မင်္ဂလာပါရှင် …
လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမများအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်-
Multiply မှ wordpress ကို Augest 2009 တွင်မှ ပိုစ့်များကူးပြောင်းခါစ ၊ wordpress ကို လေ့လာနေဆဲ ပြင်ဆင်တုန်းမို့ အားနည်းချက်များရှိပါက သီးခံပြီး ဝေဖန် ထောက်ပြပေးကြပါရှင့်။
http://troths.multiply.com/ နှင့်  http://mevision.multiply.com/ မှာလည်းတင် ထားပါသည်။
(ယောနိသော မနသီကာရ)= သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းပါလို့ဆိုထားတာပါ။ ဘာကိုမှ အစွန်းမရောက်ဖို့ ၊ အစွဲအလမ်းမကြီးဖို့မှာထားတာပါ။ အဲဒါတွေက အရာရာမှာ စိတ်နောက်ကို ကိုယ်လိုက်ချင်တဲ့လူတွေအတွက်ရော၊ မိမိကိုယ်တိုင်သတိပေးရန်ထားတဲ့ မြတ်စွာဘုရားဟောကြားတဲ့ ဆုံးမစကားကို နှစ်သက်မိလို့ အမြဲသတိရရန် ကျွန်မရေးတဲ့စာများတွင် မှတ်သားထားမိပါသည်။
သစ္စာ——
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ၊ တစ်ပုဒ်တလေ
တွေ့ ငြားပေမူ၊ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါ့အတက်ဟု၊ စာဖတ်သူ့ ပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း။ (တက္ကသိုလ် ဘုန်းနိုင်)
ကျွန်မ မသိသေးတာများလွန်းသည်မို့  ဘလော့များရေးသားရာတွင် :
စာဖတ်သူများအထက်မှ လမ်းညွှန်သူ မဟုတ်ရပါ။
စာဖတ်သူများနှင့် လက်တွဲပြီး လမ်းရှာလိုသူသာ ဖြစ်ပါသည်။
လာရောက်လည်ပတ်ကြသူများအားလုံး
အထူးကျေးဇူးတင်ရှိပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားလျှက်
မြလေးသျှင်
5 comments on “မင်္ဂလာပါရှင် …
  1. ဆိုဒ်က တော်တော်ပြည့်စုံပြီး ကောင်းမွန်ပါတယ်.. စာပေးအရေးအသားနှင့် ကဗျာအရေးသားများ ကောင်းမွန်ပါသည်။ ကျန်းမာစွာဖြင့် အကျိုးများအောင် ဆောင်ရွက်နိုင်ပါစေ…
    လေးစားစွာဖြင့်
    ဝင်းမြင့်
  2. မြလေးရှင်ခင်ဗျာ
    ကျနော်ခွင့်မတောင်းမိပဲ အချို့ စာများကို ကျနော့်ဘလော့မှာ ကူးယူဖေါ်ပြမိပါတယ်
    ခွင့်ပြုလိမ့်မယ်လို့လည်းမျှော်လင့်မိလို့ပါ
    ကျနော်တင်မက အခြားသူများလည်း ကျနော့်လို့ ခံစားစေချင်တဲ့ဆန္ဒသက်သက်မျှပါ
    ကျေးဇူးပါ
Leave a comment