“ကွမ်းစကား”


ငါ့အဖြစ်က

အသဲပုံနဲ့တူတဲ့ ကွမ်းရွက်လို

ဒါ့အပြင် ထုံးဖြူဖြူလေး သုတ်ပြီးတော့

ခွဲခံထိထားရတဲ့ ကွမ်းသီးစိတ်တွေနဲ့အတူ

မင်း စိတ်တိုင်းကျ ဝါးစားနိုင်တယ်

နောက်ဆုံး မင်းထွေးထုတ်လိုက်တဲ့အခါ

ငါ့ရဲ့ အနီရောင်သွေးတွေကို မြင်ရလိမ့်မယ် ။ ။

မြလေးသျှင်
၃၁.၈.၂၀၁၃

(“ဘလော့ဂ်ဒေး” Blog Dayအတွက် အမှတ်တရ အနေနဲ့ ရေးမိလိုက်ပါတယ်
မျက်လုံးပူစပ်လာလို့ ကွမ်းရွက်အုပ်ဖို့  ကွမ်းရွက်တွေကို ကြည့်မိရာမှ ရေးမိပါတယ် -:
ဆရာသုမောင်ရဲ့ ကွမ်းစကားနဲ့ သိပ်မဆိုင်ပေမယ့် ဒီနာမည်လေးပဲ ယူသုံးလိုက်မိပါတယ်…း)

2 comments on ““ကွမ်းစကား”

  1. Blog Day အမှတ်တရ က နေ … စာတွေ ပြန်ရေးဖြစ်လာတဲ့ …

    Blogger များ ရဲ့ Post တွေ ကို လိုက်လံ ဖတ်ရှုနေပါကြောင်း … 🙂

Leave a comment