တစ်လတိတိကျင်းပမယ့် ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ဆုရပန်းချီများပြပွဲ ၂၀၁၁
၂၀၁၀ ခုနှစ်တုန်းက ထွန်းဖောင်ဒေးရှင်းက ပြုလုပ်ကျင်းပခဲ့တဲ့ ပန်းချီပြပွဲကို ကျွန်မသွားရောက်လေ့လာခဲ့ဖူးပါတယ်..တကယ့်ကို အနုပညာမြောက်တဲ့ပွဲဖြစ်တဲ့အပြင် ပန်းချီကားများပေါ်က အကြောင်းအရာများဟာ အလွန်လေးနက်တာကိုလည်း ခံစားမိခဲ့ပါတယ်။
ဒီနှစ်လည်း ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ဆုရပန်းချီများပြပွဲ ၂၀၁၁ ခုနှစ်အတွက် ပြပွဲလေးလုပ်မယ်ဆိုတဲ့ ကြော်ငြာတွေ့ လိုက်တော့  မသွားမဖြစ် သွားကြည့်ဖို့ အားခဲမိပါတယ်။ ပြီးခဲ့တဲ့ ပွဲတုန်းက ပြပွဲကို နှစ်ခေါက်တောင်မှ ရောက်ခဲ့သည်ကိုး ။
ပြပွဲမှာ လက်ရာကောင်းတွေကို သေချာကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ရမှာမို့  Gallery 65 မှာ တင်ပေးတဲ့ ပန်းချီကားများနဲ့  ပြန်လည် မျှဝေလိုက်ပါတယ်…
မြလေးသျှင်
From : Gallery 65
By mevision Posted in Art Tagged
ပန်းချီ ချမ်းငြိမ်းကျော် (CNK) ရဲ့ ခုနှစ်ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ
“DECADE IN YANGON” a Solo Art Exhibition
at Gallery 65
Gallery 65 Presents a Solo Art Exhibition “Decade in Yangon” by Artist Chan Nyein Kyaw. The Exhibit will feature over 60 never before exhibited paintings. They are being shown for the first time in 10 years. Come view and enjoy the artworks and please bring your friends and family along. See you at the Gallery soon!
About the Artist:
The 1959 born artist is most famous for his landscapes. He studied art under U Khin Maung (Bank) and Ko Ko Lay (Mandalay). To date he has exhibited six solo shows from 2000 to 2005. He has also participated in over 60 group exhibitions not only in Myanmar but also abroad in Thailand, Singapore and Hong Kong from 1985 to 2008. He participated in pioneer new art movement such as Modern art Exhibition in 1985. His works were well recognized at Myanmar contemporary art awards Exhibition. He is also a performance artist and participated in the Nippon Myanmar Performance Art Exchange in 2009 and in Hong Kong-Myanmar Performance art exchange in 2010. His performance piece that is most prolific is “The sound”.
Time :Friday, November 4 to November 6  ( 9:00 am – to at 5:00 pm
)
CNK ပန်းချီလက်ရာတွေဟာ ဆရာပေါ်ဦးသက်လက်ရာတွေနဲ့ လည်း ဆင်ပါတယ်
အရောင်တွေစုံပေမယ့် လက်ရာအင်မတန်သေသပ်လှပပါတယ်..
အလည်သွားဖို့ ပန်းချီပြခန်းကို မိတ်ဆက်ပေးလိုက်ပါတယ်နော်
မြလေးသျှင်
IMAGE From :
Gallery 65 Presents
By mevision Posted in Art Tagged
ဆားဖြူးထားသော ပုံရိပ်လေးများ
ဆားဖြင့် လက်တွေ့ ပုံဖော်ထားသော ဗီဒီယိုဖိုင်လေးကို စိတ်ဝင်စားလို့ ကြည့်မိတဲ့အခါမှာ တော်တော်လည်းအနုပညာမြောက်ပါလားဟု တွေးမိပါသည်။
ဆားဖြင့်ဆွဲထားသောကြောင့် “ဆားပန်းချီ”ဟုလည်း ခေါ်နိုင်ပါသည်။
ဒါကတော့ အမေရိကန် အိုဘားမားပုံလေးပါ။
လက်တွေ့ လုပ်ဆောင်ပြရာတွင် ဆားဘူးကိုဖြူးပြီး ပုံဖော်နေသည်မှာ အတော်လေးအသက်ဝင်လှပါသည်။
ဆားပန်းချီဆွဲတဲ့ ဒီဆေးဘူးလေးတွေကတော့ ရောင်စုံပါပဲ။
iPhone ဆိုပြီးကြည့်လိုက်တော့မှ iPhone 5 ဆိုပြီးတွေ့ ရလေသည်။ Apple Company က ကြိုပြီးကြော်ငြာခိုင်းထားလားပင်မသိ။
သိုင်းမင်းသား ဘရုစ်လီပုံလေးကိုလည်း တွေ့ လိုက်လို့ အတော်လေးပျော်သွားပါသည်။
ကျွန်မအတွက် သိုင်းကျင့်ရန်လုံလောက်သောအထောက်အထားက ရှိပါသည်။
M:M:G တွေ့ ဆုံပွဲအတွက် စိန်ခေါ်ထားသော ကျုံတိုင်းမှ သိုင်းလောကသားများ၏ အင်အားက မသေးသောကြောင့်ဖြစ်သည်။ လိုလိုမယ်မယ် တရုတ်သိုင်းကွက်တွေ ကျင့်ရန် အလွန်နာမည်ကြီးခဲ့သော သိုင်းမင်းသားတစ်ယောက်ရဲ့ ပုံတူက ကိုယ့်အတွက် ခွန်အားတစ်ခုပင်။
နာမည်ကျော်ကြားသော လူများ၊ လိုဂိုတံဆိပ်ပုံများ၊ ကာတွန်းပုံများ နှင့်အခြားနှစ်သက်ဖို့ ကောင်းတဲ့ ပုံလေးများကို ဆွဲထားတာလည်း တွေ့ ရပါတယ်။
ဆားဖြင့်ပုံဖော်ထားသော ဗီဒီယိုလက်ရာများကို အောက်ပါလိပ်စာများမှာ http://bashirsultani.tumblr.com/ သွားရောက်ကြည့်နိုင်ပါတယ်။ Youtube လိပ်စာလေးကတော့ http://www.youtube.com/user/bashirsultani  မှာတင်ထားပါတယ်။
ဆားပန်းချီဆွဲထားတဲ့ပုံများကို အားကျစွာကြည့်ပြီး ကျွန်မ စဉ်းစားနေမိပြန်သည်။
“ငါသာ အဲသည့်လောက် ပုံဆွဲနိုင်ရင် “ဆားပန်းချီ” မဆွဲဘူး… “သကြားပန်းချီ” ဆွဲမယ်” ဆိုပြီး ပြန်တွေးကြည့်လိုက်တော့  ဆားကငန်တော့ ကိစမရှိပါ၊ သကြားကချိုတော့
“မဖြစ်သေးပါဘူး အိမ်ကို ပုရွတ်ဆိတ်တက်လိမ့်မယ်” ဟုစဉ်းစားမိပြီး မလုပ်တက်သော ပေါက်ကရအစီအစဉ်ကို အိမ်က လူကြီးတွေ မရိပ်မိခင် အမြန်ရပ်နားလိုက်ပါတော့သည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
CREDIT > http://bashirsultani.tumblr.com/
အငြိမ့်လက်ရာများ
သုခမိန်လှိုင်ရဲ့ ကဗျာတွေထဲမှာ “အငြိမ့်”ဆိုတဲ့ခံစားချက်တွေနဲ့ လိုက်အောင် ဖွဲ့ ဆိုထားတဲ့ ကဗျာစာအုပ်လေးတစ်အုပ်ဖတ်လိုက်ရပါတယ်။ ကဗျာစာအုပ်လေးက အငြိမ့်ဆိုတဲ့စာအုပ်နဲ့ လိုက်အောင်ကဗျာရသခံစားမှုကိုပေးသလို စာအုပ်ထဲမှ ပန်းချီလက်ရာများကလည်း အငြိမ့်ကိုပေါ်လွင်အောင် ဖန်တီးထားပါတယ်။ အငြိမ့်ကဗျာစာအုပ်ထဲမှ ကိုနေမျိုးဆေးရဲ့ ပန်းချီလက်ရာလေးတွေပါ။ …
လေးစားလျှက်
မြလေးသျှင်
Credit to > http://www.myanmarebooks.net/
Melody & 3 D Show {ပန်းချီပြပွဲ}
ပြီးခဲ့သည့်ရက်ပိုင်းက Melody & 3 D Show ပန်းချီပြပွဲလေးတစ်ခုသွားခဲ့ပါသည်။
ရေးဆွဲသူ ဆရာမောင်သက်ဦးသည် ထွန်းဖောင်ဒေးရှင်းမှပြုလုပ်သော Art Exhibition 2010တွင် The Final 30 ၀င်ခဲ့ပါသည်။ ထွန်းဖောင်ဒေးရှင်းမှ Art Exhibition 2010 The Final 30 ကို ဒီနေရာတွင် http://mevision.multiply.com/photos/album/23/23 တင်ထားပါသည်။
ရှု့ ထောင့်သုံးဖက်မှကြည့်မြင်ခံစားလို့ ရအောင်ဖန်တီးထားသော 3Dပန်းချီ လက်ရာများကို မြန်မာနိုင်ငံတွင်ပထမဆုံးစတင်ရေးဆွဲသူဖြစ်ကြောင်း သိရှိရပါသည်။
Melody & 3 D Show ပြပွဲပန်းချီပုံများဖြစ်ပါသည်။
ပန်းချီကားတစ်ချပ်ဆွဲရတာ သိပ်မကြာပါဘူး၊ အဲဒီ့ကားထဲထည့်မယ့်အကြောင်းအရာကိုတွေးရတာကိုက ကြာတာပါ ” ဟု ဆရာကပြောပြခဲ့ပါသည်။
နောင်တွင်လည်း  3D လက်ရာများကို ဖန်တီးရေးဆွဲလိုကြောင်း ကြားသိရပါသည်။
လေးစားလျှက်
မြလေးသျှင်
By mevision Posted in Art Tagged
Mother and Silence Two Men Show ပန်းချီများ
Mother and Silence Two Men Show
အတွက်
ဒီဇိုင်နာကိုနဂါးတင်ပေးတဲ့ သတင်းလေးကိုလည်း အောက်ပါအတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။
 ရန်ကုန်မြို့မှာ ကျင်းပမည့်Mother and Silence Two Men Show ဆိုတဲ့ပန်းချီပြပွဲ
သတင်းလေးတစ်ခုအကြောင်းသတင်းပေးချင်ပါတယ်။
ဒါကတော့ ပန်းချီးရဲမင်းနှင့်ပန်းချီမြင့်စံမြင့်တို့၏ Mother and Silence Two Men Show
ဆိုတဲ့ ပြပွဲလေးအကြောင်းပါပဲ။ ဒီပြပွဲကို လောကနတ်ပန်းချီပြခန်းတွင်
ယခုလ (၂၁ မှ ၂၆ ရက်) အထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
ဒီပြပွဲလေးမှာတော့ ပန်းချီမြင့်စံမြင့်၏ ဆေးဆိုးပန်းရိုက်နည်းပညာဖြင့် အားပြုတင်ဆက်ထားတဲ့
Mother (အမေ)ပန်းချီကား (၁၄) ကားနှင့် ပန်းချီးရဲမင်း၏ Silence (တိပ်ဆိတ်ခြင်း)ပန်းချီကား (၁၁)
ကားကို ပြသထားမယ်လို့သိရှိရပါတယ်။Mother and Silence Two Men Show ပန်းချီပြပွဲမှာ
ပြသမည့်ကားတွေကတော့ အများစုဟာမော်ဒန်ပန်းချီကား
တွေဖြစ်ပြီး ပန်းပု၊ အခရိုင်းလစ်၊ ပရင့်နှင့် Mix Media နည်းစနစ်များဖြင့် ရေးဆွဲထားတယ်လိုလည်းသိရပါတယ်။
ဒီပြပွဲလေးရဲ့ အထူးခြားဆုံးအစီအစဉ်ကတော့ ပန်းချီဆရာနှစ်ယောက်ရဲ့ ပန်းချီကားတွေကို ၁၄×၁၈ အရွယ်
ကင်းဗတ်စပေါ်မှာ ၀ယ်ယူမည့်သူရှေ့မှာပဲ ရိုက်နှိပ်ကူးယူပြီး ပန်းချီကားတစ်ကားကို မြန်မာငွေကျပ် ၅၀၀တည်းနှင့်
ရောင်းချပေးသွားမယ်လို့လည်းသိရှိရပါတယ်။
ဒီနေ့ဆိုရင် ပြပွဲရဲ့တတိယမြောက်နေ့ကိုတောင်ရောက်ရှိနေပါပြီ။
ကဲဒီတော့ ပိုက်ဆံ ၁၀၀၀(အသွားအပြန်ကားခ ၄၀၀နှင့် ပန်းချီကားတစ်ကား၅၀၀)သာ
ရှိရုံနဲ့ Mother and Silence Two Men Show ပန်းချီပြပွဲကိုလည်းကြည့်ရမယ် ပန်းချီကားတစ်ကားလည်း
ဝယ်လာနိုင်မယ်ဆိုတော့ ပန်းချီဝါသနာပါသူတွေအနေနဲ့ မဖြစ်မနေသွားသင့်တယ်လို့ယူဆမိလို့ သတင်းကောင်းပါးလိုက်ပါတယ်။
လောကနတ်ပန်းချီပြခန်းလိပ်စာကတော့ အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
အောက်ပါလက်ရာများဆွဲတဲ့ ပန်းချီဆရာလေးရဲမင်းကတော့ မော်ဒန်လက်ရာများကို အနုပညာမှော်ဝင်လောက်အောင် ရေးဆွဲထားတာတွေ့ ရပါတယ်။ အသက်ငယ်ရွယ်ပေမယ့် သူ့ ပန်းချီကားတွေဟာ အတော်လေးလက်ရာမြောက်တာကိုတွေ့ နိုင်ပါသည်။ ပြပွဲမှာပြထားတဲ့ ဂီတာပုံကို အနီးကပ်ရိုက်ထားတာပါ။ဒီဂီတာပုံလေးကိုကြည့်ရင် သွားတွေဟာ ဂီတာကြိုးကိုကိုက်ထားပြီး ဂီတသံကို ကျုံးဝါးနေတယ်လို့ ကျွန်မခံစားရပါသည်။ အတော့်ကို အသက်ဝင်တဲ့ ဂီတာလေးပါပဲ။
အနုပညာသည် အချင်းချင်းမျှဝေခံစားမှုမရှိလျှင် အသက်မဲ့နေမည်စိုးပါသောကြောင့် မျှဝေတင်ပြလိုက်ရပါသည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
By mevision Posted in Art Tagged
တွေးစရာပန်းချီကားများ
ကျွန်မကြိုက်နှစ်သက်တဲ့ တွေးစရာပန်းချီကားတွေအကြောင်းကို မျှဝေချင်ပါတယ်။
ရေးသူကတော့ ပန်းချီကျော်ထူးပါ။ သူ့ ကိုယ်ရေးအကျဉ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Artist: Bogalay Kyaw Htoo
Born in Myanmar in 1970
Studied Under Art Masters;
U Ohnn Myint, Bokalay U Kyaw Hlaing.
Exhibition in Myanmar : 2006 Traditional art Association Annual Group Show, in Mandalay
ဒီပုံလေးကတော့ မျက်နှာဖုံးများရောင်းရန်ရှိသည်ပေါ့။သို့ ပေမယ့် ရောင်းတဲ့သူကိုယ်တိုင်က မျက်နှာမရှိပါ။ အတော်လေးတွေးလို့ ကောင်းတဲ့ လက်ရာလေးပါ။
မျက်နှာတစ်ခုကိုလူတွေဝိုင်းကြည့်နေတာ ဘာလုပ်ဖို့ များပါလိမ့်. .ရောင်းတဲ့သူကိုယ်တိုင်က မျက်နှာမပါပေမယ့် လူတွေကတော့ မျက်နှာတစ်ခုကို ၀ိုင်းကြည့်နေကြပါတယ်။ ဘေးက တောင်းထဲမှာ မျက်နှာဖုံးတွေ အများကြီးရှိတာ သတိပြုမိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မျက်နှာဖုံးတွေကို လူတွေစိတ်ဝင်စားနေကြပါသည်။
ခုနှစ်တွေဟာ သစ်ပင်ဘေးမှာပလူပျံနေတယ်။သစ်ပင်ကြီးမှာ ချိတ်ဆွဲထားတဲ့ မျက်နှာဖုံးတွေကတော့ အချိန်နာရီတွေနဲ့ အတူဖြတ်သန်းသွားကြမယ်ထင်ပါတယ်……ဆက်တွေးကြည့်ပါနော်
မျက်နှာဖုံးတွေကို ရေဆေးလို့ ရပါတယ်။ ရေဆေးနေတဲ့လူက နာရီမျက်နှာတပ်ထားတယ်။ သူ့ ကိုရော အချိန်တွေက စကားပြောမှာလား။ အကျင့်သီလပျက်နေတဲ့ မျက်နှာဖုံးတွေကိုရော ရေဆေးနိုင်ကြပါသလား..သင်ဆိုရင်ကော ဘယ်လိုလုပ်မှာလဲဟင်?…
နှုတ်ခမ်းထက်က ဓားသွားတွေလို့ ကြားဖူးကြပါလိမ့်မယ်။ ဒီပန်းချီကားထဲမှာတော့ နှုတ်ခမ်းသွားတွေကြား လမ်းသလားနေတဲ့ ကောင်လေးတွေတော့ ရှိပေလိမ့်မည်ပေါ့။…
ကျွန်မကတော့ ဒီပန်းချီကားငါးကားကို တွေးစရာများလို့ အတော်သဘောကျမိပါတယ်။ အားလုံးလည်း ဆက်တွေးရအောင် ပြန်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
Credit  : rivergallerymyanmar
By mevision Posted in Art Tagged
ပန်းချီကားထဲမှ မဟေသီများ
“ရာဇ၀င်ထဲက မဟေသီများ”ပန်းချီပြပွဲကို မသွားလိုက်ရသူတွေ တောင်းဆိုသည့်အတွက် ပြပွဲမှ ပန်းချီများကို စုဆောင်းပြီးမျှဝေလိုက်ပါသည်။ ပြပွဲတွင် ပြသသောပန်းချီကားများကို  ဓာတ်ပုံရိုက်ခွင့်ပေးသော တာဝန်ရှိသူများကို အထူးကျေးဇူးတင်မိပါသည်။ ဆရာပြုလုပ်ခဲ့သည့် ပြပွဲမှာ  ရာဇ၀င်မှာ စာတင်ရစ်သည့် မဟေသီများကို ပန်းချီလက်ရာအနုပညာများဖြင့် တည်ခင်းပြသသော မြင်ကွင်းတစ်ခုလည်း ဆိုနိုင်ပါသည်။ ယောင်္ကျားတကာတို့ ရူးသွပ်အောင် လှပသော အလှဘုရင်မ ဥမ္မာဒန္တီပန်းချီကားကို နှစ်ကားရေးဆွဲထားသည်ကိုတွေ့ ရပါသည်။ ထို့ အတူ မိဖုရားစောမွန်လှ ပန်းချီကားသည်လည်း နှစ်ကားရေးဆွဲထားလေသည်။
ပြပွဲတွင် ပြသထားသော ပန်းချီကားများကို ဆရာမည်မျှ ကြိုးစားအားထုတ်ထားကြောင်း တွေ့ နိုင်ပါသည်။ သို့ သော် ကျွန်မခံစားမိသည်မှာ မဟေသီတို့ အကြောင်းပြောရာတွင် မပါမဖြစ်သော တော်လေး၀၀င် ” အမရာ ကိန္နရီ မဒီ သမ္ဘူလတို့ ပုံများပါဝင်လျှင်  “ရာဇ၀င်ထဲက မဟေသီများ” ခေါင်းစဉ် အတွက် ပိုမိုအသက်ဝင်လာနိုင်မည်ဟု ယုံကြည်မိပါသည်။ ထို့ ကြောင့် ရာဇ၀င်ထဲမှ မဟေသီများကို ဆရာတို့ ခံစားပြီးများများရေးဆွဲနိုင်ပါစေ ဟုဆုတောင်းနေမိပါသည်။
Ommar DantiOmmar darDar Du ka layarHlaing Manisandar .
စောမွန်လှပန်းချီကားမှာ နှစ်ကားဖြစ်သည်။
လေးစားလျှက်
မြလေးသျှင်
https://mevision.wordpress.com/
By mevision Posted in Art Tagged
ပန်းချီကားများက ပြောပြသော သံသရာ
တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားတွေသည် ဖန်တီးထားသောအနုပညာရှင်၏ အရည်အချင်းကို မြင်ရနိုင်သလို သမိုင်းခေတ်စနစ်နှင့် သံသရာကိုပါ မီးမောင်းထိုးပြနေပါသည်။ ပန်းချီကားများတွင် သမိုင်းရှိပါသည်။ ထိုသမိုင်းကို ဖော်ထုတ်ရန် သမိုင်းသုတေသီများ၏  အလုပ်ဖြစ်သွားကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်လိုက်ရပါသည်။
ဆရာ ကျော်ဝင်းထုတ်ဝေသည့် “The Waves magazine” ၏ September 2010 စာအုပ်တွင်“ပန်းချီကားများက ပြောပြသော အင်ပါယာများ၏ နေ၀င်ချိန်နှင့် နေထွက်ချိန်” စာအုပ်ခေါင်းစဉ်ဖြင့်  ဖတ်လိုက်ရခြင်း ဖြစ်ပါသည်။ ထိုခေါင်းစဉ်ဖြင့် စာအုပ်အဖုံးတွင် မြင်လိုက်ရကတည်းက စာအုပ်ကိုအတော်လေး သဘောကျမိပါသည်။ စာအုပ်ထဲတွင် ပန်းချီပုံများပါသော်လည်း အဖြူအမဲအရောင်ဖြစ်သောကြောင့်  အင်တာနက်တွင် ပန်းချီပုံများရှာဖွေရာမှ ပြန်လည် မျှဝေလိုက်ပါသည်။
မူရင်းဆောင်းပါးကိုရေးသားသူမှာ ဟားဗတ် တက္ကသိုလ်မှ သမိုင်းပါမောက္ခနှင့် စတင်းဖို့ (ဒ) တက္ကသိုလ်၊ Hoover Institution ၏ အဆင့်မြင့်အဖွဲ့ ဝင် နီး(လ)ဖာကူဆန် (Niall Ferguson) ၏ သဘောထားအမြင် ဖြစ်ပါသည်။
“The Waves magazine”တွင် ဘာသာပြန်သူမှာ ၀င်းနောင် ဖြစ်ပါသည်။ ၀င်းနောင်သည် ဆရာကျော်ဝင်း၏ ကလောင်ခွဲတစ်ခုဖြစ်ပါသည်။
မဟာ အင်အားကြီးနိုင်ငံများ၏ ဘ၀စက်ဝန်းကို ပုံဆောင်ပြရာတွင် အင်ပါယာဖြစ်စဉ် (The Course of Empire) ပန်းချီကားတွဲများထက် ပို၍ကောင်းမွန် ပီပြင်သည်မျိုးမရှိဟ ဆိုနိုင်ပါလိမ့်မည်။  ပန်းချီကား ငါးချပ်ပါသော အဆိုပါ ပန်းချီတွဲကြီးကို နယူးယော့ သမိုင်းအစည်းအရုံးတွင် ချိတ်ဆွဲထားပါသည်။ လက်ရာရှင်မှာ ၁၉ ရာစု ပန်းချီကျော် တောမတ်ကိုး(လ) ဖြစ်သည်။  ကိုး(လ)မှာ ဟတ်ဆင်နဒီဂိုဏ်း (Hudson River School) ကို စတင်ထူထောင်သူတစ်ဦးဖြစ်ပြီး၊ ၁၉ ရာစု အမေရိကန်ရှုခင်း ပန်းချီကို စွန့် ဦး တီထွင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ပန်းချီကားထဲက သမိုင်း ဟူ၍  ဆရာကျော်ဝင်းက စဆိုထားပါသည်။
ပန်းချီကားငါးချပ်လုံး၏ နောက်ခံရှုခင်းမှာ ကောင်းကင်ယံကို ထိုးထွက်လျှက်ရှိသော ကျောက်ဖြာစွန်းကြီးတစ်ခုအောက်ရှိ၊ မဟာမြစ်ကြီးတစ်စင်း၏  မြစ်ဝတစ်ခုဖြစ်သည်။
ပထမ ပန်းချီကားကို “အရိုင်းခေတ်” (The Savage Stage) ဟု အမည်ပေးထားသည်။ စိမ်းလန်းစိုပြည်သော ကန္တာရတစ်ခု၏ မြင်ကွင်း ဖြစ်ပါသည်။ ဤမြေပေါ်တွင် မှီတင်းနေထိုင်ကြသော သဘာဝ၏ ပေးစာကမ်းစာကို ရှာဖွေစားသောက်ရင်း၊ အသက်ဆက်ရပ်တည်ကြရသည့် အမဲလိုက်မုဆိုးတစ်စု၏ သမိုင်းဦးအခြေအနေကို သရုပ်ဖော်ထားသည်။ မုန်တိုင်းထန်သော အရုဏ်ဦးတစ်ခုမှ သူတို့ တစ်တွေ၏ ရုန်းကန်လှုပ်ရှားမှု သရုပ်သကန် ဖြစ်ပါသည်။ အင်ပါယာအကြိုကာလ၏ ရှုမြင်ကွင်း ဟု ဆိုနိုင်ပါလိမ့်မည်။
ဒုတိယပန်းချီကား၏ အမည်မှာ “The Arcadian or Pastoral State” ဖြစ်ရာ “ကျေးလက်ဘ၀ရှုခင်း” ဟု အနှစ်ချုပ် ဘာသာပြန်နိုင်ပါလိမ့်မည်။ ဤမြင်ကွင်းတွင်မူ အခြေချနေထိုင်ကြသူများမှာ တောခုတ်ပြီး ၊ တောင်ယာစိုက်သူက စိုက်နေကြသည်။ ကြီးမားခန့် ထည်သည်နှင့်အမျှ ကြော့ရှင်းလှပသော၊ ခေါမနတ်ဘုရားကျောင်းကြီးများကို တည်ဆောက်နေကြသည်ကိုလည်း တွေ့ ရသည်။ “အင်ပါယာနေထွက်ချိန်” ကို သရုပ်ထင်ထားသော ပန်းချီကားဖြစ်ပါသည်။
တတိယပန်းချီကားကိုမူ “အင်ပါယာ ထမြောက်အောင်မြင်ပြီးပြည့်စုံခြင်း” (The Consummation of Empire) ဟု အမည်ပေးထားသည်။ မြင်ကွင်းတစ်ခုလုံး ကြီးကျယ်ခမ်းနားသည့် စကျင်ကျောက် အဆောက်အအုံကြီးများဖြင့် လွှမ်းခြုံလျှက် ရှိသည်ကိုတွေ့ ရသည်။ ယခင်ဇာတ်ကွက်ဟောင်းမှ “တင်းတိမ်ရောင့်ရဲမှု” ကိုသာဟောသော လယ်သမား ဒဿန ဆရာများနေရာတွင် ဇာတ်ကွတ်သစ်မှ ဇာတ်လိုက်သစ်များ အစားထိုးနေရာယူလာသည်ကိုလည်း တွေ့ ရသည်။ ၀တ်ကောင်းစားလှနှင့် ကုန်သည်အုပ်စုများ၊ မြို့ ကြီးသား စားသုံးသူသစ်များနှင့် ခေတ်သစ်၏ အာဏာပိုင်သစ်များ ဖြစ်ပါသည်။ ဤတတိယ ပန်းချီကားမှာ အားလုံးထဲတွင် အကြီးဆုံးလည်းဖြစ်လေရာ၊ ဘ၀စက်ဝန်းတစ်ခုလုံး၏ ဇာတ်ထွတ်ပိုင်းကို တင်စားဖော်ကျူးလိုဟန် ရှိပါသည်။ “အင်ပါယာ မွန်းတည့်ချိန်” ဟု ဆိုနိုင်ပါလိမ့်မည်။
ပြိုလဲပျက်စီးခြင်း (Destruction) အမည်ပေးထားသော စတုတ္ထပန်းချီကား
မြို့ တော်ကြီး တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေသည့် မြင်ကွင်းဖြစ်သည်။ ပြိုတော့မယောင် မှုန်မှိုင်းအုံ့ ဆိုင်းလျက်ရှိသော ဆည်းဆာအောက်တွင် လုယက် သတ်ဖြတ် နှိပ်စက်ကလူပြုနေကြသော ကျူးကျော်သူများ၊ သူတို့ အန္တရယ်မှ  ထိတ်လန့် တကြား ထွက်ပြေးနေကြသော မြို့ ပြနိုင်ငံသားများ..။
“အင်ပါယာ နေ၀င်ချိန်” ကို လှစ်ပြလိုက်သော ပန်းချီကားဟု နားလည်ရပါသည်။
၁၈၃၀ ပြည့်လွန်နှစ်များ၏ အလယ်လောက်တွင် စတင်စိတ်ကူးသန္ဓေတည်ခဲ့သော ကိုး(လ)၏ ဆိုခဲ့ပါ “ငါးစောင်တွဲ ပန်းချီကားချပ်” ကြီးတွင် အလွန်ရှင်းလင်းပီပြင်သော အမှာစကားတစ်ရပ် ရှိသည်ဟု ထင်ပါသည်။ ” မည်မျှပင် ကြီးကျယ် ခမ်းနားသည်ဖြစ်စေ၊ အင်ပါယာအားလုံးတွင် လျှောကျနောက်ဆုံး ပျက်သုဉ်းခြင်းဖြင့်သာ နိဂုံးချုပ်ရမည်ဆိုသော စီရင်ချက် ချမှတ်ပြီးသား ဖြစ်သည်။” ဆိုသည့် သမိုင်းအမှာစကားဖြစ်ပါသည်။
ရာစုနှစ်များနှင့်ချီ၍ပင် သမိုင်းပညာရှင်များ၊ နိုင်ငံရေး သဘောတရားရေးပညာရှင်များ၊ မနုဿပညာရှင်များနှင့် လူထု၏အစိတ်အပိုင်းအများစုအနေနှင့် အင်ပါယာများနှင့် ပက်သက်လျှင် ဆိုခဲ့ပါ သံသရာစက်ဝန်းပုံစံအတိုင်းသာ စဉ်းစားလေ့ရှိခဲ့ကြသည်။
ဂျာမန်သမိုင်းဆရာ အော့(စ)၀ဲ(လ်ဒ်) စပင်ဂလာကလည်း အနောက်၏ ကျဆုံးခန်း ကျမ်းတွင် “သမိုင်းမှာ ရာသီစက်ဝန်းလိုပင်ဖြစ်သည်” သည် ဟုရေးခဲ့သည်။
သူ၏အလိုအရ ၁၉ ရာစုမှာ အနောက်၏ ဟေမန္တရာသီ ဟု ဆိုသည်။  ရုပ်ဝါဒနှင့် သံသယ၀ါဒ တို့ ၏အောင်ပွဲ၊
ဆိုရှယ်လစ်ဝါဒ၊ ပါလီမန်စနစ်နှင့် ငွေကြေးတို့ ၏အောင်ပွဲ ဟု ဆိုပါသည်။ သို့ သော် ဤအောင်ပွဲများမှာ တာဝရမဟုတ်၊ ရာသီစက်ဝန်းလို အနိစ္စသဘောသာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ဗြိတိသျှသမိုင်းပညာရှင်
အာနိုးတွိုင်ဘီ၏ ” ယဉ်ကျေးမှုများ၏ လောကလုံးဆိုင်ရာသီအိုရီ” တွင်လည်း၊ စိန်ခေါ်မှု၊ တုံ့ ပြန်မှု ၊ မိမိကိုယ်ကို အဆုံးစီရင်မှု ဆိုသော သံသရာစက်ဝန်းတစ်ခုကို အဆိုပြုတင်ပြထားသည်။ ဆိုခဲ့ပြီးသော သမိုင်းအမြင်အားလုံးမှာ တစ်ခုနှင့်တစ်ခု ထပ်တူမကျသော်လည်း၊ ၎င်းတို့ အားလုံး တူညီစွာ လက်ခံထားကြသည်မှာ “သမိုင်းတွင် ‘ရစ်သမ်’ ရှိသည်” ဆိုသော အယူအဆပင် ဖြစ်ပါသည်။
အင်ပါယာတွေသည် သမိုင်းတပါတ်လည်တက်သည်ဟုလည်းကြားဖူးပါသည်။
ဆရာနေဇင်လတ်စာအုပ်ထဲတွင် Hyper Power, Great Power, Super Power…အစရှိသဖြင့် ကမ္ဘာ့ နိုင်ငံများ ၏ Power အကြောင်း ရှင်းပြရာ၌
“Hyper Power ကို မဟာအင်အားလွန်နိုင်ငံဟု သတ်မှတ်သည်။ စစ်အေးခေတ်အပြီး အမေရိကန်တစ်နိုင်ငံတည်းသာ ဤအဆင့်တွင်ရှိသည်။ ယခင် သမိုင်းတွင် ဂရိအင်ပါယာ၊ တရုတ်အင်ပါယာ၊ ပါရှင်းအင်ပါယာ၊ ရောမအင်ပါယာနှင့် ဗြိတိသျှ အင်ပါယာတို့ ရှိခဲ့ဖူးသည်” ဟုမှတ်သားရပါသည်။
ထိုသို့ သော သမိုင်းသံသရာလည်ပုံကို ပန်းချီကားများဖြင့် အနက်အဓိပ္ပာယ် ဖော်ပြသည်မှာ အလွန်လှပ ၍ အကြောင်းအရာကိုပါ စိတ်ထဲစွဲနေစေပါသည်။ Product Life Cycle ပုံစံဖြင့် အောက်ပါဇယားတွင် ပန်းချီကားများ ထည့်ကြည့်သောအခါ ပိုပြီး အသက်ဝင်လာပါသည်။
ပန်းချီကားများဖြင့် စိတ်ဝင်စားဖို့ ကောင်းသော သမိုင်းရေးရာ နိုင်ငံရေးအယူအဆများစွာဖြစ်သောကြောင့် ဆက်လက်လေ့လာနိုင်ရန်  ဒီနေရာတွင် မူရင်းဆောင်းပါးကိုပါ ရှာဖွေ၍ တင်ထားလိုက်ပါသည်။
လူဘ၀အဖြစ်ကို ကြည့်မည်ဆိုပါကလည်း မွေးဖွားခြင်း၊ ဖွံ ဖြိုးကြီးထွားခြင်း၊ ရင့်ကျက်သောအချိန်ရောက်သောအခါ၌ အထွဋ်အထိပ်သို့ ရောက်ခြင်း၊ ထို့ နောက် အိုခြင်းနာခြင်း၊ သေခြင်း အစရှိသော လူ့ ဘ၀သံသရာကို တွေ့ မြင်နိုင်သကဲ့သို့ ဘ၀သံသရာစက်ဝန်းကြီးကို ဘက်စုံထောင့်စုံက မြင်နိုင်ရန် သမိုင်းပညာရှင်များနှင့်အနုပညာရှင်များက ဖော်ညွှန်းပြသသော ပန်းချီကားနှင့်ဆောင်းပါးများကို ကိုယ်တိုင်နှစ်သက်၍ စုစည်းတင်ပြလိုက်ရပါသည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
စာအုပ်အညွှန်း။     ။( ၁) “The Waves magazine” September 2010
(၂) နေဇင်လတ် – ပညာသိစွမ်းရည် တိုးတက်ဖွံ့ ဖြိုးစေခြင်း။
(၃) အင်တာနက်မှ ပန်းချီကားများ နှင့် မူရင်းဆောင်းပါး http://www.signallake.com/innovation/FergusonMar10.pdf မှ ကိုးကား၍ ကူးယူပါသည်။
By mevision Posted in Art Tagged
ပန်းချီပြပွဲ {Insein Township}
ပန်းချီကားလေးတွေ နှစ်သက်သူတွေအတွက် လာမည့် ပန်းချီပြပွဲတစ်ခုရဲ့ ကတ်တလောက်မှ ပန်းချီကားများကို ကြိုက်နှစ်သက်လို့  scan တင်ပြီး မျှဝေပေးလိုက်ပါသည်။ ကတ်တလောက်မှာ အားလုံး နှစ်ဆယ့်တစ် ပုံရှိပါသည်။
ပန်းချီပြပွဲကို အောက်ပါ ကတ်တလောက် လိပ်စာအတိုင်း စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ရှူ့ လေ့လာနိုင်ပါသည်။
နေရာ – ဗိုလ်ချုပ်ဈေး
အချိန် (Time) – 26.08.2010  to 30.8.2010  ( 9 am to 5 pm)
Place : Myanmar Traditional Artists and Artisan organisation (Central)
Bogyoke market (East wind), Yangon, Myanmar.
အဆိုပါပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းရှိ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး (ဗဟို)ပြခန်း တွင် ပြသမည်ဖြစ်ပါသည်။
ကတ်တလောက်မှ ပန်းချီကားများမှ သေးငယ်သော်လည်း scan တင်လိုက်သောအခါပုံကြီးအဖြစ်လှလှပပထွက်လာသောကြောင့် တစ်ပုံချင်းစီ ခွဲပြီး တင်လိုက်ပါတယ်။
အင်းစိန်ပန်းချီပြပွဲ အဖုံးကတ်တလောက်လေးပါ။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
By mevision Posted in Art Tagged