လက်နက်ကိုင် တိုက်ခိုက်သော ငွေကြေးများ
ကျွန်မကြိုက်တဲ့ ကြော်ငြာလေးတစ်ခုပါ။ ဒီကြော်ငြာကို Bloomberg TV လိုင်းမှာ အမြဲလာလို့ သတိထားမိပြီး မှတ်မိသွားတာပါ။ ကမ္ဘာ့ ငွေကြေး လဲလှယ် ကစားတဲ့ဈေးကွက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ CMS Forex ကုမ္ပဏီ ရဲ့ ကြော်ငြာပါ။
ကမ္ဘာ့ ငွေကြေး ကစားကွက်မှာ ယူအက်(စ်)ဒေါ်လာ (The U.S. Dollar)၊  ဂျပန်ယန်း (Japanese Yen)၊ ဗြိတိသျှ ပေါင် (British Pound) ၊ ယူရို  (Euro)တို့  ငွေကြေး အပြန်အလှန်တိုက်ခိုက်ကြပုံကို ပေါ်လွင်အောင် ပြိုင်ပွဲအနေဖြင့် လှလှပပ ရိုက်ကူးထားပါတယ်။ ရိုက်ကူးထားတာကြာပြီဖြစ်ပေမယ့် အခုထက်ထိ အသက်ဝင်နေတဲ့ ကြော်ငြာဗီဒီယိုလေးတစ်ခုပါ။
http://www.personafilms.com/news/2007/arena_100407.html# ကနေ ရိုက်ကူးတဲ့ ဒါရိုက်တာတွေ၊ Ad Agency စတဲ့ အချက်အလက်များမြင်နိုင်ပါတယ်။
ဗီဒီယိုကို ဒီမှာ http://mevision.multiply.com/video/item/3 သွားကြည့်နိုင်ပါတယ်။
Client
CMS Forex
Director
Yan Vizinberg
Director of Photography
Rutger Storm
Editor
Abigail Honor
Production Company
Persona Films
VFX Company
Quiet Man
Lead CGI Artist
Johnnie Semerad
Ad Agency
Global Advertising Strategies
ဒီပုံလေးကတော့ ရိုက်ကွင်းမြင်ကွင်းပုံစံလေးပါ။ တစ်မိနစ်စာ TV ဗီဒီယို ကြော်ငြာလေးမှာ ငွေကြေးအချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြပုံကို ထိထိမိမိလေး တင်ပြသွားတာပါ။
သံချပ်ကာဝတ်စုံပြည့်ဝတ်ထားသူက  ဗြိတိသျှ ပေါင် ငွေကြေးကို ကိုယ်စားပြုတဲ့ သူပေါ့ ။
ဝတ်ရုံနက်နဲ့ သူရဲကောင်းက ဂျပန်ယန်းငွေ။
ကောင်းဘွိုင်သေနတ်ပစ်မယ့်သူကတော့ US$ ဒေါ်လာ ပေါ့။
ယူရိုငွေကို ကိုယ်စားပြုသူကတော့ ပင်လယ် ဓားပြပုံစံနဲ့ တိုက်တာပေါ့။
ဒီထဲမှာ ဘယ်ငွေကြေးက နိုင်သွားလဲဆိုတာ မပါ ပါဘူး …
ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ငွေကြေးတွေပေါ့….
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
သဘာဝ Vs အလှတရား
လောကမှာလေ သဘာဝအတိုင်းကို ဦးစားပေးဖို့ လား၊ အလှအပကို ဦးစားပေးဖို့ လား မေးခွန်းတွေ ဒီဘိတ်ဖြစ်အောင် မေးလာခဲ့ရင် ဒီဗီဒီယိုလေး ကြည့်ပြီး အတော် တွေးစရာတွေထပ်ပေါ်လာနိုင်ပါတယ်။
ဗီဒီယိုဟာ ကြော်ငြာတစ်ခုပါ။ သိတဲ့အတိုင်း ကြော်ငြာလို့ မထင်ရလောက်အောင်
ကြော်ငြာတဲ့ Dove ကြော်ငြာလေးပါ။ နိုင်ငံခြားကြော်ငြာဖြစ်တဲ့အတွက် ပေးချင်တဲ့ Message က မြင့်လို့ အတော်တွေးယူရပါတယ်။
ဓာတ်ပုံ Photoshop effect တွေနဲ့ ပြသွားလို့ ကြည့်ရတာ အတော်လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Dove ပေးချင်တဲ့ Message ကတော့ သဘာဝအတိုင်းကိုလုပ်ယူတာမျိုးမဟုတ်တဲ့ Real beauty ကိုပေးချင်တဲ့ စာသားလေးတွေနဲ့ ကြောငြာပါ။
ဒီကြော်ငြာလေးကို ကျွန်မဆရာပြောပြလို့ ကြိုက်မိပြီးတင်လိုက်တာပါ။
မြလေးသျှင်