ဆွေးနွေးကြရာဝယ်…


ဒီစာလေးကို ကျွန်မ အရင်တုန်းကဖတ်မိခဲ့တဲ့ Voice ဂျာနယ်တစ်စောင်က ကူးယူထားတာပါ။ စာရေးဆရာတစ်ယောက်ရေးထားတဲ့ သူနိုင်ငံခြားမှာ ကျောင်းတက်တုန်းက တွေ့ ကြုံရတဲ့ ဆရာနဲ့ ကျောင်းသားတွေ အပြန်အလှန် မေးခွန်းမေး
ဖြေကြရာမှာ တွေ့ ကြုံရတဲ့ ဗဟုသုတကို မျှဝေထားတာကို ကြိုက်လို့ ကျွန်မ ကူးယူထားခဲ့တာ ကြာပါပြီ။

ငြင်းခုန်ဆွေးနွေးတာတွေနဲ့ ပက်သက်လို့ ဘယ်လို အတိုင်းအတာတွေနဲ့ ချဉ်းကပ်မလဲဆိုတာတွေအပေါ် ကျွန်မတို့ ပြောဆိုဆွေးနွေးတဲ့အခါမှာ လေ့လာသင့်တဲ့အယူအဆမို့ ပြန်လည်ကူးယူတင်ပြလိုက်ပါတယ်။
ရေးတဲ့ဆရာနာမည်ကို မေ့သွားလို့ ခွင့်လွှတ်စေချင်ပါတယ်။ ဆရာရေးထားတဲ့အတိုင်း
တပုံစံတည်းကူးချတာမဟုတ်ပဲ ဆရာ့ရဲ့ စာကိုအကျဉ်းချုပ်ပြီး ကိုယ့်ဘာသာကိုယ် Note မှာ ပြန်မှတ်ထားတဲ့ စာလေးပါ။
ငြင်းခုန်ဆွေးနွေးရာဝယ်…….ပညာရှင်ဆန်သည်မှာ…….

အရင်ဆုံး….ရှု့ ထောင့်ပေါင်းစုံက ကြည့်ပြီး ကိုယ်ကြိုက်တဲ့အယူအဆတစ်ခုကို
ငြင်းနိုင်ပါတယ်။..  အဲ့ဒီ့အယူအဆတွေကို နှိုင်းယှဉ်တင်ပြနိုင်ရန်လိုအပ်ပါသည်။
( ဘာကြောင့်လဲ Why? ဆိုတာ သေချာအောင် လုပ်ခဲဖို့ တော့လိုပါသည်။)

-အဲဒီ့မှာ ကိုယ့်အယူအဆကို သူများက So What? အဲဒီ့တော့ ဘာထူးသွားမှာလဲ ဆိုတဲ့
မေးခွန်း /မှတ်ချက်  အပြောမခံရစေဖို့ ကိုယ့်ဘက်က ပြင်ဆင်ရန်လိုအပ်ပါသည်။

-သူများဘက်က ကိုယ့်ကို So What?ဘာထူးသွားမှာမို့ လဲ မေးနိုင်သေးရင်/ မေးနိုင်ခဲ့ရင်
ကိုယ့်အယူအဆဟာ Big Idea/ Big Picture မဖြစ်လောက်တဲ့ အတွက် ဘာမှ
အရာထင်နိုင်မယ် မထင်ပါ။ ဒါကို ခိုင်လုံတဲ့ အနေအထားနဲ့ ပြန်မပြောနိုင်ခဲ့ရင်
ငြင်းခုံဆွေးနွေးမှုတွေမှာ ကိုယ်ဟာ အရာမရောက်သလို ဖြစ်သွားတက်တာမျိုးပါ။


နိုင်ငံခြားက ပညာရှင်တွေချည်းပဲ အရမ်းတော်ကြတာ မဟုတ်ပါဘူး ။ ကျွန်မတို့   မြန်မာစကားမှာ ရှိတဲ့ စကားကြီးဆယ်မျိုးကလည်း တကယ့်တကယ် အသုံးချတက်ရင် ပညာသားပါတာတွေ့ ရပါတယ်။ တကယ် ပညာရှင်ဆန်ဆန် ဆွေးနွေးတဲ့အခါမျိုးမှာ စကားကြီးဆယ်မျိုးဟာ အတုယူမှတ်သားဖွယ်အပြည့်ပါပဲ ။ စကားကြီးဆယ်မျိုးဟာ  နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တိုင်းပြည်သံတမန် အရေးအခင်းမှာကအစ တစ်ဦးတစ်ယောက်ချင်း စကားပြောဆိုငြင်းခုံဆွေးနွေးရာမှာတောင် အတော် အဓိပ္ပာယ် သက်ဝင်တဲ့ စကားကြီးတွေ ဖြစ်ပါတယ်။  ဆရာမင်းယုဝေရေးသားထားတဲ့ စကားကြီးဆယ်မျိုး ရုပ်ပြ စာအုပ်အပါးလေး ကျွန်မ၀ယ်ထားတာ ကြာပေမယ့် ပြန်ဖတ်လို့ မရိုးနိုင်တဲ့ စကားတွေပါ။ အချိန်ရရင် အားလုံးကို ဖတ်ရအောင် တင်ပေးချင်ပါမယ်။  သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ဝယ်ပေးမလို့ ဟိုးတခါထပ်သွားဝယ်တာ ကုန်သွားလို့ မရှိတော့ပါဘူး။ ဒါကြောင့် အချိန်ရရင် Scanner နဲ့ ကွန်ပြူတာ အဆင်ပြေတဲ့အချိန်ရရင် အင်တာနက်ပေါ်ကနေ အားလုံးဖတ်ရအောင် ကျွန်မ ebook လုပ်ပြီး မျှဝေပြီး တင်ပေးချင်ပါတယ်။

( ယောနိသော မနသီကာရ )
ခင်မင်လေးစားလျှက်
မြလေးသျှင်


Advertisements

This puzzle is called "Lateral Thinking"


This puzzle is called Lateral Thinking.

Scroll down slowly and be honest to yourself.


Think like a wizard . . .
man

Q1. ———

board



Ans. = man overboard
Okay, let’s see if you’ve got the hang of it.

stand
Q2. ————

i

Ans. = I understand

OK . . .
Got the drift ?

Let’s try a few now and seehow you fare ?

Q3. /r/e/a/d/i/n/ g/

Ans. = reading between the lines

Q4. r
road

a
d

Ans. = cross road

Not having a good day now, are you ?Redeem yourself.

Q5. cycle
cycle

cycle

Ans. = tricycle

Not easy to figure out ha!

0
Q6. ———

M.D.

Ph.D.

Ans. = two degrees below zero

C’mon give it a little thought! !

knee
Q7. ————

light

Ans. = neon light
( knee – on – light )

U can prove u r smart by getting this one.

ground
Q8. ———— —

feet feet feet feet feet feet

Ans. = six feet underground

Oh no, not again ! !

Q9. he’s X himself

Ans. = he’s by himself

Now u messing up big time.

Q10. ecnalg

Ans. = backward glance

Not even close! !

Q11. death ….. life

Ans. = life after death

Okay last chance ………… ……

Q12. THINK

Ans. = think big ! !

And the last one is real fundoo – – –

Q13.ababaaabbbbaaaabbbb ababaabbaaabbbb. ..

Ans. = long time no ‘C’

Lateral Thinking – ဖြန့် ထွက်တွေးခြင်း


        ကိုတာ ရေးတဲ့  ဖြန့် ထွက်တွေးခြင်နဲ့ ဆောင်းပါးးစာအုပ် အကြောင်းဖက်ရတာ တစ်နှစ်နီးပါးတော့ရှိနေပါပြီ-
အခုစဉ်းစားမိပြီးရေးရခြင်းအကြောင်းရင်းက ကျွန်မလက်ခံနိုင်တဲ့ ဒီအကြောင်းအရာလေးနဲ့ ပက်သက်တဲ့ စာရေးဆရာကြီးများရဲ့ စကားတွေကို ဖြန့် ထွက်ပြီး တွေးစေချင်လို့ ပါ-
ဒီ Lateral Thinking စာအုပ်ကို မူရင်းရေးသားသူကတော့ Edward de Bono ဆိုတဲ့ British physician, author, inventor, and consultant တစ်ယောက်ဖြစ်ပါတယ်-
ကိုတာရဲ့ စာအုပ်မှာတော့ ဖက်ချင်စဖွယ်အကျဉ်းချုံးနီးပါး ရေးထားပါတယ်-

ဖြန့်ထွက်တွေးခြင်းမှာ ဖြန့် ကျက်၍လည်းတွေးပြီး ဖောက်ထွက်၍လည်း တွေးပါသည်။
Oxford English Dictionary ထဲ၌ ‘ Seeking to slove problems by unorthodox or apparently illogical mehtods’ ဟု အနက်ပေးထားပါသည်။

(သာမန်တွေးရိုးတွေးစဉ်မှ  မစဉ်းစားပဲ အခြားလူတွေမစဉ်းစားမိတဲ့ အကြောင်းအရာများဘက်မှ စဉ်းစားမိ၊တွေးခေါ်မိခြင်းဟု ကျွန်မက သုံးသပ်မိသည်။ မျက်လှည့်စရာတွေကလည်း ဒီသဘောကိုယူပြီး လူတွေကို လှည့်စားနိုင်တာဟု ကျွန်မထင်မြင်မိပါသည်၊)

အဲသည်ထဲမှ ပုံပြင်တစ်ပုဒ်ကတော့

အများကြားဖူးသော ပုံပြင်တ်ခုရှိသည်။ မိန်းမလှလေးနှင့် ငွေချေးသူရဟူဒီ အဘိုးကြီးတစ်ယောက်အကြောင်းဖြစ်သည်။
မိန်းမလှလေး၏ အဖေမှာ ကုန်သည်တစ်ယောက်ဖြစ်သည်။ အဘိုးကြီးဆီမှ ငွေချေး၌ကုန်ကူးရာ ကုန်ရှုံးပြီး၊ ချေးငွေမဆပ်နိုင်။ ရဟူဒီကြီးက မိန်းမလှလေးကို အကြွေးနဲ့ သိမ်းချင်၍ ညဏ်ဆင်သည်။
ညဏ်ဆင်ပုံမှာ
(၁)  ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျော်မည်၊ ကောင်မလေးကို ဘာမှမလုပ်၊
(၂)  အမဲရွေးမိလျှင်  အကြွေးတော့ လျော်ပစ်မည်၊ ကောင်မလေးကတော့ သူ့ ကိုယူရမည်။
(၃)  ဘယ်စာမှ မရွေးဘဲ ခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲထောင်ချမည်  စသည့်ဖြင့် ဖြစ်သည်။
        ကောင်မလေးက ကျောက်ခဲရွေးပွဲ လုပ်ရန် သဘောတူလိုက်သည်။ ကျောက်ခဲရွေးပွဲမှာ ရဟူဒီကြီး၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသောလမ်းပေါ်မှာဖြစ်သည်၊ ရဟူဒီကြီးက အိတ်တစ်လုံးယူ၍ အလစ်မှာ ကျောက်ခဲအနက်နှစ်လုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး ” ကဲ- ရွေးပေတော့” ဟု မိန်းမပျိုလေးကို ပြောသည်။ ကောင်မလေး ဘာလုပ်မလဲ၊ စဉ်းစားကြည့်ပါ။ သမားရိုးကျ တွေးရိုးတွေးစဉ်အတိုင်းဆိုလျှင် ကောင်မလေး လွတ်လမ်းမရှိ။
      
ကောင်မလေး ၌ ရွေးစရာ လမ်း (၃) သွယ်သာရှိသည်။

(၁)  ကျောက်ခဲမရွေးတော့ဟု ငြင်းမည်။
(၂)  ကောင်မလေးက ရဟူဒီကြီး မတရားပုံကို ဖော်ထုတ်မည်။
(၃)  ကျောက်ခဲအမဲကို သိလျက် ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။ ဘယ်လမ်းဖြစ်ဖြစ် မကောင်းပါ-

             သာမန်အတွေးက ရွေးချယ်ခြင်းအပေါ်မှာစဉ်းစားသည်။ ရွေးရတော့မည့် ကောင်မလေး…၊
ကောင်မလေးက ရွေးသော ကျောက်ခဲအပေါ် မစဉ်းစား၊
အခြားတစ်ဘက်မှ လှည့်၍ စဉ်းစားလေသည်။ ကျန်ရှိသော ကျောက်ခဲကို စဉ်းစားသည်။
          ကောင်မလေးက အိတ်ထဲမှ ကျောက်ခဲကိုယူလိုက်ပြီး ခြေချော်လှဲချလိုက်၍ လမ်းပေါ်မှ အခြားကျောက်ခဲများထဲသို့  ရော၍ အသာပစ်ချလိုက်သည်။
          ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှကျောက်ခဲကို မေးသောအခါတွင်မူ ” လက်ထဲက ကျောက်ခဲတော့ မရှိတော့ဘူး။ ဒါပေမယ့် ကိစ္စမရှိပေါင်၊ အိတ်ထဲက ကျောက်ခဲကို ကြည့်ပေါ့။ အိတ်ထဲက ကျောက်ခဲက အနက်ရောင်ဆိုရင် ကျွန်မရွေးတာ အဖြူပေါ့ ‘  ဟု ဖြေလိုက်သည်။ လက်ထဲမှကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့် ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်သည့် အပြင် အကြွေးလည်းလွတ်ရသည်။

ဒီလို ပုံပြင်ကို ဒါဟာ မိန်းမညဏ်နဲ့ လှည့်ဖြားတာပါဟု ပြောချင်ကောင်းပြောမယ့်သူတွေ ရှိပါသည်။
ဒါပေမယ့် ကျွန်မတော့ သဘောကျသည်။ ကျွန်မသည် မိန်းကလေးဖြစ်နေ၍ မဟုတ်-
အကျပ်အတည်ုး အကောက်ကြံ ဒီလိုမျိုး မတရားမှုမျိုးရှိနေရင် မဖြစ်  ဖြစ်သည့်နည်းနှင့် ကိုယ်လွတ်ရုန်းနိုင်ရမည့် အတွေးမျိုးဖြစ်ပါသည်။
ကိုတာရေးတဲ့စာအုပ်ထဲမှ ပုံလေးတွေ ပါသည်။ နောက်မှ ဆက်ရေးပါအုံးမည်။