အခုတလော သင်တန်းက လုပ်နေတဲ့စာတွေလည်းမပြီးဘဲ မအားလပ်သောကြောင့် ကဗျာတွေ စာတွေမရေးတာ လနှင့်ချီရှိနေတော့မည်။ ဒီနေ့ လည်း ကဗျာတစ်ပုဒ်ရေးရန် ကြိုတင်မစီစဉ်ပါဘဲနှင့် ရေးဖြစ်သွားသည်။ ခံစားချက်များဖြင့် စာရးချင်စိတ်ရှိမှ စာရေးဖြစ်သော ကျွန်မသည် စာမရေးဖြစ်လို့  စာဖတ်သူတွေ တရားစွဲမည်ဆိုပါက တောင်းပန်ရပေလိမ့်မည်။
ဒီကဗျာတစ်ပုဒ်ရေးဖြစ်ပုံမှာ ဆရာမင်းလူရဲ့  ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရသောအခါ ကျွန်မရင်ထဲ ဟိုက်ကူကဗျာတိုလေးတစ်ပုဒ်တိုးဝင်သွားရသည်။ လျှပ်ကူးမိသောကဗျာဟုလည်း ဆိုနိုင်ပါသည်။ သူများဆီမှ ကဗျာတစ်ပုဒ်ကိုဖတ်ရသောအခါ ထပ်ဆင့်ပြန်ခံစားမိလို့ ပြန်ရေးသော ကဗျာကို ကျွန်မက လျှပ်ကူးမိသောကဗျာဟု ရေးဖူးခဲ့ပါသည်။
ဆရာ မင်းလူရဲ့ ကဗျာနာမည်မှာ နယ်စပ်ဒေသဖြစ်ပြီး မင်းလူ (1978) လို့ ရေးထားတာကြည့်ခြင်းအားဖြင့်
ရေးထားတာ အတော်ကြာနေပြီဖြစ်ကြောင်း တွေ့ ရပါသည်။
နယ်စပ်ဒေသ
နေ့ နဲ့ ညကြားမှာ
တစ်စက္ကန့် ပဲခြားတယ်။
တစ်ဒီဂရီနဲ့ 
သုံးရာ့ခြောက်ဆယ်ဒီဂရီကြားမှာ
တစ်ဒီဂရီ ပဲခြားတယ်။
ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲခြားတယ်။
အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲခြားတယ်။
ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲခြားတယ်။
အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲခြားတယ်။
ဟိုဘက်ကိုကူးဖို့ ဆိုတာ
လွယ်လွယ်လေးပါ။
မင်းလူ (1978)
ဆရာမင်းလူရဲ့ ကဗျာကို ဖတ်ပြီးသွားတဲ့အခါ ကျွန်မထပ်ဆင့်ခံစားမိတာလေးကို ဟိုက်ကူပုံစံဖြင့် ရေးချမိပါတော့တယ်။ ဆရာ့ကဗျာကို ထပ်ဆင့်ခံစားပြီးရေးလိုက်ပေမယ့် ကဗျာအပေါ်ခံစားချက်ကတော့ ဆရာမင်းလူထက် လျော့မည်မထင်ပါ။ လက်ရှိခံစားမိသော ကျွန်မနှလုံးသားဖြင့် လောင်းကြေးထပ်ပြီး ရေးမိခြင်းဖြစ်ပါသည်။ အရင်က လျှပ်ကူးမိသော ကဗျာတစ်ပုဒ် ကိုရေးခဲ့ဖူးသဖြင့်
အခုကဗျာက နံပါတ်(၂) ဟု ခေါင်းစဉ်တပ်လိုက်ပါသည်။
လျှပ်ကူးမိသော ကဗျာ (၂)
ကိုယ့်ရဲ့  နှလုံးသား
နယ်စည်းမတား အရောင်များ
သို့ သော် ခြားသည်မို့ ။
မြလေးသျှင်