွက် နိုင်ငံခြားသားများအတွက် အခက်တွေ့ စေပါသည်။ အိမ်သာတွေက ဘိုထိုင်တွေမရှိသည့်အပြင် အနံ့ တွေကဆိုးသည်။ ယင်ကောင်များပင်တွေ့ နေရသောကြောင့် သန့် ရှင်းမှုအတွက် စားသောက်ဆိုင်နေရာများ ဆင်ခြင်သင့်တော့သည်။  ကျွန်မတို့ မြန်မာပြည်ကလူတွေအတွက် အရမ်းအရေးကြီးသည့်အကြောင်းအရာမဟုတ်သော်လည်း အမေရိကန်လိုနေရာမျိုးမှလာသည့် လူတွေအတွက် နှာခေါင်းရှုံစရာဖြစ်လာသည်။
သူတို့ တွေသည် ဘိုထိုင်လို့ ခေါ်သည့် အိမ်သာမျိုးတွေမှာ သန့် သန့် ရှင်းရှင်းသွားသူတွေဖြစ်သည်။ ကျွန်မတို့ ဆီမှာ အိမ်သာ ဟုသာခေါ်နေပေမယ့် ကိုးရီးယားကားတွေကြည့်သောအခါ မင်းသားမင်းသမီးများ ဘိုထိုင်အိမ်သာပေါ် ခေါင်းထိုးပြီး အန်နေတာကိုကြည့်ရင် အတော်ကြီးစိတ်ညစ်တာထက် စိုးမည်ထင်သည်။ ခက်တာက သူတို့ တွေက အတော်သန့် သည်ကိုး။
နိုင်ငံခြားသားများတည်းခိုနားနေသော ဟိုတယ်များကတော့ ဈေးကြီးပြီး အဆင့်မှီပါသည်။
ခက်တာ လမ်းခုလတ်ပတ်ဝန်းကျင်က မမှီသော Standards များကြောင့် ခရီးသွားလာရေးအတွက် အခက်အခဲများဟုပဲ ဆင်ခြင်သုံးသပ်မိပါသည်။
ကျွန်မတို့ တိုင်းပြည်နှစ်သစ်အတွက် စနစ်အသစ်တွေသည်လည်း လိုလာတော့သည်၊
မလိုအပ်တဲ့ တံတိုင်းတွေကိုဖြိုပြီး လိုအပ်တဲ့ တံတားတွေဆောက်ကြရပေအုံးမည်၊
အသက်တစ်နှစ်ကြီးခြင်းအတွက် ဆင်ခြင်သုံးသပ်မှုများကတော့ အလျှံပယ်ပင်……..
၂၀၁၁ ဒီဇင်ဘာမှာ ကျွန်မရိုက်ခဲ့သော ပန်းပွင့်ပုံလေးများဖြင့် ၂၀၁၁ကို နှုတ်ဆက်လိုက်ပါတယ်..
ပန်းလေးတစ်ပွင့်ဟာ ဒီလိုအတောင်စုံစုံနဲ့ ပြုံးတက်ပါတယ်..
အပွင့်ရဲရဲ နှင်းဆီမှ မဟုတ်ပါဘူး..ပန်းနုရောင်နှင်းဆီပွင့်လေးလည်း ဒီလိုမသိမသာ ပြုံးတက်ပါတယ်..
ဒီပန်းပွင့်ရဲ့ နာမည်ကိုတော့ “ရက်စက်ခြင်းများ” လို့ နာမည်ပေးထားပါတယ်..
ပန်းရောင်တောက်တောက် အရောင်ဖြစ်တဲ့ ပွင့်ချပ်လေးတစ်ဖတ်က
တစ်စုံတစ်ရာ နာကျင်ခြင်းအတွက် နှုတ်ခမ်းကိုက်နေသလိုလိုနဲ့ နှစ်ဟောင်းမှာ အကျဉ်းတန်ရက်စက်ခြင်းတွေကို ထားခဲ့ကြပါလို့ …
ပန်းတွေလှရင် လိပ်ပြာလေးနားတက်တယ်…
ကျွန်မတို့ မြန်မာပြည်လိုပေါ့..ခရီးသွားတွေဝင်ဝင်လာနားလှည့်သလို..
ဒီထက်လှပသော ပန်းဥယျာဉ်ကြီးဖြစ်ဖို့ ဆုမွန်ကောင်းတောင်းမိပါသည်။
အားလုံး တိုးတက်ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေ……
Happy New Year!
ဆုမွန်ကောင်းတောင်းလျှက်
မြလေးသျှင်
MMG နှစ်နှစ်ပြည့် တွေဆုံပွဲ အမှတ်တရ ပုံရိပ်များ
ဒီနေ့ MMG (၂) နှစ်ပြည့် တွေ့ ဆုံပွဲအခမ်းအနားလေးကို ရန်ကုန် City Star ဟိုတယ်မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
ဒီနှစ်အစီအစဉ်လေးက ထူးခြားပါတယ်…
တိုးတက်မှုတွေများစွာနှင့်ပေါ့…
MMG အဖွဲ့ ဝင်များ
ကဗျာဆရာ ငြိမ်းစိုးဦး၊ ကိုလင်းအောင်ပြည့် ၊ ကိုအလင်းစေတမန် ၊မမေဇူး
MMG မိသားစုဝင်များ စာရေးကောင်းသူများဖြစ်ကြတဲ့ ကိုကြည်နိုင်၊ ကိုရီး၊ ကိုသတိုး တို့ အုပ်စု MMG Admin တစ်ဦးဖြစ်တဲ့ မမေဇူးမှ အမှတ်တရလက်မှတ်ရေးထိုးစဉ် MMG (မြန်မာမာတည်ပလိုင်းအဖွဲ့ ) စတင်တည်ထောင်စဉ်ကတည်းက ပါဝင်သော ဦးဇင်းလေး ဦးဝရသမိ MMG Admin တစ်ဦးဖြစ်သော ကိုလင်းအောင်ပြည့်မှ အဖွဲ့ အတွက် ပြောကြားစဉ် MMG တွေ့ ဆုံပွဲကို မိသားစုနှင့်အတူ အရောက်လှမ်းလာသော ရတနာပုံရွှေမြို့ တော်မှ ကိုမင်းမင်းဇော် (မြန်မာ့ဆေးမြီးတိုများ ကို အစဉ်တစိုက်ရေးသားသူ) MMG အတွက် အားတက်သရောကူညီပေးသော ကိုကြီး (ခ) ကိုရီးမှပြောကြားစဉ်၊
နေကာမျက်မှန်ကို အင်္ကျီမှာတပ်ထားပြီး ငေးနေသူမှာ မာတည်မှ ဆရာကျောင်းဖြစ်ပါသည်။ကိုသစ်ကိုမှ အစီအစဉ်များကို ပြောကြားနေပုံSky Net မှ အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးပါသည်။MMG အက်ဒမင်များကိုလည်း တွေ့ ဆုံမေးမြန်းနေပုံကို တွေ့ ရပါသည်။မဲလိပ်များနှိုက်ပြီး ကံစမ်းမဲလက်ဆောင်များ ပေးဖြစ်ခဲ့သည်။ပရဟိတများအတွက် လက်မနှေးသော မ.မ နှင့်  ဆရာကိုကြည်နိုင် (ကျုံတိုင်းရွာ) တို့ မှ
အမှတ်တရလက်မှတ်များရေးထိုးစဉ်MMG စတင်တည်ထောင်ကတည်းက အားတက်သရောပါဝင်ခဲ့သော ဖိုက်တာနှစ်ယောက်ထဲမှ အပါအ၀င်ဖြစ်သော ( သူတို့ ဂုဏ်ထူးတွေကလည်း များလိုက်တာနော်) ကိုလင်းထက်နှင့် ကိုသစ် ငြိမ်းချမ်းရေးရယူအပြီး ချစ်ချစ်ခင်ခင်MMG အဖွဲ့ ဝင်များMMG လူစွမ်းကောင်းတွေပေါ့..ဘာလို့ လဲဆိုရင် သူတို့ က MMG T shirt တွေ ၀တ်ထားလို့ ပေါ့…ရတနာပုံမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာကျောင်း၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး…… MMG ပုရိသများ (ဦးဇင်းလေးနှစ်ပါးနှင့်အတူ)
Sky Net မှ မမချောများ၊ စာနယ်ဇင်းမှ မမလှလှများ နှင့် တွေ့ ဆုံပွဲတက်ရောက်လာသော MMG အဖွဲ့ ဝင်များMMG တွေ့ ဆုံပွဲမှာ Members အသစ်များကိုလည်း မြင်တွေ့ ခွင့်ရခဲ့ပါသည်။
Multiply မှ မ.မ လည်း နေမကောင်းတဲ့ကြားထဲမှ တက်ရောက်တဲ့အတွက် ကျေးဇူးတင်မိပါသည်။ ဒီရက်ပိုင်းအတွင်းတွင်မှ MMG မှ Admin တစ်ဦးဖြစ်သော ကိုအုန်း နေမကောင်းသဖြင့် ဆေးရုံရောက်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပါ၊
တိုက်တိုက်ဆိုင်ဆိုင် MMG ပရဟိတများကို အားတက်သရော ကူညီပေးသော ဘိတ်သားလေးလည်း ဇနီးမီးဖွားရက်နီးသည့်အပြင် နေမကောင်းသဖြင့် တွေ့ ဆုံပွဲကို မတက်ရောက်နိုင်ခဲ့ပါ။ ထို့ အတူ MMG တစ်လပြည့်၊ တစ်နှစ်ပြည့် ထိ ပွဲတွေဆက်တိုက်လာခဲ့သော မရင်သွေးဦးလည်း နေမကောင်းလို့ မတက်သာလို့ မလာနိုင်ခဲ့ပါ…
ဒါကြောင့် MMG မှ မောင်နှမများအားလုံး ကျန်းမာပါစေကြောင်းလည်း ဒီနေရာလေးကနေ ဆုတောင်းလိုက်ပါတယ်။
Multiply မှ ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မစန္ဒီလည်း တက်ရောက်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။
ဒီဇိုင်နာ နှစ်ယောက်ဖြစ်တဲ့ မချို နဲ့ မသင်းတို့ ကိုလည်း ပွဲတိုင်းမပျက်မကွက်တက်လို့  အားတက်မိပါတယ်။
ရတနာပုံရွှေမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာငြိမ်းစိုးဦး၊ ကိုကြည်နိုင် (ဆရာကျောင်း)၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး……မန္တလေး၊လပွတ္တာ၊ပုသိမ်လာရောက်ကြသော MMG မောင်နှမများ အားလုံးကိုလည်း  တွေ့ ဆုံပွဲအတွက် အထူးကျေးဇူးတင်ပါတယ်။
MMG နှစ်နှစ်ပြည့်မှ တွေ့ ဆုံပွဲလာရောက်ဖြစ်ကြတဲ့ Multiply မှ သူငယ်ချင်းမောင်နှမများအားလုံးကို တွေ့ ဆုံဖြစ်လို့ အထူးဝမ်းသာမိပါတယ်….
MMG ပရဟိတနှင့်  တွေ့ ဆုံပွဲများကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းစွာနှင့် ဦးဆောင်ပေးသော Admin များဖြစ်တဲ့ ကိုလင်းအောင်ပြည့်၊ မမေဇူး၊ ကိုအလင်းစေတမန်(ကိုသူရိန်) ၊ ကိုအုန်းသီး နှင့်
MMG စထောင်ကတည်းက ဦးဆောင်ပါဝင်ခဲ့သော ကိုရီး၊  ကိုလင်းထက်၊
အဝေးတစ်နေရာမှ ကူညီအားဖြည့်ပေးသော မမြတ်မွန်၊ မသော်တာ တို့ ကိုလည်း MMG မှတဆင့် လေးစားဂုဏ်ယူမိကြောင်း ပြောပါရစေနော်…
တက်ရောက်လာကြသော MMG မောင်နှများအားလုံးနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ၊   အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးသော Sky Net ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
MMG အစဉ်တိုးတက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ခင်မင်လေးစားလျှက်
မြလေးသျှင်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက်
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  စက်တင်ဘာ 21 ရက်
အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့ တွေများစွာထဲမှာ အမည်နာမ ကြားရုံဖြင့်  ငြိမ်းချမ်းသော နေ့ လေးတစ်နေ့ ပါ။
ဒီလိုရက်လေးတစ်ရက်ကို အထိမ်းအမှတ်နေ့ အဖြစ် သိရတဲ့အခါ အတိုင်းမသိကြည်နူးမိပါသည်။ ထို့ ကြောင့် 
ဖတ်မိသော စာအုပ်တွေထဲမှ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော စာစုများကို တက်နိုင်သလောက် ရှာဖွေကြည့်သောအခါ…
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကို 1981 ဖွဲ့ စည်းခဲ့ပြီး 1982 ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ 2002 ခုနှစ်  September 21 ရက်နေ့ တွင်မှ တရားဝင် သတ်မှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးနေ့ ကျင်းပဖို့ အတွက် လူတိုင်းအတွက် နေရာတိုင်းမှာ ကျင်းပလို့ ရပါသည်။ သိပ်ပြီးအထွေအထူးမလိုအပ်ပါဘူး
နေ့ ခင်းဘက် ဖယောင်းတိုင်ထွန်းပြီး အာရုံပြုလို့ ရသလို တစ်ယောက်တည်း တိတ်တိတ်လေးတရားထိုင်ပြီးတော့လည်း ငြိမ်းချမ်းစွာနေလို့ ရပါသည်။ တစ်ဦးတစ်ယောက်ချင်းမှ
အဖွဲ့ အစည်းတွေအထိ အုပ်စုဖွဲ့ ပြီး ပါဝင်ဂုဏ်ပြုလို့ ရပါသည်။
အသေးစိတ်ကို ဒီနေရာလေးမှာ http://internationaldayofpeace.org/about/background.html ရေးထားပါတယ်။
Mary Joseph ရေးတဲ့ “I value peace” စာအုပ်ကို “ကျွန်ုပ်တို့ တန်ဖိုးထားတဲ့ ငြိမ်းချမ်းရေးစာအုပ် ” အဖြစ် ကောင်းမြတ်မင်း ဘာသာပြန်ခဲ့ပါသည်။
စာအုပ်ထဲတွင် ငြိမ်းချမ်းရေးနှင့်ပက်သက်သော စာများကို အလေးထားပြီး ရေးသားခဲ့ပါသည်။ ထိုစာများထဲမှ…
"Peace is freedom from worry and trouble. It is also freedom from
  violence and fear"
"ငြိမ်းချမ်းရေး ဆိုသည်မှာ စိုးရိမ်မှုအပေါင်း၊ ဘေးဒုက္ခအပေါင်း၊ အကြမ်းဖက်မှုအပေါင်း၊   ထိတ်လန့် မှုအပေါင်းတို့ မှ လွတ်မြောက် ကင်းဝေးခြင်းပင် ဖြစ်သည်။  
ငြိမ်းချမ်းရေးဖန်တီးသူများအကြောင်းရေးသားရာတွင် အဦးဆုံးဖတ်မိသည်မှာ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားအကြောင်းဖြစ်ပါသည်။ ရေးထားသည်မှာ
” သည်လောကကြီးဟာ ဆင်းရဲ ဒုက္ခတွေနှင့် ပြည့်နှက်နေပါလား လို့ တွေ့ မြင်ပြီးသည့်အခါ ငြိမ်းချမ်းမှုကိုရှာဖို့  စည်းစိမ်ချမ်းသာမှုတွေကို စွန့် လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မင်းသားတစ်ပါးအကြောင်း ” ဆိုပြီး အစချီထားပါတယ်။ ထို့ ကြောင့် ငြိမ်းချမ်းရေးမြတ်နိုးသူများထဲမှ  မြတ်စွာဘုရားရှင်၏ လမ်းစဉ်များလိုက်နာမိသည့်အတွက် ၀မ်းသာပီတိဖြစ်ရပါသည်။
သစ္စာနီရေးတဲ့ ပေါ်လိုကိုဟိုး၏ ဒဿန စာစုများ ပုံပြင်တစ်ပုဒ်ထဲမှ ငြိမ်းချမ်းရေးကို ပေါ်လွင်သော
ပုံပြင်တစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပါသည်။ပုံပြင်မှာ ပန်းချီအနုပညာဖြင့်ပက်သက်သော်လည်း
အဓိပ္ပာယ်မှာ လေးနက်လှပသောကြောင့် အင်္ဂလိပ် -မြန်မာ နှစ်ဘာသာဖြင့် ရှာဖွေ မျှဝေလိုက်ပါသည်။
ငြိမ်းချမ်းခြင်း၏ အလှ (ပေါ်လိုကိုဟိုး၏ ဒဿန စာစုများ ကို  ဘာသာပြန်- သစ္စာနီ)
တစ်ခါက ကျွန်တော်ဟာဗင်နီဇွဲလားစာရေးဆရာ ဂျူးလက်ရိုဂျက်စ်နဲ့ ဗျူနိုအေရီမြို့ က ဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ရင်း ငြိမ်းချမ်းခြင်းနဲ့ ပက်သက်တဲ့ အယူအဆတွေ အကြောင်း ဆွေးနွေးနေမိတယ်။ အဲဒီအချိန်မှာ သူက ကျွန်တော့်ကို အခု ပုံပြင်ပြောပြခဲ့တယ်။
တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ ငြိမ်းချမ်းခြင်းနဲ့ ပက်သက်လို့ အကောင်းဆုံး အတွေးအခေါ်နဲ့ ရေးဆွဲတင်ပြနိုင်တဲ့ ပန်းချီကားကို  ထိုက်တန်တဲ့ ဆုကြီး ချီးမြင့်မယ်လို့ ကြော်ငြာလိုက်တယ်။ ပန်းချီဆရာတွေအများကြီး ပန်းချီကားတွေရေးပြီး နန်းတော်ကို ပို့ ကြတယ်။ မြူတွေဝေနေတဲ့ ဆိတ်ငြိမ်တဲ့သစ်တော၊ ငြိမ်ငြိမ်သက်သက် စီးဆင်းနေတဲ့မြစ်၊ သဲသောင်ပြင်မှာ ကစားနေတဲ့ ကလေးတွေ၊ ကောင်းကင်မှာ လှပစွာ ထွက်ပေါ်နေတဲ့ သက်တန့်  နူးညံ့တဲ့နှင်းဆီပွင့်ဖတ်ပေါ်က နှင်းစက် စသည်ဖြင့်ပေါ့လေ။ ဘုရင်ကြီးက အဲဒီပန်းချီကားတွေကို ကြည့်ပြီး ပုံနှစ်ပုံကို ရွေးလိုက်တယ်။
ပထမ ပန်းချီကားက ကြည်လင်အေးမြတဲ့ ရေကန်တစ်ကန်၊
အဲဒီရေကန်ကို ၀ိုင်းရံထားတဲ့ တောင်တန်းတွေက ကန်ရေပြင်မှာ ကြေးမုံရိပ်သွင်လို အရိပ်ထင်နေတယ်။ တောင်တန်းတွေရဲ့ အထက်မှာတော့ ပြာလဲ့ကြည်စင်တဲ့ မိုးကောင်းကင်။ တိမ်ဖြူလေးတစ်ဆုပ်နှစ်ဆုပ်က ကောင်းကင်မှာ အစက်အပြောက်ပြုလို့ ။ သေချာကြည့်လိုက်ရင် ပန်းချီကားရဲ့ ဘယ်ဘက် ပြတင်းပေါက်လေးကလဲ ပွင့်လို့ ။ မီးခိုးခေါင်းတိုင်မှာတော့ မီးခိုးတချို့ လွင့်ပါးလို့ ။ ကြည့်ရတဲ့ လက္ခဏာက ခြိုးခြံတက်တဲ့ မိသားစုက အရသာရှိတဲ့ ညစာကို စတင်ပြင်ဆင်နေပုံ။
ဒုတိယ ပန်းချီကားကလည်း တောင်ပါပဲ။ ဒါပေမယ့် ကျောက်ချွန်ကျောက်ဆောင်တွေ ထက်လှစွာနဲ့ သစ်ပင်မပေါက်တဲ့ တောင်ကတုံး။ တောင်ထိပ်ကလည်း အင်မတန်မက်စောက်တယ်။ တောင်အပေါ်က ကောင်းကင်ကတော့ မဲမှောင်ထူပိန်းနေတယ်။ လေးလံတဲ့ မိုးသီးမိုးပေါက်တွေ ကြွေလို့ ၊ သည်းထန်စွာ ရွာသွန်းနေတယ်။ သေသေချာချာကြည့်လိုက်ရင် နေခင်းထိုင်ခင်းမသာတဲ့ ကျောက်တုံးတွေထဲက ပက်ကြားအက်တစ်ခုမှာ ငှက်သိုက်ကလေးတစ်ခု တွေ့ ရမယ်။ ကြောက်မက်ဖွယ်ရာ ပြင်းထန်စွာ ဟိန်းဟောက်ရွာသွန်းနေတဲ့ မိုးသက်မုန်တိုင်းထဲမှာပဲ ပျံလွှားငှက်ကလေးတစ်ကောင်ဟာ သူ့ အသိုက်ထဲမှာ တည်တည်ငြိမ်ငြိမ် ထိုင်နေတယ်။
နောက်ဆုံးတော့ ဘုရင်ဟာ ဒုတိယပန်းချီကားကိုပဲ ရွေးချယ်လိုက်တယ်။ သူက ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပာယ်ကို အခုလို ရှင်းပြတယ်။
“တို့ ဟာ ပြဿနာကင်းတဲ့နေရာ၊ ပြင်းထန်တဲ့ လှုပ်ရှားရုန်းကန်မှုတွေ မရှိတဲ့ နေရာ၊ ဆူညံတဲ့ အသံတွေ ဆိတ်သုဉ်းနေတဲ့ နေရာကို ငြိမ်းချမ်းတဲ့ နေရာလို့ ထင်တက်ကြတယ်။
အမှန်တော့ အဲဒီအယူအဆက မှားတယ်။ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တို့ ရဲ့ အသည်းနှလုံးမှာ တည်ငြိမ်နေတဲ့  အခြေအနေတစ်ရပ်ရှိရင် အဲဒီအရာဟာသာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းဖြစ်တယ်။ အဲဒါဟာ ငြိမ်းချမ်းခြင်းရဲ့ တစ်ခုတည်းသော အနက်အဓိပ္ပာယ်လဲ ဖြစ်ပါတယ်။”
(အောက်ပါ မူရင်းအင်္ဂလိပ်စာဘာသာပြန်ဖြင့်တွဲဖော်ပြလိုက်ပါတယ်)
In a bar in Buenos Aires
I am with the Venezuelan writer Dulce Rojas, drinking coffee in Buenos Aires; we are discussing the idea of peace and how removed it has become from the human heart. Dulce then tells me the following story.
A king offered a large prize to the artist who could best represent the idea of peace. A lot of painters sent their works to the palace, depicting woods at dusk, quiet rivers, children playing on the sand, rainbows in the sky, drops of dew on a rose petal.
The king examined everything that was sent to him, but ended up choosing only two works.
The first showed a tranquil lake that perfectly mirrored the imposing mountains surrounding it and the blue sky above. The sky was dotted with small white clouds and, if you looked closely, in the left-hand corner of the lake there stood a small house with one window open and smoke rising from the chimney – the sign that a frugal but tasty supper was being prepared.
The second painting was also of mountains, but these were bleak and stony with sharp, sheer peaks. Above the mountains, the sky was implacably dark, and from the heavy clouds fell lightning, hail and torrential rain.
The painting was totally out of harmony with the other submissions. However, a closer look revealed a bird’s nest lodged in a crack in one of those inhospitable rocks. In the midst of the violent roaring of the storm, a swallow was calmly sitting on its nest.
When he gathered his court together, the king chose the second picture as the one that best expressed the idea of peace. He explained:
‘Peace is not what we find in a place that is free of noise, problems and hard work; peace is what allows us to preserve the calm in our hearts, even in the most adverse situations. That is its true and only meaning.’
Paulo Coelho
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် ဦးကျော်သူရဲ့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာ ဆုမွန်ကောင်းကို ကြိုက်နှစ်သက်လို့ ကူးယူမျှဝေလိုက်ပါတယ်။
လူသားတိုင်း ငြိမ်းချမ်းမှုကို လိုလားကြပါသည်။ Morihei Ueshiba (မိုရိဟေးအိ ယူအေးရှိဘ) ရေးတဲ့ “The art of peace” (ငြိမ်းချမ်းရေးဗျူဟာ) စာအုပ်ကို ဆရာမောင်ပေါ်ထွန်း ဘာသာပြန်ခဲ့ပါသည်။ ထူဆန်းသည်မှာ ထိုစာအုပ်ရေးသူ မိုရိဟေးအိ ယူအေးရှိဘ သည်  အာခီဒို ကိုယ်ခံပညာ များပေါ် လေ့လာရင်းဖြင့် အမြင်ပေါက်သွားပြီး  ငြိမ်းချမ်းရေးနှင့်မေတ္တာတရားတို့ ၏ စွမ်းပကား ကို နှစ်နှစ်ကာကာ ယုံကြည်သွားသည်။
တစ်နည်းပြောရလျှင် သူသည် ကိုယ်ခံပညာ ကမ္မဠာန်းပေါက်သွားပြီး ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာရေးအတွက် အသက်ထက်ဆုံး ကျင့်ကြံဟောပြောသွားခြင်းဖြစ်သည်။
အာခီဒို (Aikido) ဆိုသည်မှာ “ပြိုင်ဘက်၏ အားအင်ကုန်ခမ်းစေခြင်းငှာ ချုပ်ကိုင်ခြင်းနှင့် ပိတ်ဆို့ ခြင်းဖြင့် လည်ကောင်း၊ မခုခံရေး သဘောတရားကို အသုံးပြုခြင်းဖြင့်လည်ကောင်း၊ မခုခံရေးသဘောတရားကို အသုံးပြုခြင်းဖြင့် လည်ကောင်း ပြိုင်ဘက်ကို အနိုင်ယူသော ဂျပန်ရိုးရာ ကိုယ်ခံပညာ” ဖြစ်သည်။
‘ကမ္ဘာကြီးဟာ အမြဲတမ်း ထူးထူးခြားခြားပြောင်းလဲနေတယ်။ ဒါပေမဲ့ အချင်းချင်း တိုက်ခိုက်ပြီး စစ်ဖြစ်နေရင်တော့ ကျုပ်တို့ အားလုံး သေကြေပျက်စီးကုန်မှာပဲ။ အဲဒါကြောင့် ကျုပ်တို့ အခုလိုအပ်နေတာက ပြိုင်ဆိုင်တိုက်ခိုက်နည်းတွေမဟုတ်ဘူး၊ ပေါင်းစည်း ညီညွှတ်မယ့် နည်းလမ်းတွေကိုပဲ လိုအပ်တယ်။ စစ်ရေးဗျူဟာ မလိုအပ်ဘူး၊ ငြိမ်းချမ်းရေးဗျူဟာသာ လို အပ်တယ်’ ဟု ဆရာကြီး ယူအေးရှိဘက မိန့် ကြားခဲ့လေသည်။
ဆရာကြီး၏ မြင့်မြတ်သော ငြိမ်းချမ်းရေးစိတ်ဓာတ်သည် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းအားလုံးကို ပယ်ဖျက်ပြီး လောကကြီးတစ်ခုလုံး ပေါင်းစည်းအေးချမ်းရေးကို ရှေးရှုသော လမ်းစဉ်ဖြစ်သည်။ ဤအမြင်၊ ဤလမ်းစဉ်နှင့်ပက်သက်၍ ဆရာကြီးက…
ရင်ထဲစွဲကျန်နေမိပါတော့သည်။
" The divine beauty
  Of heaven and earth!
  All creation,
  Members of
  One family."
" ကောင်းကင်နှင့် မြေပြင်
   မြင်မြင်သမျှ၊ ထူးမြတ်လှပ။
   အရာခပ်သိမ်း အတူတကွ
   မိသားစုတစ်ခုတည်းမှ
   မွေးဖွားလာကြ။ ။ "    
ကမ္ဘာမြေငြိမ်းချမ်းပါစေ …။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
စာအုပ်အညွှန်း ။      ။(၁) ပေါ်လိုကိုဟိုး၏  ဒဿန စာစုများ –  သစ္စာနီ
(၂) ငြိမ်းချမ်းရေးဗျူဟာ – မောင်ပေါ်ထွန်း (ဘာသာပြန်)
(၃) ကျွန်ုပ်တို့ တန်ဖိုးထားတဲ့ ငြိမ်းချမ်းရေး – ကောင်းမြတ်မင်း
(၄) ပုံများနှင့် အင်္ဂလိပ်စာသားမျာကို အင်တာနက်စာမျက်နှာများမှ   ကူးယူဖော်ပြအပ်ပါသည်။
နှစ်သစ် ဆီသို့ 
သုံးဆယ့်တစ် ဒီဇင်ဘာသို့ ရောက်လေပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ဆီကူးပြောင်းတဲ့အခါ
နှစ်သစ်အတွက် ဆုတောင်းတာတွေ လုပ်ကြသည်။ တချို့ တွေက Calendar လေးတွေလုပ်ကြသည်။ တချို့ က
Happy New Year Card လေးတွေ လုပ်ကြ ၊ ပို့ ကြနဲ့ ပျော်ဖို့ ကောင်းပါတယ်။  နှစ်သစ်ကိုကြိုဆိုဖို့ ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မသည် ဆယ့်နှစ်နာရီကျော်ခါနီး သူငယ်ချင်းတွေဆီ အလုအယက် ဖုန်းဆက်ရင်း အရူးထခဲ့ဖူးလေသည်။ ပြန်တွေးကြည့်ရင် ရယ်ဖို့ ကောင်းပေမယ့် အခုလည်း ကျွန်မတစ်ယောက် ကဗျာတစ်ပုဒ်နဲ့ အရူးထဖြစ်အုံးလေမည်။ သို့ ပေမယ့် ကဗျာဆိုသည်ထက် အင်္ဂလိပ်သဒ္ဒါကို အခြေခံတဲ့ ဟိုက်ကူ ကဗျာတစ်ပုဒ်နဲ့ နှစ်သစ်ကို အရဲ စွန့် ဆုတောင်းကြည့်လိုက်ပါသည်။
New Year 2010
Welcoming hopefully
Prosperous
Towards a meaningful life
Peaceful!
Mya Lay Shin
၂၀၁၀ နှစ်သစ်
မျှော်လင့်စွာကြိုဆိုရင်း
အောင်မြင်တိုးတက်သော
အဓိပ္ပာယ်ရှိတဲ့ဘ၀တစ်ခုဆီသို့ 
ငြိမ်းချမ်းသော။
မြလေးသျှင်
ကျွန်မလေးစားချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုမောင်နှမတွေအတွက် နှစ်သစ်အချိန်အခါကို ကြိုဆိုရင်း  ဒီဟိုက်ကူကဗျာလေးနဲ့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။
ယောနိသောမနသီကာရ
လေးစားလျှက်
မြလေးသျှင်
13 ဂဏန်းရက်စွဲ ကံ
                    13 ဂဏန်းဆိုတာ ကံမကောင်းတက်လား ဆိုတဲ့ အယူသည်းမှုတွေ ကျွန်မ မှာတော့ မရှိပါဘူး.။ ဒါပေမယ့် 13 ဂဏန်းကို ကံဆိုးတက်တယ်လို့ ယူဆသူတွေ အတော်များပါတယ်။ ကျွန်မအတွက်တော့ ဒီနေ့ ဟာ 13 ဂဏန်းဖြစ်ပေမယ့် မထင်မှတ်ပဲ အသိမိတ်ဆွေ သူငယ်ချင်းဟောင်းများကို ဆုံတွေ့ လိုက်ရပါတယ်။
                    ဒီနေ့ လမ်းမှာ တစ်ယောက်က အတင်းလိုက်ဆွဲပြီး ခေါ်လိုက်လို့  တွေ့ သွားတော့ အရမ်းပျော်သွားခဲ့ပါတယ်။ နောက်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ကို မထင်မှတ်တဲ့ နေရာတွေမှာ ပြန်တွေ့ လိုက်တဲ့အတွက် ကျွန်မအတွက် 13 ဂဏန်းဟာ Bad number ဟုတ်တော့မည် မထင်ပါ။
                   သူငယ်ချင်းတွေ အရမ်းခင်တက်တဲ့ ကျွန်မတစ်ယောက်ဟာ သူတို့ ကို တွေ့ လိုက်ရတဲ့ အချိန်မှာ အရမ်းပျော်သွားပါတယ်။ ထူးခြားတာ တစ်ခုက သူတို့ တွေက ကျွန်မနဲ့  အသက်ရွယ်တူမဟုတ်ပဲ တစ်ယောက်က ငယ်ပြီး နောက်နှစ်ယောက်က ကျွန်မထက် အသက်နည်းနည်းကြီးပါတယ်။ အလုပ်တွေ အဆင်ပြေလား ဘာလား မေးကြရင်းနဲ့ သူတို့
                    ဘာပဲဖြစ်ဖြစ် ကျွန်မကို ခင်မင်လို့ မထင်မှတ်ပဲ တွေ့ လိုက်ရတဲ့အချိန်မှာ ကျွန်မတို့ သူငယ်ချင်းတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမှာပြုံးလိုက်တဲ့ အပြုံးဟာ ကျွန်မစိတ်ထဲ ဟန်ဆောင်အပြုံးတွေထက် အချိုဆုံးသာ ဖြစ်နေပါတော့တယ်။
အချင်းချင်းလက်ချင်းဆွဲပြီး နှုတ်ဆက်ကြချိန်မှာတော့ ကျွန်မတို့ ခင်မင်မှုတွေ အဆုံးသက်နိုင်တော့မည် မထင်ပါ။
ဘ၀တစ်သက်တာမှာ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရတဲ့ ကျွန်မ ပျော်ရွှင်ကြည်နူးနေမိတာ အမှန်ပါ………..
ဒီစာကို 13 ဂဏန်းအတွက် နောက်ရက် မကူးခင် 13 ရက် 12 နာရီမထိုးခင်အချိန် အတွင်းမှာ အမြန်ကောက်ရေးမိလိုက်ပါတယ်။
အားလုံးသူငယ်ချင်းတွေ ပျော်ရွှင်ချမ်းမြေ့ပါစေနော်…….
( ယောနိသော မနသီကာရ )
လေးစားလျှက်
မြလေးသျှင်
တန်ဖိုးကြီးသော နေ့ နှစ်ရက်
                  ကျွန်မက ဒိုင်ယာရီစာအုပ်ထဲကို ရေးချင်နေသောအကြောင်းအရာကို အခုဘလော့ထဲမှာရေးလိုက်တော့မည်။ စိတ်ထဲမှာ ကျလိကျလိဖြစ်ပြီး မဆီမဆိုင် ဂုဏ်ယူချင်စရာတွေပေါ်လာလို့ ပါ-
                  မနေ့ က 23.8.08 စနေ နေ့ က ဦးကျော်ဟိန်းက အမှိုက်ထဲကရွှေ  ခေါင်းစဉ်နဲ့ ငါးလုပ်ငန်းရှင်များအသင်းမှာ ၂ နာရီမှာ ဟောပြောသွားပါတယ်- Free seminar ကောင်းတစ်ခုပေါ့- ဒါလားဂုဏ်ယူစရာလား ဆိုရင် ကျွန်မ မတက်ဖြစ်ပါ- မဟုတ်ရင် တက်ဖြစ်မည်-ကျွန်မဒီတစ်ပါတ်မှာ အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ workshop တစ်ခုအတွက် အချိန်မရလို့ မတက်ဖြစ်လို့ ပါ – ဒီနေ့ Sunday ကျတော့လည်း တကယ့် ဒိတ်ဒိတ်ကျဲကျဲ Iron Cross  show ရှိတယ်လို့ ကြားလိုက်တယ်-၀င်ကြေးက 15000- 20000  kyats လို့ ကြားလိုက်ပါတယ်- ဒါလည်း ကျွန်မသွား- သီချင်းကောင်းတွေကို သိပ် ကြိုက်တက်ပေမယ့် Show ပွဲတွေကို စိတ်မ၀င်စားဘဲမသွားတက်တာ ကျွန်မအကျင့် တစ်ခု ဖြစ်နေပြန်ပါတယ်- (အင်းကြော်ငြာတွေ များနေပြီ)- လာတော့မယ် ဇာတ်လမ်းကောင်း-  ဒါဆို ကျွန်မဘယ်ရောက်နေလဲ ? ဒီတစ်ပါတ်မှာ  စာရင်းကြိုသွင်းထားရတဲ့ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာနေဇင်လတ် ၊ဆရာ ဦးအေးကျော် တို့ သုံးဦး နှစ်ရက်ဆက်တိုက်ဟောပြောတဲ့  “Leadership Skills” workshop ကို ကျွန်မတက်နေရလို့ ပေါ့-
                  တန်ဖိုးကမသေးပါ- ပညာတွင်မဟုတ် Fees 40,000/ kyats ပေးရပါတယ်- ကျွန်မစိတ်ထင် ပိုက်ဆံပေးတက်ရတဲ့ ဟောပြောပေးပွဲတွေထဲမှာ မြန်မာပြည်မှာ  ဒါဈေးအ ကြီးဆုံးထင်တယ်- သို့ ပေမယ့် ဒါဟာ အဓိက နာဂစ်ရန်ပုံငွေအတွက်ပါ- ဟောမယ့်ဆရာတွေကလည်း ပညာဒါနပါ-
နှစ်ရက်လုံး တစ်နေကုန် မောင်းတာပါ- ပညာအလွန်ရပါတယ်- စနေနေ့ က ဦးကျော်ဟိန်းဟောပြောပွဲကို တက်ချင်ပေမယ့် အချိန်တိုက်နေတဲ့အတွက်  MRTV 4 မှာ  ဦးကျော်ဟိန်းဆွေးနွေးချက်တွေကို လက်ခံနှစ်သက်တဲ့ အမေ့ကို နှစ်ခါတောင်မပြောလိုက်ရပါ- အမေနဲ့ သူ့ သူငယ်ချင်း သွားတက်ကြပါတယ်- ကျွန်မ အိမ်ပြန်ေ၇ာက်တော့ ကျော်ဟိန်းဟောပြောပွဲအကြောင်းကို နာရီဝက်နဲ့ အရမ်းပြောပြချင်နေရှာသော ကျွန်မအမေထံမှ အကုန်သိရပါတယ်- ဒါလောက်ဆို ရပြီ-
ဒီတစ်ပါတ်တော့ ကျွန်မနေ့ ရက်တွေက အရမ်းလှသွားတာတော့သေချာပါသည်။ Leadership skills လို့ ပြောလိုက်တာနဲ့ ထိုင်ခုံမှာ မိန့် မိန့် ကြီး ထိုင်ရမည့် Leadership မျိုးမဟုတ်ပါ- ကျွန်မမသိသေးတာတွေ နားမလည်သေးတာတွေ အများကြီး ရှိသေးသည်။
Leadership  workshop တွေတက်နေပေမယ့် ကျွန်မက Business management ကို လေ့လာနေတဲ့ ABE (UK)  Advanced diploma ကျောင်းသူတစ်ယောက်ပါ-  English  စာနဲ့ ကျောင်းပြီးပေမယ့်  လေ့လာတုန်း-ရှာဖွေတုန်း ပညာငတ်နေတဲ့သူ တစ်ယောက်လို့ ပဲပြောပါရစေ- ကျွန်မ ဒီပညာတွေ ငတ်မွတ်တဲ့စိတ်ဖြစ်လာတဲ့နှစ်က ဒီ 2008 နှစ်စ လောက်မှပါ-ဒါကြောင့် ကျွန်မစာတွေ  အများကြီးမရေးနိုင်တာပါ-ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်နေသည်။ ဒီနှစ်ရက်မှာ- အန်တီ ဒေါ်ဆွေဇင်ထိုက်နဲ့ လည်း ဒီWorkshop မှာ တွေ့ ပြီး သူ့ ကို အားကျမိတယ်- အခုအချိန်ထိ ပညာကို ငတ်မွတ်ဆဲပါလားဟု…..
ဒေါက်တာနေဇင်လတ်က ကျွန်တော့်ကိုလည်း ခွက်ထဲကို ထည့်ပေးသွားခဲ့ပါ ဟု ပြောသွားခဲ့ပါတယ်- Landcruiser car စီးတဲ့ဆရာက သူ့ ဆီမှာ ငတ်မွတ်နေတာ ပညာဆိုတာ  သိသာထင်ရှားစေပါတယ်-
                  ဘာပဲဖြစ်ဖြစ် ဆရာတို့ ဆက်ပြီးဖြစ်စေချင်တာ Continuous Learning ပါ- ကျွန်မဆရာတို့ ပြောသလို မရေးနိုင်သေးပါ- Leadership ကို Business ရှုထောင့်ကနေကြည့်ပြီး ဟောတာ တစ်ချို့ အကြောင်းအရာတွေဆို အခုထိ ကျွန်မစဉ်းစားတုန်း-တစ်ချို့ ဆို အဖြေမထွက်သေး- အခုပြောနိုင်တာ တစ်ခုပဲရှိသည်။ ကျွန်မ အရမ်းလိုသေးသည်။
သျှင်