တို့ ရဲ့ ကမ္ဘာမြေ


ဒီနေ့ ကမ္ဘာမြေနေ့  (Earth day April 22) ဖြစ်လေသည်။ နှစ်စဉ် Google မှာလုပ်နေကျ ရုပ်ပုံလေးတွေ ပြောင်းခဲ့ပေမယ့် မပြောင်းခဲ့တဲ့အဓိပ္ပာယ်ကတော့ ကမ္ဘာ့ မြေရဲ့ သဘာဝပတ်ဝန်းကျင်ကို ကိုယ်စားပြုတဲ့ လိုဂိုလေးတွေပါပဲ။
ကမ္ဘာကြီးမွေးနေ့ လို့ ပြောရလောက်အောင် မြေကမ္ဘာကို ပြုစုစောင့်ရှောက်ရမယ့် ၀တ္တရားများ သတိပြုဖို့  ကျွန်မတို့ လူသားတွေမှာ ကျန်ရှိနေပါတယ်။ လောကတစ်ခုလုံးသာယာဝပြောဖို့ မေတ္တာတရားတွေဖြန့် ဝေဖို့ မေတ္တာပို့ ဆုတောင်းတွေကို ကျွန်မတို့ ဘာသာ သာသနာမှာထဲက သင်ပေးပြီးသားအရာတွေ ဖြစ်ပါတယ်။
သဘာဝအန္တရယ်ဆိုတာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးလောက်တင်မကပဲ ကမ္ဘာလုံးကြီးတစ်ခုထဲမှာ ဟိုတစ်နေရာ၊ ဒီတစ်နေရာ လှည့်ပတ်ဖြစ်နေသည့် ကပ်ဘေးအန္တရယ်များဖြစ်သည့်အတွက် ရှောင်လွဲမရနိုင်ပါ။ ကမ္ဘာမြေကြီးပေါ်မှာ ကျွန်မတို့ နေထိုင်တာ သတိရကောင်း ရနိုင်ပေမယ့် ကမ္ဘာကြီးနေမကောင်းဖျားနာလာပြီဆို ဟပ်ချိုးဟု ချီလိုက်သည့် ချောင်းတစ်ချက်မှသည် မြန်မာပြည်က နာဂစ်မုန်တိုင်းဖြစ်ပေါ်လာသည်ကို မေ့လျှော့နေကြလေသည်။
ဒီနှစ်ပိုင်းအတွင်းဖြစ်ခဲ့သည့် ဟေတီငလျှင်ဆိုရင် သေဆုံးသည့်လူပမဏမှာ တစ်ရာ နှစ်ရာ မဟုတ်၊ သောင်းနဲ့ ချီထက် သိန်းနဲ့ ချီဖြစ်လေသည်။ ကမ္ဘာကြီးမှာ အဖျားတက်လို့  ရုတ်တရက်ထဖြစ်သည့်ရောဂါဆိုးတွေ ၀င်မွှေပြီဆိုရင် ခံစားရသည့်ဝေဒနာဆိုးတွေကို ဘယ်သူများတာဝန်ယူနိုင်ပါ့မလဲ။
ဒီလပိုင်းအတွင်းမှာ သတင်းဆိုးတွေကြားရလို့ စိတ်မကောင်းဖြစ်ရပါသည်။ ပိုလန်သမ္မတစီးလာသည့် နိုင်ငံ့ခေါင်းဆောင်များလေယာဉ်ပျံ ပျက်ကျ၍ ကွယ်လွန်သည့်သတင်းနှင့် မကြားချင်အဆုံးကြားရတဲ့ သင်္ကြန်မှသေဆုံးမှုများအတွက် ကြေကွဲဝမ်းနည်းမှုသတင်းတွေ ကြားခဲ့ရပြီးပါပြီ။
မည်သို့ ပင်ဖြစ်စေ ကျရောက်လာလျှင် မငြင်းဆန်နိုင်သည့် အန္တရယ်ဆိုးမျိုးတွေအတွက် ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ ကျွန်မတို့ မှာတာဝန်ရှိနေတော့သည်သာ…..။ အတွေးအခေါ်စိတ်ကူးကောင်းတဲ့ CVS ဗီဒီယိုဖိုင်လေးထဲမှာ အဓိပ္ပာယ်လေးကို ကြည့်ဖို့ တင်ထားပါတယ်။

ကမ္ဘာမြေကြီးအတွင်း မနေ့ ကလူသားတစ်ယောက် ဖွားမြင်ခဲ့ပါသည်။
ထိုလူသားသည် ကမ္ဘာမြေကို ခြေချလိုက်သည်နှင့် သူ့ အား မြေလေးခံတင်ပေးထားသော ကမ္ဘာမြေအား ကျေးဇူးတင်မိစွာဖြင့် ကမ္ဘာမြေနေ့ အတွက် သဘာဝပတ်ဝန်းကျင်ကို သတိရစွာစောင့်ရှောက်ထိမ်းသိန်းဖို့ အင်အားများတက်စွမ်းသမျှ ဖြည့်မီရန် ရေးမိလိုက်ပါသည်။

ကမ္ဘာမြေငြိမ်းချမ်းပါစေ
လေးစားလျှက်
ယောနိသောမနာသီကာရ
မြလေးသျှင်

ပြောချင်တဲ့ အပင်တွေအကြောင်း


အဲသည့်တောက သစ်ပင်တွေစိမ်းနေပေမယ့် သစ်သီးမသီးဘူး
ဒါဆိုရင်ရော… မင်းလက်ခံနိုင်မှာလား။

နည်းနည်းပိုသွားသလား
အေး… ဒါဆိုရင်ထပ်လျှော့လိုက်ပြီ
သစ်ပင်တွေရှင်သန်ဖို့ ရွှေချပေးဖို့ လိုသလား ??? မမေးပါနဲ့ 
လိုအပ်ရင်သာ ရေလောင်းပေးပါ။

ငါဆိုလိုတာ သစ်ပင်တိုင်း ရေလောင်းခိုင်းတာမဟုတ်
တချို့ တချို့ သော အပင်တွေက ရေလောင်းလို့ မရ
မိုးနတ်မင်းကတောင် သနားလို့ အလွမ်းမျက်ရည်တွေ မြေကျမှ
အနေလှမယ့် အပင်မျိုး။

အင်း..ပြီးတော့ ခက်တော့တာပဲ
တချို့ အပင်တွေက နှင်းဝတ်ရည်တွေ သောက်သုံးသဟ
အဲသည့်အပင်တွေကြားမှာ မင်းက အာဟာရမရရင် ဖြူဖတ်ဖြူရော် ဖြစ်မှပေါ့ကွ။

ဘာ.. အာဟာရဖြစ်ဖို့ ရောဂါ ကာကွယ်ဖို့ ဟုတ်လား
ဓာတ်မြေသြဇာ…ပိုးသတ်ဆေးတွေ တအားမလုပ်ပါနဲ့ ဟာ
လယ်တောမှာ ဆေးဖြန်းဖို့တောသူတစ်ယောက် အဖုံးဖွင့်တုန်း
မူးမေ့ပြီး ဆေးရုံရောက်တာ မင်းမကြားသေးလို့ ပါ။

နောက်ပြီးရှိသေးတယ် အသီးတွေကြီးထွားမှည့်ဝင်းအောင်
ဆေးတို့ ပြီး
မင်းလိမ်ရောင်းမလို့ လား။
မလုပ်ပါနဲ့ ကွာ… ရေရှည်ကျန်းမာရေးအတွက်ပြောတာပါ။

ရိုးရိုးသားသား နွားချေးသာ ဓာတ်မြေသြဇာ ထည့်စမ်းပါ…
အေး…ဈေးကြီးကြီးပေးရတဲ့ ပိုးသတ်ဆေးဖြန်းမှ ရမယ်ဆိုလည်း
ဆေးထပ်မတိုးရစေနဲ့ ပေါ့။

အပင်ကနေ လူကိုသတ်မယ့် အဖြစ်ဆိုး
အပင်တွေရှင်သန်ဖို့ ပိုးသတ်ဆေးက သေလောက်အောင်
ကြေးကြီးပေး ပံ့ပိုးတဲ့အလုပ်မျိုး ငါမုန်းမိသကွာ


သစ်ပင်ပန်းမန်တွေ ရှင်သန်ပြီး ပန်းမျိုးစုံနဲ့ သစ်သီးဝလံတွေ ဝေေ၀ဆာဆာဖြစ်မှ
ငါတို့ နေထိုင်ရာ ဥယျာဉ်မြေဟာ သာယာဝပြောလှမယ် မဟုတ်လား

သူငယ်ချင်းတို့  ဖြစ်နိုင်ရင် အတက်နိုင်ဆုံးကွာ
ငါတော့ ပန်းပျိုးလက်တွေပဲ ဖြစ်ချင်တယ်။

ကျွန်မတို့ နေထိုင်ရာကမ္ဘာ သဘာဝပတ်ဝန်းကျင်အတွက် ခံစားထားတဲ့ကဗျာတစ်ပုဒ်ပါ
{ယောနိသောမနာသီကာရ}
မြလေးသျှင်


လျှောက်ခဲ့ရတဲ့ လမ်းတွေ (၁)



” လရောင်ရဲ့ လှည့်ဖြားမှုဆိုတဲ့စကား ဂျူးဝတ္တ္တ္တှုဖတ်တုန်းက ငါမယုံခဲ့ဘူး ” ဆိုတဲ့  Multiply က ညီမငယ်လေးရဲ့ ကဗျာ တစ်ပုဒ် ကို ဒီနေ့ သွားသတိရမိပါတယ်။ ဒီစကားကို အကြောင်းအရာတိုက်ဆိုင်လို့ ကျွန်မ အမြဲမှတ်မိနေပါတယ်။
ကဗျာထဲက ဂျူး ဆိုတဲ့စကား တိုက်ဆိုင်လို့  ဒီနေ့  စာရေးဆရာမ ဂျူးရဲ့ ဟောပြောပွဲ ကို ကျွန်မ သွားခဲ့မိပါတယ်။ ဆရာမကို မြင်ဖူးတာ ဒုတိယအကြိမ် ရှိသွားပါပြီ…. နာမည်ရင်း Dr. ဒေါ်တင်တင်ဝင်း (ခ) ဆရာမ ဂျူးဟာ ဘာမှ မခြယ်သပဲ ရိုးရိုးအေးအေး ၀တ်ဆင်တက်ပြီး စကားပြောရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းနားထောင်လို့ ကောင်းပါတယ်။ ကျွန်မအတွက်တော့ မရှိမဖြစ်မိုး ၀တ္တု ဖတ်ကတည်းက ဆရာမ ဂျူးရဲ့ စိတ်ဓာတ်တွေရော၊ မိန်းကလေးတစ်ယောက်ဟာ ကိုယ်အားကိုယ်ကိုးချင်တဲ့စိတ်ဓာတ်တွေ ၊ မဟုတ်မခံတဲ့ စိတ်ဓာတ်တွေ၊ အစရှိတဲ့ ဆရာမရဲ့ မရှိမဖြစ်မိုးစာအုပ်ထဲက အမျိုးသမီးတစ်ယောက်ကို အားကျမိခဲ့ပါတယ်။
အမှန်အတိုင်း ၀န်ခံရရင် အိမ်မှာ ဒီစာအုပ်တစ်အုပ်ပဲ  ရှိပါတယ်။ တခြား သူ့ စာအုပ်တွေကို အခုမှ ငှားဖတ်မလို့ ပါ။ အခုတော့ ငှားထားတာ တစ်အုပ်ပဲ ရှိပါသေးတယ်။ ဆရာမ ဂျူးကို ကြိုက်ပါလျှက် မဖတ်ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေထဲမှာ ebook pdf ဖိုင်တွေ အများကြီးရှိလို့ နောက်မှ ဖတ်မယ်ဆိုပြီး မဖတ်ဖြစ်ပဲ အကြွေးတင်နေသူပါ။
မရှိမဖြစ်မိုး စာအုပ်တစ်အုပ်ပဲဖတ်ပြီ့း လွန်ခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ်လောက်က  ပုလဲနက်ဖိုရမ်မှာတောင် ဆရာမ ဂျူးကို မိန်းမသားဝါဒီလို့ ပြောလို့  ဆရာမဘက်က ကျွန်မ ၀င်ငြင်းခဲ့ပါသေးတယ်။
ပုခတ်လွှဲသော လက်များကို အမျိုးသားများက အဲလို နှိမ်ချင်တဲ့စိတ်နဲ့ ပြောတာ ကျွန်မ မခံချင်စိတ်နဲ့ ဝင်ပြောဖြစ်ခဲ့ပါတယ်။ အဲဒီ့တုန်းက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တော့ ရှိပါပြီ။ အခုတော့ ပုလဲနက်ဖိုရမ် မ၀င်တာတောင် ကြာပါပြီ။
ဒီနေ့ ဆရာမ ဟောတဲ့ အကြောင်းအရာက –Eco tourism လို့ ခေါ်တဲ့ ဂေဟစနစ်ကို အကျိုးပြုတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခရီးသွားလာခြင်းအကြောင်းကို စာရေးဆရာရူ့ ထောင့်မှ ဟောပြော တင်ပြခြင်း ဖြစ်ပါတယ်။
Eco- Tourism မတိုင်မီ Geo- tourism ဆိုတဲ့ ဒေသံသရခရီးသွားလာခြင်းက အစပြုခဲ့ပါတယ်။ ဟောပြောတဲ့ခေါင်းစဉ်က သဘာဝပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်နေတဲ့အတွက် ကျွန်မတို့ လေ့လာနေရုံမကပဲ လက်တွေ့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လိုက်နာကျင့်သုံးသင့်တဲ့ အကြောင်းအရာတွေပါ ပါပါတယ်။ Eco tourism တွေဟာ နိုင်ငံခြားတိုးတက်ပြီး တိုင်းပြည်တွေမှာတော့ အရမ်းခေတ်စားနေပေမယ့် ကျွန်မတို့ ဆီမှာတော့ သဘာဝပတ်ဝန်းကျင် ဗဟုသုတဆိုင်ရာမှ အစ အားနည်းချက်များစွာတွေကို ဆရာမ ဂျူးက သူ့ အတွေ့ အကြုံ များစွာက ပြောပြခဲ့ပါတယ်။ ဆရာမဂျူးက ရွှေစက်တော် သွားရာမှာ ဘုရားပေါ်ကနေ ရင်ပြင်အောက်လမ်းကြည့်လိုက်တဲ့အခါမှာ ကြွပ်ကြွပ်အိတ်တွေ စည်းကမ်းမဲ့ စွန့် ပစ်ထားတဲ့အကြောင်းတွေ၊ စည်းကမ်းရှိရှိ အမှိုက်ပုံးကို စနစ်တကျထားသောအခါမှာ ၀မ်းသာလို့ မဆုံးသေးခင် အမှိုက်များကို အမှိုက်သိမ်းသူများက ရေထဲတွင်ပဲ စည်းမဲ့ကမ်းမဲ့ ပြန်လည် စွန့် ပစ်မှုကြောင့် ရွှေစက်တော် ခရီးသ�
�ားခဲ့ရာ မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပုံရကြောင်းပြောပြပါတယ်။

Eco tourism တွေ ဖြစ်ပြီဆိုရင် ချောင်းသာ ငွေဆောင်အစရှိတဲ့ ကမ်းခြေပင်လယ်များသွားလာတဲ့အခါမှာ ဆိုင်တွေမှာ ရောင်းတက်တဲ့ ရေအောက်ကနေငုပ်လို့ ရတဲ့ ရှားပါးနိုင်တဲ့ သန္တာကျောက်တန်း၊ ကျောက်ခက်လေးတွေ မ၀ယ်ပါဘူး လို့ ဆရာမက ပြောပြပါတယ်။
ခရုကမာတွေက အဲလောက် မရှားပါးတဲ့အတွက် ၀ယ်ကြပါတယ် လို့ ပြောပြပါတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကို နောင်မျိုးဆက် ဂေဟ စနစ်ကြီးနဲ့ ကြည့်တဲ့အတွက် တွက်ချက်ရတဲ့အရာများစွာ ရှိပါတယ်။ ကျွန်မ မှတ်မိသလောက် ရေးတဲ့အတွက် မပြည့်စုံပါဘူး။
ဆရာမ ဂျူးကိုယ်တိုင် ဂေဟပညာရှင် မဟုတ်ပဲ စာရေးဆရာရူ့ ထောင့်လေ့လာခဲ့သမျှနဲ့ အတွေ့ အကြုံတွေ ကနေ ဟောပြောမယ်လို့ ဝန်ခံပြီးဟောတာတောင်  အရမ်းဗဟုသုတ ရခဲ့ပါတယ်။

ယောနိသော မနသီကာရ
လေးစားလျှက်
မြလေးသျှင်

ကမ္ဘာမြေအတွက် Earth Day April 22


                      
                            ဒီနေ့ Google ကို ဖွင့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း စိမ်းလန်းတဲ့သစ်တောလေးနဲ့ ရေမြေတောတောင် သဘာဝရုပ်ပုံလေးတွေ့ လိုက်ရသည်။ စိတ်ထဲမှာ ဒီပုံလေးက တော်တော်ချစ်စရာကောင်းသည်။ဆက်ရှာကြည့်တော့ ကမ္ဘာမြေအတွက် Earth Day April 22 ဟု ရေးထားသည်။ပြီးခဲ့တဲ့မတ် 28 ကလည်း Earth Hour လုပ်ခဲ့ကြသေးသည်။ ကမ္ဘာတစ်ဝန်းလုံးက Earth Hour နေ့ မှာ တစ်နာရီကြာ မီးပိတ်ပြီး ရာသီဥတု ပြောင်းလဲမှုအပေါ်
ဆောင်ရွက်မှုကို ထောက်ခံအားပေးခဲ့ကြသည်။ ခေတ်လူငယ်မှာ အဲ့ဒီသတင်းကို ဒီမှာ http://www.khitlunge.org.mm/news/news_detail.aspx?info_id=13912
အခုမှ ဖတ်လိုက်ရတယ် ။ ကျွန်မတို့ ဆီမှာ အထူးမီးပိတ်ပြီး ဆုတောင်းနေစရာမလို ။ နေ့ တိုင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး အမှောင်ချနေရသည်။ တစ်ခုစဉ်းစားမိသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့သူများက ကျွန်မတို့ မြန်မာပြည်ကို လျှပ်စစ်မီး ချွေတာဆုံးဆုကို ဘာလို့ လာမပေးတာလဲဟု။

                           ဒီနေ့  Earth Day April 22 သည်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းဖို့ ရန် အသိပေး လှုံဆော်ပြီး တန်ဖိုးထားတက်ရန် နေ့ တစ်နေ့ အဖြစ်သက်မှတ်ထားလေသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းဖို့ အတွက် Green  Issues များက ကျွန်မတို့ စီးပွားရေးဆိုင်ရာ စာအုပ်များမှာ နောက်ပိုင်းမပါမဖြစ် ဖြစ်လာလေသည်။
                           ဟိုးတစ်လောက ကျွန်မအမှိုက်ပုံး လိုက်ရှာနေတဲ့အကြောင်းရေးတော့ အစ်ကိုတိုးက သူတို့ နိုင်ငံမှာ အမှိုက်ကို ရှစ်မျိုးခွဲထားကြောင်း ဗဟုသုတဖြစ်စရာ ရှုင်းပြသွားပါတယ်။ ဒါလည်း Environment ကို ထိန်းသိမ်းဖို့ အတွက် Recycle လုပ်ရန်အတွက် ကိစ္စတွေလွယ်အောင်လို့ ပါ။
                            Environment ကို ထိန်းသိမ်းဖို့  တစ်ချို့ ကလည်း R ကိစ္စတွေပြောသည်။ R တွေက ချဲ့ ရင် ချဲ့ သလို အတော်များသည်။ တစ်ချို့ ကလည်း 5 R  , 6 R စသည့်ဖြင့်။
                            Reuse (ပြန်သုံး) , Refuse ( မလိုရင် ငြင်းပယ်) ,Restore (ထပ်သိမ်းထား), ( Recycle – အသစ်ပြန်လုပ်) ,Reduce ( လျှော့ ချရန် ), Repair (ပြင်လို့ ရ)……….The best way to deal with waste is to Refuse, Reduce, Reuse, Recycle, Recap, Reclaim, Revive, Recover, Recreate, Repair, Recharge, Reform, Rethink, Rebuild…………. ရေးထားလိုက်တာအများကြီးပင်။
                           
                            ပြီးခဲ့တဲ့ ဆူနာမီ နာဂစ်မုန်တိုင်းတွေက Environment ကြောင့် ဖြစ်ပျက်ခဲ့သည်ကို သတိမူခဲ့ရင် ဒီ ပတ်ဝန်းကျင်ထိန်းသိမ်းရန် ကိစ္စတွေသည် ကျွန်မတို့ နိုင်ငံကပဲတာဝန်ရှိသည် မဟုတ် ။ Earth ကမ္ဘာလုံးကြီးထဲမှာ နေထိုင်တဲ့လူသားအားလုံးတွင် တာဝန်ရှိသည် ဖြစ်သည်။  ကျွန်မတို့ နိုင်ငံက သစ်တောတွေလည်းတော်တော်ပြုန်းတီးနေတဲ့အထဲ နာဂစ်ဖြစ်တော့ တော်တော်ကုန်သွားသည်။ မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်ကိစ္စများ လုပ်နိုင်သည် မလုပ်နိုင်သည့် အဖြစ်များက ထားတော့တပိုင်း။ အရင်ဦးဆုံး သိမှ လုပ်နိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်လို ကိစ္စမျိုးက သူများလုပ်တိုင်း လိုက်လုပ်တိုင်းဖြစ်မည်မဟုတ်။
                               မောင်စူးစမ်းရေးသည့် ဆောင်းပါးတစ်ပုဒ်ထဲတွင် အပိုလို (7) အာကာသယာဉ်မှူး ၀ါလီရှိယာအား ဤကမ္ဘာမြေကြီးကို အာကာသထဲမှ ပြန်ကြည့်သောအခါ မည်သည့်အရာက သင့်အား အမှတ်တရ ဖြစ်စေပါသနည်း ဟု မေးမြန်းကြည့်သောအခါ သူက ” နိုင်ငံနယ်နမိတ် ဆိုတာတွေကို မမြင်ရဘူးဗျာ ” ဟု ပြန်ဖြေသည်။
                               နိုင်ငံ နယ်နမိတ် တိုင်းပြည်အပိုင်းအခြားများကို လူတွေက သတ်မှတ်သည်။ သို့ သော် ရာသီဥတု သဘာဝတောတောင် အပြောင်းအလဲများကိုမူ တဆက်တည်းဖြစ်နေသည့်  ရေမြေတောတောင်သဘာဝများက သတ်မှတ်သည်ဟု ဆိုပါလျှင်  …. ထို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ရာ ထိုလူသားတစ်ဦးတစ်ယောက်ချင်း အပေါ်တွင်ရော အားလုံးသော လူသားများတွင်ပေါ်မှာ တာဝန်ရှိခြင်း ဖြစ်ပေတော့သည်။

                              
ကမ္ဘာမြေကြီးအတွက်
                                
သျှင်
                                      

( သိသလောက်သာ ရှာဖွေရေးတဲ့အတွက် အလိုမကျက ပြန်လည်ဖြည့်စွတ်ပေးကြပါ။)