သစ်ပင်ခုတ်နေသည့် အတွေးများ



လူတစ်ယောက် သစ်ပင်တစ်ပင်ခုတ်နေတဲ့ ပုံဖြစ်သည်။
ပုဆိန်ဖြင့် သူခုတ်လိုက်တဲ့ သစ်ပင်မှာ သစ်ပင်အပိုင်းအစလေးနှင့်အတူ
သစ်ခုတ်သမားရဲ့ ဦးခေါင်းအရိပ်ပါ ခေါင်းပြုတ်ထွက်သွားသည့်ပုံဖြစ်သည်။
သေချာကြည့်လေ အတွေးပွားစရာများလေ ဖြစ်တော့သည်။
လူက ခုတ်လိုက်တာ သစ်ပင်ကိုပါ
ဘာကြောင့်များ သူ့ ကိုယ်ခန္ဓာရဲ့ အရေးကြီးဆုံး ဦးခေါင်းအရိပ်လေးပါ ပါသွားပါလိမ့်.

သစ်ပင်တစ်ပင်ခုတ် ထောင်သုံးနှစ် ဆိုတဲ့ ဥပဒေအရလည်း အကြမ်းဖျင်းတွေးလို့ ရသည်။

ဂေဟစနစ်ကို အသက်ဆက်ပေးတဲ့ သစ်ပင်ကို ခုတ်လျှင် လူပါအသက်ဘေးအန္တရာယ်
ရှိလာနိုင်တဲ့ အကြောင်းကိုလည်း မီးမောင်းထိုးပြနေတာ နဲ့လည်း တူပါသည်။

နောက်ထပ် အများကြီး ချဲ့ကားတွေးလို့ရတာတွေရှိသေးသည်။
ငွေရှာသူများ
ရာထူးဂုဏ်ရှိန်နောက် လိုက်သူများ
ကိုယ့်ဘဝတက်လှမ်းအောင်မြင်ဖို့ အတွက်
သူတစ်ပါး သစ်ပင်ကို ခုတ်လှဲရန် ကြိုးစားလိုက်သည့် တဒင်္ဂအတွင်းမှာ
မိမိ၏ အရိပ်လိုလိုက်နေတဲ့ ဂုဏ်သတင်း ကိုယ်ကျင့်သိက္ခာနဲ့တူတဲ့ ခေါင်းတစ်လုံးပါ အဆစ်ပျောက်သွားနိုင်ကြောင်း ဒီကာတွန်း သရုပ်ဖော်ပုံလေးက တဆင့် ခံစားမိပါသည်။

ပစ္စည်းပျောက်ရင် ရှာလို့လွယ်ပါသည်။
ကိုယ်ကျင့်တရား ပျောက်သွားခဲ့လျှင် မိမိပုံရိပ်ပါ ပျောက်ကွယ်သွားနိုင်တော့သည်။

ရင်ဘတ်ရှိ နှလုံးသားထဲတွင် ချစ်ခြင်း မေတ္တာတရား ထားရှိရန် လိုအပ်သလို
ဦးနှောက်ထဲ ဝေဖန်ပိုင်းခြားနိုင်သည့် အကန့်လေးများထဲတွင်
မပါမဖြစ် လိုနေသည်မှာ (Ethic) ဟုခေါ်သော လူ့ကျင့်ဝတ်၊ကိုယ်ကျင့်သိက္ခာသာလျှင် ဖြစ်တော့သည်မို့ . . .

မြလေးသျှင်
8. Nov. 2012
Image from Internet

(Ethic) ကျင့်ဝတ်ဆိုင်ရာ (၁)


ကျွန်မ (Ethic) ကျင့်ဝတ်ဆိုင်ရာ seminar ကို ဒီနေ့ တက်ခဲ့ရတဲ့အတွက် ဟောပြောတဲ့ ဆရာမက Ethics and Wealth ကို စာလိုပေလိုရော ၊ ပုံပြင်လေးတွေနဲ့ ဟောတဲ့အတွက် အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူတွေတကယ်တမ်းလိုက်နာရတဲ့ကျင့်ဝတ်တွေကို စီးပွားရေးရူ့ ထောင့်ကနေ ဟောပြောတဲ့အပြင် ပုံပြင်ဆန်ဆန်လေးတွေက လူတွေကို ပိုပြီး စိတ်ဝင်စားစေပြီး ပြုံးစေနိုင်တာပါ။ ဆရာမ ပြောတဲ့ ပုံတွေအများကြီးပါ။ ဒီထဲကမှ လတ်တလော မှတ်မိတာက…

ဆရာမပြောပြတဲ့အထဲမှာ Super man အစရှိတဲ့ စွမ်းအားရှိတဲ့ လူစွမ်းကောင်း ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေက အရမ်းကိုတော်ကြတယ်တဲ့။ ဒီလိုပဲ ဇာတ်လမ်းထဲမှာပါတဲ့ လူဆိုးတွေဟာလည်း လူစွမ်းကောင်းလိုပဲ အရမ်းကိုတော်တဲ့ လူတွေတဲ့ (သူတို့ ကတော့ လူဆိုးဖြစ်နေရတာတဲ့)။ ဘယ်လောက်ပဲတော်တော် နောက်ဆုံးမှာ ဇာတ်လမ်းတွေရဲ့ အဆုံးမှာ လူဆိုးက ရှုံးပြီး လူကောင်း ဖြစ်တဲ့ လူစွမ်းကောင်းသာ အနိုင်ရပြီး ဇာတ်သိမ်းလေ့ ရှိတယ်။ တကယ်ဆို လူဆိုးလည်းတော်တာပဲတဲ့၊ လူကောင်းဖြစ်တဲ့ ဇာတ်လိုက်ကလဲ တော်တာပဲ၊ နောက်ဆုံးမှာ တော်တာချင်းတူတူ ဘာလို့ ဇာတ်လိုက် လူကောင်းဖြစ်တဲ့ လူစွမ်းကောင်းသာ အနိုင်ရတာလဲ ဆိုတော့……

လူကောင်းဖြစ်တဲ့ ဇာတ်လိုက်က (Ethic) ကျင့်ဝတ်ဆိုင်ရာ မှာ အရမ်းဖြူစင်ပြီး လူတွေကို ကူညီတဲ့သူဖြစ်နေလို့ ပါပဲ။
လူဆိုးကလည်း အရမ်းတော်ပါတယ်။ ဒါပေမယ့် ဘာလို့ သူနောက်ဆုံးမှာ ကျရှုံးတာဟာ သူ့ ရဲ့ ကျင့်ဝတ်ဆိုင်ရာ မှာ လူတွေအပေါ် ညစ်ချင်တဲ့စိတ် ၊ကိုယ်ကျိုးဖက်တဲ့စိတ်ပါသွားပြီး လူကောင်းလိုပဲ တော်တာချင်းတူတူ သူ့ ရဲ့ ကျင့်ဝတ်ကတင်ပဲ လူတွေ လက်ခံအောင် မသိမ်းသွင်းနိုင်တဲ့အတွက် နောက်ဆုံးမှာ လူဆိုးက ရှူံးပြီး ဇာတ်လိုက် လူကောင်းက ဇာတ်သိမ်း အနိုင်ရသွားတာပါ …လို့ ဆရာမ က ထောက်ပြလိုက်တဲ့အချိန်မှာ ကျွန်မ …ဟာ ကနဲ …..ဟုတ်လိုက်လေ ဟု ဖြစ်သွားပါတယ်…ဒီစဉ်းစားချက်မျိုး ကျွန်မ Super man ရုပ်ရှင်ခွေကြည့်ခဲ့စဉ်က လုံးဝ မတွေးဖူးပါ။.ဆရာမပြောမှ သူပြောချင်တဲ့ အတွေးအခေါ်မျိုးရလိုက်ပါတယ်။……….

အဲဒီ့သဘောမျိုးထက် အခု ပိုလေးနက်တဲ့အသိတွေ ဘ၀သင်ခန်းစာတွေမှာ လေးနက်သထက် လေးနက်အောင် ကျွန်မပတ်ဝန်းကျင်တွေကရော၊ အလကားသွားတက်မိရတဲ့ ဟောပြောပွဲတွေက လည်း ကျွန်မကို တနည်းတဖုံ သင်ပေးနေပါတယ်။
ကျင့်ဝတ်ဆိုင်ရာ မှာ အရမ်းကျယ်ပြန့် တဲ့အတွက် သေချာလေ့လာပြီးမှ ဆက်ရေးချင်ပါတယ်ရှင်။

ယောနိသော မနသီကာရ
လေးစားလျှက်
မြလေး(သျှင်)

အောင်မြင်သူ Vs ရှုံးနိမ့်သူ


အောင်မြင်သူ Vs ရှုံးနိမ့်သူ အကြောင်း ဇယားလေးကို ဆရာ ခင်မောင်ညို ဘောဂဗေဒ ရေးထားတဲ့ လူမှုဆက်ဆံရေး နည်းဗျူဟာ စာအုပ်မှ ကူးယူတင်ပြထားပါတယ်။

အောင်မြင်သူ Vs  ရှုံးနိမ့်သူ  

အောင်မြင်သူ ရှုံးနိမ့်သူ
ကျွန်တော် ကံကောင်းပါတယ် ကံကို ဆိုးပါတယ်ဗျာ
ကျွန်တော် အချိန်လုပြီး လုပ်လိုက်ပါ့မယ် ကျွန်တော့်မှာ အချိန်ရှိမယ်ထင်လား
ကဲ ၊ ပြဿနာကို အခြေခံက စလိုက်ကြရအောင် အဲဒီက ပြောရမှာကို ခက်ပါတယ်
ကျွန်တော်တို့ မြင်ပုံမြင်နည်းချင်း ကွာနေကြတယ် ကျွန်တော်ကတော့ ကျွန်တော့်စိတ်ကို ပြောင်းမှာ မဟုတ်ဘူး
ကျွန်တော်ကတော့ ကောင်းတယ် ထင်တာပဲ၊ ဒါပေမယ့် ဒီထက်ကောင်းအောင် လုပ်နိုင်ပါသေးတယ် ကျွန်တော်က သူများလောက်တော့ မဆိုးသေးပါဘူး
ကျွန်တော့်ကို ပြောပြဦးလေ ကျူပ်ကတော့ ထပ်ခါတလဲလဲ ပြောပြီးပြီ
ပိုကောင်းတဲ့နည်း ရှိဦးမှာပါ ဒီနည်းအတိုင်း ကျွန်တော်တို့ လုပ်ပြီးပြီပဲ
အလျော့အတင်း ရှိပါသေးတယ် မှတ်တမ်းက ဒီအတိုင်း ပြောထားတယ်
စီမံခန့် ခွဲသူတွေကို တင်ပြဖို့ ပြင်ဆင်ကြရအောင် စီမံခန့် ခွဲရေးအဖွဲ့ က ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး
ခင်ဗျားကတော့ တစ်နေ့ ကို တစ်မျိုးလေ့လာတက်မြောက် ကျုပ်အတွေ့ အကြုံတွေ ဘယ်သွားထားမလဲ
ဒီတစ်ခါ အလုပ်ဖြစ်အောင် ကြိုးစားကြည့်ကြတာပေါ့ ကြိုးစားနေလို့ ၊ ဘာမှ ဖြစ်လာမှမဟုတ်ဘူး
အဲဒီအပြောင်းအလဲလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ် ဘာလို့ တစ်ချိန်လုံး ပြောင်းပစ်နေရတာလဲဗျ

ဒီဇယားလေးကိုတော့ လုပ်ပုံလုပ်နည်းသင်ပြပေးတဲ့သူကတော့ ကိုလင်းထက် ဖြစ်ပါတယ်။
သူ MMG မှာပဲ ပိုစ့်တင်ပြီး ဒီပိုစ့်မှာ http://multiplygroups.multiply.com/journal/item/61 ရေးပြီး သင်ပေးခဲ့တာပါ။
ကျေးဇူးတင်လျှက်
သျှင်