အရေးကြီးတဲ့ Cultural ပြသာနာ
                  ဒီနေ့ Online စာအုပ်တွေ ၀င်မွှေကြည့်တော့  Cultural Encyclopedia of the Body [Two Volumes] ဆိုတဲ့ စာအုပ်ကိုတွေ့ ပါတယ်။ ခန္ဓာကိုယ်နဲ့ ပက်သက်တဲ့ Cultural စာအုပ်လေးပါ။       
                 Online စာအုပ်တွေက အများကြီးပါ။ ဒါပေမယ့် အဲ့ဒီစာအုပ်မှာ ဒီပဒေါင်းပုံနဲ့ ဆိုတော့ မြန်မာ Cultures အကြောင်းပါမယ်ဆိုပြီး တော်တော်စိတ်ဝင်စားသွားပါတယ်။ ဒါကြောင့် စာအုပ်လေးကို မရမက Download ဆွဲလိုက်ပြီး မြန်မာအကြောင်းဘယ်လိုရေးထားတယ် ဆိုတာ ဖက်ချင်လို့ သေချာ လိုက်ရှာကြည့်ပါတယ်။
                 Neck rings ဆိုတဲ့ လည်ပင်းကွင်းဆွဲထားတဲ့ အကြောင်းရေးထားတဲ့ Page လေးထဲရောက်တော့ ပုံလေးနဲ့ တွေ့ ပါပြီ… အဲ…. အောက်ကစာကြောင်းကို ဖတ်ကြည့်တော့မှ ရင်ကွဲရတော့တာ….စာထဲမှာလေ
( Brass neck rings worn in the traditional style of the Padaung tribe of northern Thailand. Courtesy of Corbis.) တဲ့။ မြန်မာဆိုတဲ့ စာကြောင်းလုံးဝမပါဘူး .ပဒေါင်းဆိုတဲ့စာပါပြီး ထိုင်းမြောက်ပိုင်းက အမျိုးအနွယ်စု ပုံစံရေးထားတာ တွေ့ ရပါတယ်.
                 အပြည့်အစုံရေးထားတဲ့အထဲမှာ ကယန်း (ခ) ပဒေါင်း မျိုးနွယ်စု တွေဟာ မူလက ဗမာလို့ ခေါ်တဲ့ မြန်မာပြည်က ဖြစ်ပြီး ဆက်ရေးမထွက်တော့ဘူး……..သျှင်လည်း နှာစေးလိုက်ဦးမှ အင်္ဂလိပ်လိုပဲ ဖတ်ပေးကြလိုက်တော့နော်…… သူ့ မူရင်းစာထဲက ကူးထားတာ….
                 {The Karen or Padaung tribe lives today in the Mae Hong Son area of northwest Thailand. The term ‘‘Padaung,’’ or ‘‘long necks,’’ refers to their elongated necks due to the multiple brass rings they wear. In early colonial Burma, long before it was officially called Myanmar, the Karen tribe, mainly consisting of farmers in the Irrwaddy and Salween Valleys, was considered a faithful servant of the British. However, after the British left Burma in 1948, many Karen villages were attacked and burned by the Myanmar army. Many Karen escaped to refugee camps in Thailand. There are some families of the Burmese Karen tribe that have now lived in Thailand for almost 300 years. Many have dual citizenship.
             Many Karen no longer practice this custom. But for those who continue to stretch their
necks, there are photographers, tourists, beauty contests, and other carnival events that make this practice a profitable choice. While refugees with long necks seem to be exploited without complaint, the choice is lucrative for tribes people who rely on tourism. }
သျှင်
References: Cultural Encyclopedia of the Body [Two Volumes]
                     အသေးစိတ် ဒီစာအုပ်ကို ဖတ်ချင်ရင် pdf file ကို ဒီမှာ  ကလစ် နှိပ်ပြီးယူလို့ ရပါတယ်။
           (  ဆက်ရေးဖို့ ခွန်အားမရှိတော့ဘူး…… အစ်ကိုဒင်းနစ် ဆက်ရေးပေးရင်သိပ်ကောင်းမှာပဲ…. သူဆို အတွင်းကျကျသိလိမ့်မယ်။ )
မမြင်ရသော ရေခဲတောင် အပိုင်း (တိုက်တန်းနစ် ဘာကြောင့်နစ်)
                                တိုက်တန်းနစ်သင်္ဘော ရုပ်ရှင်ကို လူတိုင်းလိုလိုကြည့်ဖူးကြပါသည်။ တိုက်တန်းနစ်သင်္ဘောနစ်တာ ဘာကြောင့်ဆိုတာထက် သရုပ်ဆောင်တွေကြောင့် ရုပ်ရှင်က ပိုပြီး  အရမ်းနာမည်ကြီးခဲ့ပါတယ်။ အလွန်ကြီးမားလှတဲ့  သင်္ဘောကြီး နစ်ခဲ့တာလည်း ကြာလှပါပြီ ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က အချိန်အထိ ကျွန်မကလည်း ရုပ်ရှင်အဖြစ်လောက်သာ သိရှိခဲ့သည် ပါပဲ။
                            အလွန်ကြီးမားတဲ့ တိုက်တန်းနစ်သင်္ဘောနစ်တာဟာ ဒီလိုအောက်ခြေက ကြီးမားလှတဲ့ ရေခဲတောင်ကို  အပေါ်ယံမှာ သင်္ဘောကပ္ပတိန်တွေက မမြင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ အပေါ်ယံမှာ အရှင်းသားမြင်နေရတဲ့ ရေခဲတောင်တွေဟာ သေးသေးလေးပါ။ ကပ္ပတိန်တွေဟာ သင်္ဘောနဲ့  ကြီးမားလှတဲ့ အဖြူရောင် ရေခဲတောင်ကြီးကို တိုက်မိတုန်း ချက်ခြင်းရှောင်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လမသာတဲ့ အဲဒီ့ ညမှာ သင်္ဘောကပြေးနေတဲ့အရှိန် Speed နဲ့ အောက်ခြေက ကြီးမားလှတဲ့ရေခဲတောင်ကြီးကို ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပဲ သင်္ဘောကြီးတစ်ခုလုံး နစ်မြုပ်ပြီး လူပေါင်းထောင်နဲ့ ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။
                              အခုနောက်ပိုင်းမှာ ကုမ္ပဏီ အဖွဲ့ အစည်းတွေကို စီမံအုပ်ချုပ်ရာမှာ ဒီလို အပေါ်ယံမြင်နိုင်တဲ့ ရေမျက်နှာပြင်ထက်က ရေခဲတောင်နဲ့ အလားတူတဲ့ အဖွဲ့ အစည်းတွေရဲ့   Formal စည်းမျဉ်းဥပဒေ အညီတွေနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေ ရည်မှန်းချက်တွေ ……..တရားဝင် မြင်တွေ့ နိုင်တဲ့ အရာတွေများစွာ ရှိပါတယ်။
                            ဒါပေမယ့် ဒီလိုအပေါ်ယံ ဥပဒေစည်းမျဉ်းတွေလို ဘောင်ဝင်မှ ဆုံးဖြတ်လို့ မရတဲ့  အောက်ခြေက မမြင်နိုင်တဲ့ ရေခဲတောင်နဲ့  တူတဲ့ လူတွေရဲ့ အပြုအမူ (Behaviours )တွေ နဲ့ အများဆုံးဆိုင်တဲ့ လူတွေရဲ့ ခံယူချက်တွေ ထင်မြင်ချက်တွေ ၊ပုန်းအောင်းနေတဲ့ စိတ်သဘောထားတွေဟာ အပေါ်ယံမှာ ထင်သာမြင်သာ မတွေ့ ရပေမယ့် အောက်ခြေရေခဲတောင်မှာ လုံးဝကို ရှိနေပါတယ်။ ဒါ့ကြောင့် အဖွဲ့ အစည်းတွေအနေနဲ့ ဒါတွေကိုပါ ထည့်မစဉ်းစားရင် သင်္ဘောနစ်သလို နစ်မြုပ်နိုင်ကြောင်း အဖွဲ့ အစည်းတွေကို ပြောင်းလဲဖို့ ကြိုးစားရာမှာရော အဖွဲ့ အစည်းတွေရဲ့ Cultures ကိုလေ့လာရာမှာ ဒီလိုမျိုး အပေါ်ယံမှာရော အောက်ခြေက မမြင်နိုင်တာတွေရော ထည့်ပေါင်းပြီးစဉ်းစားမှသာလျှင် မမျှော်လင့်တဲ့အဖြစ်ဆိုးမျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
သျှင်
(ရေခဲတောင်က ရေကလာတာ သူ့ ဘာသာအရည်ပျော်သွားမှာလို့ မစိုးရိမ်ပဲ နေနိုင်ရင်အလွန်ကောင်းပါလိမ့်မည်။ သဘာဝတရားပဲကိုး……. သို့ ပေမယ့် သင်္ဘောကြီးက မနေနိုင်…….)