UAE က ဒူဘိုင်း
                      မနေ့ က Discovery channel ကြည့်မိတော့ ဒူဘိုင်းက အဆောက်အဦးတွေအကြောင်း ရိုက်ပြထားတာ မျက်စိထဲက မထွက်တော့ဘူး။ ကမ်းခြေကိုလည်း ရုပ်ပုံ မြေပုံ သဲသောင်တွေနဲ့  အလှဆင်ထားလိုက်တာ သိပ်လှတာပဲ။ အင်ဂျင်နီယာတွေကလည်း ခက်ခက်ခဲခဲ ပင်လယ်ရေထဲမှာ သဲသောင်ကို ပုံဖော်ရတာတွေ ပြတော့ အလိုလိုနေရင်း အင်ဂျင်နီယာတောင် ဖြစ်ချင်သွားတယ်။ ဒူဘိုင်းကို Tourists တွေ စွဲဆောင်နိုင်အောင် အဆောက်အအုံမျိုးစုံနဲ့ စွဲမက်အောင် တည်ဆောက်ထားတာလည်း အားကျစရာပါပဲ။
ရေခဲနန်းတော်ပုံစံ အတု တည်ဆောက်ထားတဲ့  Ice Bar ရေခဲပန်းပုပြတိုက်ကလည်း သိပ်လှတာပဲ။ အထဲကို ၀င်တဲ့လူတွေက လက်အိတ် အနွေးထည်တွေ တွေဝတ်ပြီး ရေခဲတွေနဲ့ ထုလုပ်ထားတဲ့ ပန်းပုပြတိုက်ထဲဝင်ပြီး ပူနွေးတဲ့အစားအစာတွေ စားနေတဲ့ပုံကလည်း TV ကြည့်နေတဲ့ ကျွန်မကို အလိုလိုနေရင်း ဗိုက်ဆာလာစေတော့တယ်။ ဒါကြောင့်အင်တာနက်ထဲမှာပဲ ဒူဘိုင်းရူခင်းတွေအကြောင်း ရှာကြည့်ပြီးတင်လိုက်ပါတယ်။ ဒီမှာ တင်လိုက်ပါတယ်
http://troths.multiply.com/photos/album/36/
                       ဟိုးတလောက ဒူဘိုင်းရောက်နေတဲ့ ကျွန်မတို့ မြန်မာတွေရဲ့ သတင်းကလည်း မကြားချင်မှအဆုံးပဲနော်။ တော်တော်မျောက်ရှုံးကြတာပဲ။ အသတ်ခံရတဲ့သူနဲ့ ကမ်းခြေမှာ ကဲကြသူတွေနဲ့ သတင်းကို ကြီးနေတာပဲ။ အမှန်ဆို နာမည်ကောင်းနဲ့ ပဲ သတင်းကြီးတာကောင်းတာ။ အခုတော့ သူတို့ မို့ လုပ်ရက်တယ်။ ကဲ သူတို့ မကောင်းတာတွေ ထားတော့…. UAE အကြောင်း စာအုပ်ထဲမှ ဆက်ရှာမှ ပိုသိမှာ
                       ဒူဘိုင်းအကြောင်းရေးရရင် ရှာရင်ရှာနိုင်သလောက် တော်တော်များမည်။
( United Arab Emirates) လို့ ခေါ်တဲ့ UAE ဆိုတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုဟာ 1970 ခုနှစ်တွင်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှု များ (Foreign Direct Investment ) ရရှိလာပြီးနောက် UAE သည် အလျင်အမြန် ဖွံ့ ဖြိုးတိုးတက်လာပါသည်။ အာရှတိုက်တွင် လူသားဖွံ့ ဖြိုးမှု အညွှန်းကိန်း (Human Development Index)  HDI *  မြင့်မားသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။
                       ဗြိတိသျှနှင့် အာရပ်စော်ဘွားများအကြား ချုပ်ဆိုသော 19 ရာစု စစ်ပြေငြိမ်းမှုကို ရည်ညွှန်း၍ ယူအေအီးကို စစ်ပြေငြိမ်းပြည်နယ်များ အဖြစ်ဖြင့် 1971 မတိုင်မီက သိရှိခဲ့ကြပါသည်။ ၁၈ ရာစု မှ ၂၀ ရာစု အစောပိုင်းကာလ ဒေသတွင်းရှိ စော်ဘွားများကို ရည်ညွှန်း၍ ပင်လယ်ဓားပြကမ်းခြေ ဟူသော အမည်နာမကိုလည်း အသုံးပြုခဲ့ကြပါသည်။ ( ကျွန်မစိတ်ထင် အခု ပင်လယ်ဓားပြတွေက ဆိုမာလီယာတွေ ဖြစ်မည်။ )
                      UAE မှာ အုပ်ချုပ်ရေးပြည်နယ်များ (Administrative Divisions ) ခုနှစ်ပြည်နယ်ပါဝင်သည်။ (ကျွန်မတို့ မြန်မာပြည်မှာ အရင်ကတော့ တိုင်းနဲ့ ပြည်နယ်ကြီး  ၁၄ ခု၊ အခုတော့ ၁၅  ပြည်နယ်ဖြစ်သွားသည်။  Union Territories လို့ ခေါ်တဲ့ ပြည်ထောင်စုနယ်မြေများ ဆိုပြီး နေပြည်တော်ကို သတ်မှတ်တယ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေက ဆိုထားလေရဲ့ )
                        ကမ္ဘာပေါ်ရှိ ဖွံ့ ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံများတွင် ရှိသော အဆင့်မြင့်စက်မှူစီးပွားရေး ( Highly Industrilized Economy ) ကို ယူအေအီးက ရရှိပြီးဖြစ်ပါသည်။ ( အင်း ကျွန်မတို့ နိုင်ငံက Least Developed Countries (LDCs)  တိုင်းပြည်ကနေ မတက်သေး) ။ ယူအေအီးက သဘာဝအရင်းအမြစ်ပေါ် မှီခိုအားထားမှုလျော့ ချနေသော်လည်း တိုင်းပြည်စီးပွားရေးပင်မကျေရိုးမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ မှုပင်ဖြစ်နေပါသေးသည်။ (ကျွန်မတို့ နိုင်ငံနဲ့ သဘာဝအရင်းအမြစ်တွေ ရှိတာ သိပ်တူသလိုပဲနော်….. အဲ မတူတာတွေက …….ဆက်လေ့လာဦးမှ)
                        ကြီးမားစွာ ဖွံ့ ဖြိုးလာသော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျယ်ပြန့် လာသော ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တိုးတက်ကြီးထွားလာနေသော ( Service ) ၀န်ဆောင်မှုလုပ်ငန်းက ယူအေအီးစီးပွားရေးကို ပဒေသာစုံစီးပွားရေး (Economy Diversity ) အဖြစ်ကူညီပေးနေကြပါသည်။ လက်ရှိတွင် ဒေါ်လာ(350) ဘီလီယံတန်ဖိုးရှိသော ဆောက်လုပ်ရေး ပရောဂျက်များ တိုင်းပြည်အနှံတွင် ရှိနေပါသည်။ ကမ္ဘာပေါ်တွင် တည်ဆောက်ရေး ကုန်ကျစရိတ် အကြီးမားဆုံးဖြစ်သော လေဆိပ်ပါဝင်သည်။ ကမ္ဘာ့ အမြင့်ဆုံး ဒူဘိုင်းကမ္ဘာ စင်တာ ( Dubai World Center) အဆောက်အဦး ပရောဂျက်၊ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော လူလုပ်ကျွန်းတု ( The Largest Artificial Island ) ပရောဂျက်သုံးခုအပါအ၀င် ကျန်ပရောဂျက်များကတော့ ကမ္ဘာ့ အကြီးဆုံး ဈေးဝယ်စင်တာဖြစ်တဲ့ ဒူတိုင်းမော်လ် (Dubai Mall) နှင့် ဒူဘိုင်း ရဲ့  အလျင်အမြန် ဖွံ့ ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးမည့် လူလုပ်ကျွန်းစူ ( Man-Made Archipelogo) စသည့် Projects များပါဝင်သည်။
 (ကျွန်မတို့ ဆီမှာ သဘာဝအရင်းအမြစ်တွေ ပေါသည် လူတွေလည်းပေါသည်။ လူပေါတွေများလို့ ပဲ တိုင်းပြည်မတိုးတက်တာ ပဲလို့ ပဲ ခံယူမိသည်။ တိုင်းပြည်ကို လူနဲ့ မူမှာ ဖျက်နေတာတွေ များနေသည်။ တစ်ချို့ ကလည်း လူကိုပဲ မဲနေပြီး မူတွေကိုမပြင် မကြည့်ပဲ ဒီလိုနဲ့ ပဲ ဒုံရင်းဒုံရင်း…..)
သျှင်
( References: ကျော်ကျော်ဦး – အရှေ့ အလယ်ပိုင်းမှ ဇောတိကများ (ယူအေအီး၊ ကာတာ၊ ဆော်ဒီ) မှ ကိုးကားပါသည်။ )
                        အချိန်မရလို့  နောက်ဆက်တွဲ ဆက်ရေးပါအုံးမည်။
                       ဒူဘိုင်းအကြောင်းကို ဒူဘိုင်းရောက်နေတဲ့ မြန်မာတွေရေးထားတဲ့အကြောင်းမှာလည်း စုံစုံလင်လင် ရေးထားတာ တော်တော်လေးကောင်းတာတွေ့ ရပါတယ် ။ ဒီမှာဖက်ကြည့်လို့ ရပါတယ်။
 http://myanmar-in-dubai.ning.com/forum/topics/3331307:Topic:52
အတုယူမယ်ဆို၇င်တော.တိုင်းပြည်တိုးတက်ကြီးပွားအောင်လုပ်တဲ.နေ၇ာမှာဒူဘိုင်းကိုနမူနာယူစ၇ာ တွေအများကြီးပါပဲလို့ လဲ ဆိုထားလေရဲ့ ။ သူတို့ က ရောက်နေတဲ့သူတွေဆိုတော့ ပိုသိမှာပါပဲ။
အဲဒီ့ထဲမှာ ကိုပီတာရေးထားတဲ့ ဒူဘိုင်းအကြောင်းလေးက စိတ်ဝင်စားစရာလေးပါ……
                  (တကယ်တော. ဒူဘိုင်းဟာ United Arab Emirates လို.ခေါ်တဲ. အာ၇ပ်စော်ဘွားများ ပြည်ထောင်စု၇ဲ.ခုနှစ်ပြည်နယ်ထဲကပြည်နယ်တစ်ခုသာဖြစ်ပါတယ်။ကျွှန်တော်တို.ဆီက၇ှမ်းပြည်နယ်၊က၇င်ပြည်နယ်တို.လိုပေါ.။ဒါပေမယ်.၇ှိ
သမျှခုနှစ်ပြည်ထောင်ထဲမှာသူကစီးပွားေ၇းအ၇ဖွံ.ဖြိုးတိုးတက်မှုအ၇ှိဆုံးပါပဲ။ပြည်ထောင်စုမြို.တော်ဖြစ်တဲ.
Abudhabi တောင်သူု.လောက်မဖွံ.ဖြိုးပါဘူး။ဘာကြောင်.လည်းဆိုတော. ( ဒီမှာလာပါပြီခင်ဗျာ ) အစဦးဆုံးစော်
ဘွားကမှစပြီးခေါင်းဆောင်တွေဟာအမြင်ကြယ်တယ်၊တိုင်းပြည်ကိုတကယ်ချစ်တယ်၊အနောက်နိုင်ငံတွေနဲ.
တဲ.အောင်ပေါင်းတယ်။ဒူဘိုင်း၇ဲ.ပထမဦးဆုံးစော်ဘွားဟာဗြိတိသျှဘု၇င်မနဲ.အလွန်ကောင်းမွန်တဲ.ဆက်ဆံေ၇း
ထူထောင်နိုင်ခဲ.တယ်လို.ဆိုတယ်။
                                  ခုလက်၇ှိစော်ဘွား၇ှိတ်မိုဟာမက်လက်ထက်မှာတော.ဒူဘိုင်းဟာအာ၇ပ်ကမ္ဘာမှာတော.နိုင်ငံတိုင်းကငေး
ကြည်.၇တဲ.နေအထားကိုေ၇ာက်၇ှိနေပါပြီ။ဒါတွင်မကပဲအာ၇ှကျားတွေဖြစ်တဲ.စင်ကာပူ၊ဟောင်ကောင်၊
ကို၇ီးယားတို.ကိုတောင်ပခုံချင်းယှဉ်နိုင်ပါပြီ။ဒါဟာအပြောမဟုတ်ပါ၊မကြာသေးခင်ကအဲယားဘတ်စ်၇ဲ.နောက်
ဆုံးပေါ်ခ၇ီးသည်တင်လေယာဉ်သစ်ကြီးကိုစင်ကာပူကိုလွဲပြောင်းပေးပွဲမှာစင်ကာပူ၇ဲ.ဖခင်လီကွမ်ယူကိုတိုင်
စင်ကာပူ၇ဲ.ပြိုင်ဘက်ဟာဒူဘိုင်းပဲလို.ပြောသွားခဲ.တာပါ။
              ဒူဘိုင်းဟာအခုလိုအခြေအနေကိုေ၇ာက်ဖို.အတွက်အနည်းနဲ.အများတော.ပေးဆပ်ခဲ.၇တာပါပဲ။ကျွန်တော်မြင်
မိသမျှအချက်တွေကတော.
(၁) စက်မှုအင်အားကြီးနိုင်ငံတွေနဲ.တည်.အောင်ပေါင်းပါတယ်။   တည်.တည်.ပြော
၇ယင်အမေ၇ိကန်၊ဂျာမနီ၊အီတလီ၊အင်္ဂလန်ပေါ.ဗျာ
( ၂ ) တံခါးဖွင်.၀ါဒကျင်.သုံးတယ် ( ဒါပေမယ်.ထိုနိုင်ငံများ
နဲ.အဆင်မပြေယင်တော.ဘယ်သူမှဘာမှလာမလုပ်ပါခင်ဗျာ၊ယနေ.လက်၇ှိကျွန်တော်တို.ေ၇ွှပြည်ကြီး၇ဲ.အ
ခြေအနေပေါ.။
( ၃ ) အ၇ည်အချင်းပြည်.၀တဲ. ၊နိုင်ငံကိုတကယ်တိုးတက်စေချင်တဲ.ခေါင်းဆောင်ကောင်း၇ှိတယ်။
( ၄ ) နိုင်ငံေ၇းတည်ငြိမ်မှု၇ှိတယ်။ အဲဒီအချက်လောက်တွေ၇ှိယင်ကိုပဲတိုးတက်ဖို.လုံလောက်ပြီလို.ထင်ပါတယ်။
ဒါပေမဲ.ဒီလိုအခြေအနေတွေေ၇ာက်လာဖို.အတွက်တော.သူတို.၇ဲ.အာ၇ပ်ယဉ်ကျေးမှု ၊ အစ်စလာမ်ဘာသာတရားရဲ.စံနှုံးတွေတော.အနည်းငယ်ပေးဆပ်ခဲ.ရတာပါပဲ။
                 ဒူဘိုင်းကိုဘာကြောင်. city of sin လို.ခေါ် တာလည်း ၊ပညာတတ်၊ ပိုက်ဆံ၇ှိအနောက်နိုင်ငံသားတွေနဲ.အခြားလစာနည်းနိုင်ငံသားတွေလာရောက်နေထိုင်ပြီးသူတို.ရဲ.မူဆလင်ဘာသာရေးအရအတင်းအကြပ်တားမြစ်
ပိတ်ပင်ထားတဲ.အရက်၊မိန်းမ၊ဒစ္စကိုစတာတွေနဲ.မကောင်းမှုမှန်သမျှအကုန်ရလို.ခေါ်ချင်ကြောင်းပါခင်ဗျား။)
ဒါကြောင့်လည်း ကျွန်မတို့ ဆီက မြန်မာတွေရောက်သွားရင် စိတ်မခိုင်လို့  ပြီးခဲ့တဲ့ သတင်းဆိုးတွေ ကြားရတာ ဖြစ်နိုင်ပါတယ်။
ပို့ ဆောင်ဆက်သွယ်ရေး (Transport in the United Arab Emirate)
                    ဒူဘိုင်းတွင် လမ်းပန်းဆက်သွယ်ရေးအာဏာပိုင် ( Road and Transport Authority )  RTA လို့ ခေါ်ဆိုသည့် ပြည်သူ့ ပို့ ဆောင်ရေး စနစ်ဖြင့် ပို့ ဆောင်ဆက်သွယ်ရေးကွန်ယက်အားလုံးကို တာဝန်ယူထားပါသည်။ RTA  သည် ဒူဘိုင်း၏ မြို့ ပြစနစ်ကို ဖွံ့ ဖြိုးလာစေပါသည်။ ဖွံ့ ဖြိုးမှုပထမလိုင်း (အနီရောင်လိုင်း) သည် 2009 ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးရန် သတ်မှတ်ထားပြီး အ၀ါရောင်လိုင်းဖြစ်သော လက်ရှိဖွံ့ ဖြိုးမှုသည် လူလုပ်ကျွန်းတုများ ဖော်ဆောင်သွားမည်ဖြစ်ပါသည်။                      
                     2007 ခုနှစ် ဇူလိုင်လတုန်းက ဒူဘိုင်းပြည်န်တွင် အီလက်ထရောနစ် အခွန်အကောက်စနစ်သစ်ကို စတင်တီထွင် အသုံးပြုခဲ့ပါသည်။ ၎င်းသည် ရှုပ်ထွေးပွေလီနေသော စီမံခန့် ခွဲမှုအပေါ် နည်းပညာဖြင့် ဖြေရှင်းလိုက်ခြင်းပင်ဖြစ်ပြီး၊ အခွန်ကောက်ခံမှုစနစ်တွင် နည်းပညာကို အလေးထားရွေးချယ် အသုံးပြုလိုက်ခြင်းပင် ဖြစ်ပါသည်။၎င်းစနစ်သစ်ကို အာရပ်ဘာသာစကားဖြင့် စလိစ် (Salik) ဟုခေါ်ဆိုပြီး ရှင်းလင်း ချောမွေ့ ခြင်းဟု အဓိပ္ပါယ်ရပါသည်။
သတင်းဖြန့် ချီရေး  ( Media )
                       ဒူဘိုင်းပြည်နယ်ဟူ၍ ထင်ရှားတိုးတက်လာစေရန် လုပ်ဆောင်နေသော ပထမတန်းစားစက်မှုလုပ်ငန်းများအနက် မီဒီယာသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ဒူဘိုင်းမီဒီယာမြို တော် (Dubai Media City ) သည် ဒူဘိုင်းကို ဒေသအတွင်း အရေးပါသော မီဒီယာရွာ (Media Hub) အဖြစ် ပို့ ဆောင်ပေးခဲ့ပါသည်။ ပုံနှိပ်မီဒီယာအပြင် TV မီဒီယာများ ဖန်တီးလုပ်ဆောင်မှု များနှင့် ကြော်ငြာမားကက်တင်း မီဒီယာများဖြင့် စည်ပင်ကြီးထွားနေပါသည်။
                         နိုင်ငံတကာသတင်းအေဂျင်စီများဖြစ်ကြသော ရိုက်တာ ( Reuters), Associated press, Agence France press, Bloomberg, Don Janes Newswire, CNN နှင့် BBC စသည့် သတင်းဌာနအားလုံး ဒူဘိုင်းမီဒီယာမြို့ တော်တွင် ရှိပါသည်။ ပြည်တွင်း နှင့် ဒေသသတင်းများကို လွတ်လပ်စွာ ရယူပေးပို့ နိုင်ပါသည်။
                         အခုနောက်ပိုင်းမှာ ဒူဘိုင်းကို အမြင်ဆန်းစေတဲ့အဆောက်အအုံသစ်ကတော့ ကမ္ဘာ့ ပထမဆုံး လှုပ်ရှားနေတဲ့  Dynamic Architecture ဖြစ်တဲ့ Rotating Tower ဖြစ်ပါတယ် http://www.dynamicarchitecture.net/home.html မှာ ကြည့်လို့ ရပါတယ်။ အဆောက်အအုံကြီးက သာမန်အဆောက်အအုံတွေလို မဟုတ်ပဲ လှုပ်ရှားနေတဲ့ အဆောက်အအုံဖြစ်ပြီး လေးမျက်နှာအနေအထား fourth dimension ကို လှည့်လည်နေတာ ဖြစ်ပါတယ်။ ရူခင်းတွေကို ဘက်ပေါင်းစုံကနေ ကြည့်လို့ ရပါတယ်။ ဒီအဆောက်အအုံဟာ 2010 မှာ ပြီးမယ်လို့ သိရပါတယ်။  Appartment အတွက် ကြိုတင် Reserve လုပ်လို့ ရပြီလို့ ဆိုပါတယ်။ အသေးစိတ်ကို http://www.dynamicarchitecture.net/21-06-08/new-web_23-06-08/dubai.html မှာကြည့်လိုက်ပါ။ အဲဒီ့ထဲက Download Dubai Brochure  မှာကြည့်လိုက်တော့ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။
                           တိုးတက်လာတဲ့ ခေတ်စနစ်တွေနဲ့  မူစလင်တိုင်းပြည် ဒူဘိုင်းမှာ အကောင်းအဆိုးတွေရောမွှေနေတာ ဘက်စုံကကြည့်မှ ပိုမြင်နိုင်တာပါ။ ဒါပေမဲ.ဒီလိုအခြေအနေတွေေ၇ာက်လာဖို.အတွက်တော.သူတို.၇ဲ.အာ၇ပ်ယဉ်ကျေးမှု ၊ အစ်စလာမ်ဘာသာတရားရဲ.စံနှုန်းတွေတော.အနည်းငယ်ပေးဆပ်ခဲ.ရတာပါပဲ လို့ ကိုပီတာဆိုခဲ့သလို
သျှင်
 References: ကျော်ကျော်ဦး – အရှေ့ အလယ်ပိုင်းမှ ဇောတိကများ (ယူအေအီး၊ ကာတာ၊ ဆော်ဒီ) စာအုပ်မှ 
                    http://myanmar-in-dubai.ning.com/ Dubai ရောက်မြန်မာ Forum မှ   ကိုးကားပါသည်။
                    http://www.dynamicarchitecture.net/
G 7 and G 8 countries
အရင်က G7 G8 ဆိုတာတွေကို သတင်းတွမှာကြားရတော့ ဘာလဲသိချင်စိတ်ဖြစ်မိသည်။
ဒီနေ့ မှသိသည်။ တော်တော်တုံးတဲ့ငါပါလားဟု …
Case သင်တော့မှသိသည်။ လက်စသတ်တော့ အင်အား ကြီးနိုင်ငံတွေ Group ဖွဲ့ ထားတာကိုး-
1.   Canada
2.   French Republic
3.   Federal Republic of Germany
4.   Republic of Italy
5.   Japan
6.   United Kingdom of Great Britain and Northern Ireland
7.   United States of America
8.   Russian Federation
G 7 နိုင်ငံတွေဖွဲ့ ပြီးတဲ့နောက်မှာ Russia ပါထပ်တိုးပြီး G8  ဆိုပြီးဖြစ်လာတယ်-
နောက်ပိုင်းမှာ G 8 + 5 Countries တွေပါ ပါလာတော့မယ်-
The G8 plus the five largest emerging economies has come to be known as G8+5.
ကျွန်မတို့ နိုင်ငံကတော့ အဲသည့်အပေါ်က Highly Industrilised Countries တွေမှာ မပြောနဲ့ 
Newly Industialised Countries ( South Korea, Singapore, Taiwan…)တွေထဲမှာလည်း မပါသေး-  Lesser- Developed Countries (L_D_C)  ထဲမှာပဲရှိသေးသည်။ ဟူး….တော်တော်လိုသေးသည်…..
သျှင်
ထိုင်း နဲ့ မြန်မာ
ဒါပေမယ့်ပေါ့လေ အခုကျွန်မတို့ မြန်မာပြည်ကလူတွေ ထိုင်းမှာ အလုပ်တွေလုပ်နေရတာ              
             တရားမ၀င်တွေရော ဒုက္ခရောက်တာတွေကြားရတိုင်း တော်တော်ရင်နာမိပါတယ်- ဆရာမက အားပေးပြောတာရှိပါသေးတယ်- ကျွန်မတို့ မြန်မာတွေက နိုင်ငံအလိုက်ယှဉ်မယ်ဆိုရင်တော့ ဘယ်လို မှ မတိုးနိုင်ပါ- ဒါပေမယ့် တစ်ဦးချင်း Individual  အလိုက်ဆို ရင်  IQ အရရော မညံ့ပါဘူးလို့  အားပေးပါတယ်- တစ်ခါတစ်လေ ဒီလို စကားတွေကြားရတိုင်း သက်ပြင်းပဲချပြီးငါလည်း ဘာမှမတက်နိုင်ပါလားဟုသာ တွေးနေတော့သည်။ ဒါပေမယ့် လမ်းပျောက်တာတော့မဖြစ်နိုင်- ကျွန်မတို့ တွေလမ်းလွှဲနေတာတော့သေချာလိမ့်မည်။
သျှင်