“ထုံးဘို မှ တောင်နံရံကပ် ရှေးဘုရားများ ရှိရာ အကောက်တောင်”


 

01 A Kyauk taung
ပြည် ထုံးဘို အကောက်တောင်က ရှေးဘုရားလက်ရာတွေ က တကယ်ကြည်ညိုစရာကောင်းလွန်းလှပါတယ် ရှေးယခင်က လှေကုန်သည်များဟာ အခွန်များ (Customs) ကောက်ခံရာ ဒေသဖြစ်လို့  အခွန်များ ကောက်ခံရာ အကောက်တောင်လို့  နာမည်ထွင်ခေါ်ပါတယ်


“ဟိုးအရင်တုန်းက လှေထိုးသားတွေက အောက်ပြည်က ကုန်တွေကို အထက်အညာဆီ တက်ပြီးကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်။ သူတို့က လေနဲ့ရွက်လွှင့်ပြီး လှေထွက်ရတာဖြစ် တဲ့အတွက်အခုအကောက်တောင်လို့ သတ်မှတ် ထားတဲ့နေရာကိုရောက်ရင် လေတိုက်မယ့်အချိန် ကိုစောင့်ရင်းနဲ့ သူတို့တွေက ဘုရားဆင်းတု တော်ပုံတွေကို ကျောက်တောင်တွေရဲ့ နံရံမှာ ထုထွင်းခဲ့ကြပါ
တယ်။ အဲဒါတွေက အကောက် တောင်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွဲဆောင် မှုတွေထဲက တစ်ခုပါ” ဟု မြန်မာတိုင်း(မ်)မှာ ရေးထားတာလည်း မှတ်သားရသည်။

05 A Kyauk taung

နောက်ပြီး ဒီနေရာဟာ ဧရာဝတီမြစ်ဆိပ်နားနီးတဲ့ လှေများနဲ့ ရေကြောင်းမှ ကုန်သွယ်စီးပွားကူးသန်းရောင်းဝယ်ခဲ့ရာ ဒေသဖြစ်ခဲ့လို့ လည်း စီးပွားဖြစ်ထွန်းခဲ့ဟန်တူပါသည်။
လှေ ကုန်သည်များနှင့်အတူပါလာတဲ့ ကျောက်ဆစ်ပန်းပုပညာရှင်များဟာ
တောင်နံရံမှာ ဘုရားရုပ်ပွားတော်များ အစီအရီ ထွင်းထုခဲ့လေသလားဆိုပြီး
ဆက်လက် စဉ်းစားတွေးနေကြည့်ပါတယ်
02 a kyauk taung


အကောက်တောင် နံရံကပ်ဘုရားများကို ဧရာဝတီမြစ်ကနေ စက်လှေတွေ ပေါ်ကနေ ဖူးရမှာ ဖြစ်ပြီး တောင်ပေါ် ရွှေမြင်တင်စေတီ ဘုရားရှိရာကို တောင်အနည်းငယ်တက်ရမှာ ဖြစ်ပါတယ်။
ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီကတော့ ရှေးကုန်းဘောင်ခေတ်အခါက ထုံးစေတီဖြစ်ခဲ့ပြီး ယခုအခါတွင် ရွှေသင်္ကန်းကပ်ထားခြင်းဖြစ်ပါတယ်။

အရင်ခေတ်အခါက ဘုရားတစ်ထောင် အကောင်တောင်ဆိုပြီး ရှိခဲ့ရာမှ
ယခုအခါ သုံးရာ့ခုနှစ်ဆယ်ကျော်ကျော်ခန့် လောက်သာ ရှိတော့သည်။

အထက်မြန်မာပြည်ကို အင်္ဂလိပ်တွေကျူး ကျော်လာစဉ်
စစ်သူကြီးမဟာဗန္ဓုလ သား မောင်မောင်တင် က အကောက်တောင်ပေါ်ကနေ စစ်သင်္ဘောတွေကို တော်လှန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဒဏ် တွေ ခံရကာ နံရံဘုရားတွေ ဗုံးတွေမှန်ခဲ့ပြီး ပျက်စီးခဲ့ရပါတယ်၊ မိုးရွာသွန်းမှုများလို့ ခြုံတွေကွယ် ၊ ရာသီဥတုဒဏ်တွေကြောင့်
ယခုအခါ ကျောက်တောင် နံရံကပ်ဘုရားပေါင်း သုံးရာ့ခုနှစ်ဆယ် ကျော်ခန့် သာ ဖူးတွေ့ နိုင်မည်ဖြစ်သည် ဟု လမ်းညွှန်က ရှင်းပြပါသည် ။

07
စစ်ဒဏ် မိုးဒဏ် လေဒဏ် ရာသီ
ဥတုဒဏ်များခံခဲ့ရတဲ့ နံရံထက်က ရုပ်ပွားတော်မြတ်များလက်ရာများက ဒီနေ့ခေတ်လက်ရာတွေနဲ့ မတူပါ
တောင်စောင်းနံရံထက် သစ်ပင်ချုံနွယ်များအကြား ရှေးဘုရားလက်ရာများက အလွန် ကြည်ညိုသပ္ပါယ်စရာကောင်းလွန်းလှပါသည်

 

 

အကောက်တောင်မှာ ရုပ်ပွားတော်မြတ်များမှာ မြစ်ကမ်းနားနီးတဲ့ တောင်နံရံကပ်ဘုရားရုပ်ပွားတော်များ ဖြစ်သည့်အားလျော်စွာ  ရေရှည်တည်တံခိုင်မြဲစေရန်

ညောင်ထောက်သည့် ဓလေ့ကိုလည်း တွေ့ မြင်ခဲ့ရသည်။

IMG_9428

ရွှေမြင်တင်စေတီရှိရာသို့ တောင်ပေါ်တက်ရာတစ်လျှောက်

 

ရာင်စုံဝါးချောင်းလေးများကို ရောင်းသူများနှင့် စည်ကားနေသလို ဘုရားဖူးများမှလည်း လိုရာဆုကို တောင်းပြီး ညောင်ထောက်ကြသည်။

 

IMG_1182

 

03 a kyauk taung

အကောက်တောင် နံရံကပ်ဘုရားတွေကို စက်လှေပေါ်ကနေ
ဖူးမျှော်ဓာတ်ပုံရိုက်နိုင်မှာဖြစ်ပါတယ်။

08 a kyauk taung

ပုံပါ ဧရာဝတီမြစ်ကမ်းမှာ ဆိုက်ရောက်ပြီး တောင်ပေါ်ရွှေမြင်တင်စေတီရှိရာကို တောင်အနည်းငယ် တက်ရမှာပါ
တောင်ပေါ်မှာ ဘုရားဖူးပြီးရင် တခြားကားလမ်းနဲ့ ပြန်လို့ ရပါတယ် ။

09 a kyauk taung

နှောင်းလူတို့တည်ထား ထွင်းထုထားခဲ့တဲ့ လက်ရာသေသပ်ပြောင်မြောက်လှတဲ့ တောင်နံရံကပ် ဘုရားရုပ်ပွားတော်မြတ်များအား မြစ်ဧရာမှ သက်သေထူကာ သွားရောက်ဖူးမျှော်နိုင်ပါကြောင်း မျှဝေလိုက်ပါတယ်နော် – – –

Written & PHOTOGRAPHY BY:
Flying^A^

Leave a comment