နိုင်ငံရေး ကစားပွဲအပြောင်းအလဲ


သင်္ကြန်တွင်းကြည့်ဖြစ်တဲ့ နိုင်ငံရေးနောက်ခံ ဇာတ်လမ်းလေးတစ်ပုဒ်ပါ

နိုင်ငံရေးဝါသနာပါတဲ့သူတိုင်း မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါ..

ဟိုး ပြီးခဲ့တဲ့ အမေရိက သမ္မတရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို
ဇာတ်လမ်းသဘောမျိုးရိုက်ထားတာပါ..

သမ္မတအိုဘားမားရဲ့ ပြိုင်ဘက် ဂျွန်မက်ကိန်းရဲ့ ဒုသမ္မတလောင်းအဖြစ် အရွေးခံရတဲ့ ဆာရာပဲလင်း (Sarah Palin) ရွေးကောက်ပွဲဝင်တဲ့အကြောင်းတွေ သတင်းထောက်တွေမီဒီယာတွေနဲ့ တွေ့ ဆုံတာတွေကို လှလှပပကြီး ရိုက်ထားပါတယ်..

ဇာတ်လမ်းထဲမှာ ဂျွန်မက်ကိန်းဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့ ဟာ သူ့ ရဲ့ ဒုသမ္မတလောင်း ဆာရာကိုရွေးခဲ့ပြီးတဲ့နောက်မှာမှ သိခဲ့ရတာကတော့

အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာရေးရာနဲ့ ပက်သက်တဲ့ ဗဟုသုတတွေမရှိဘဲ
သတင်းမီဒီယာတွေမေးရာမှာ ကောင်းစွာ ဖြေဆိုနိုင်ခြင်း မရှိပါဘူး..

လူထုရှေ့ ကို ထွက်ပြရာမှာတော့ ဆာရာက ဟိတ်ဟန်ကောင်းပြီး စကားအပြောအဆိုကလည်း သွက်ကာ ပါးနပ်စွာတော့ နေပြခဲ့ပါတယ်..

ဂျွန်မက်ကိန်းရဲ့ နိုင်ငံရေး အကြံပေးလည်း
အဆင်းရှိပေမယ့် အချင်းမပြည့်စုံတဲ့ ဆာရာကို တော်တော်စိတ်ကုန်သွားပေမယ့် သူတို့ စလိုက်တဲ့ ဇာတ်လမ်းကို
အဆုံးထိ ကဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်-

ဇာတ်လမ်းအသေးစိတ်ကို တော့ “Game Change” ဇာတ်လမ်းလေး မှာ ကြည့်လိုက်ကြရအောင်နော်..

မှတ်ချက်။ ။
ဂျွန်မက်ကိန်းဟာ အိုဘားမားကို ရှုံးခဲ့တာ သူတို့ အဖွဲ့ မှာ ဆာရာကြောင့်လို့  မသုံးသပ်ချင်ပေမယ့် အကြောင်းအရာတစ်ခုအနေနဲ့  ဇာတ်လမ်းထဲက မီးမောင်းထိုးပြခဲ့ပါတယ်။
ဆာရာဟာ လူကြိုက်များလာပေမယ့် ဘက်ဂျက်ကို ပိုသုံးနိုင်ခဲ့တဲ့အိုဘားမားရဲ့ ကြော်ငြာ (campaign)တွေဟာလည်း အိုဘားမားကို အနိုင်ရစေဖို့ အကြောင်းရင်း တစ်ခုပါပဲ..
အဲဒီ့ထဲကမှ ကျွန်မတို့ သုံးနေတဲ့ Facebook တွေ အင်တာနက်တွေ မှာ Online Media အဖြစ် ကြော်ငြာတွေ သုံးစွဲပြီး သေချာလုပ်ခဲ့တဲ့အတွက် နိုင်ခဲ့တယ်လို့ လည်း ကြားမိပါတယ်—

ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ညွှန်းလိုက်ပါတယ်နော်-

အားလုံး ပျော်ရွှင်ငြိမ်းချမ်းပြီးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
မြန်မာနှစ်သစ်ဖြစ်ပါစေရှင်

မြလေးသျှင်
14.4.2013

Advertisements